ခန္ဓာကိုယ် ကြံ့ခိုင်သန်မာ စေဖို့ အကျိုးပြုတဲ့ လေ့ကျင့်ခန်းတွေ ၊ အားကစားနည်းတွေ များစွာရှိပါတယ်။ တချို့ လေ့ကျင့်ခန်းတွေက ကြွက်သားအုပ်စု အလိုက် ၊ ဘော်ဒီအစိတ်အပိုင်း တစ်ခုချင်းစီအလိုက် ကြံ့ခိုင်သန်မာစေသလို တချို့ကလည်း ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိတဲ့ Full Body Workout တွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျစ်ကျစ်လစ်လစ်နဲ့ ကြံ့ခိုင်သန်မာ တဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ချင်သူတိုင်း ကစားသင့်တဲ့ အကောင်းဆုံး အားကစားနည်း တွေကို ပြောပြပေးချင်ပါတယ်။

(၁) ဘိုးလင်း

ခန္ဓာကိုယ် ကြံ့ခိုင်သန်မာ

Photo : The Cold Wire

ဘိုးလင်း အားကစားနည်းက ပျော်စရာကောင်းသလို ခန္ဓာကိုယ်ကြံ့ခိုင်သန်မာစေမယ့် အကောင်းဆုံး Workout တွေထဲက တစ်ခုဖြစ်ပါတယ်။ ဘိုးလင်းအားကစားသမား အများစုဟာ လက်ဖျံ ကြွက်သားတွေ သန်စွမ်းကြံ့ခိုင်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဘိုးလင်း ဘောလုံးတွေဟာ အလေးချိန် ၁၆ ပေါင်အထိရှိတဲ့အတွက် Dumbbell လေ့ကျင့်ခန်းတွေလို လက်ဖျံနဲ့ လက်မောင်းကြွက်သားတွေအပေါ် သက်ရောက်မှုရှိစေပါတယ်။ ဒါတင်မကသေးပါဘူး ဘိုးလင်းပစ်ခြင်းဟာ ပခုံးနဲ့ ခြေထောက်ကြွက်သားတွေကိုပါ ကြံ့ခိုင်သန်မာ စေဖို့ ကူညီပေးပါတယ်။

(၂) ဂေါက်

ခန္ဓာကိုယ် ကြံ့ခိုင်သန်မာ

Photo : Bleacher Report

ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်ပြီး အသက်ရှည်ကျန်းမာချင်တယ်ဆိုရင် ဂေါက်ရိုက်ပါလို့ ပြောကြပါတယ်။ ဂေါက်ရိုက်ကစားနည်းဟာ လမ်းများများလျောက်ရတဲ့ အားကစားနည်းတစ်ခုဖြစ်သလို လက်မောင်းနဲ့ ပခုံးကြွက်သားတွေ အဓိအသုံးပြုပြီး ကစားရတာ ဖြစ်ပါတယ်။ လေ့လာမှု တစ်ခုအရ ဂေါက်ရိုက်အားကစားသမားတွေဟာ ကြံ့ခိုင်သန်မာ တဲ့ ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်ထားကြတဲ့အပြင် တခြားသူတွေအတွက် ပျှမ်းမျှ အသက် ၅ နှစ်ပိုရှည်တယ်လို့ ဆိုထားပါတယ်။

(၃) ယောဂ

ခန္ဓာကိုယ် ကြံ့ခိုင်သန်မာ

Photo : Man Body Spirit

ယောဂ လေ့ကျင့်ခန်းတွေဟာ လှုပ်လှုပ်ရှားရှား ပြင်းပြင်းထန်ထန် ကစားရတဲ့ ကစားနည်းတစ်ခု မဟုတ်ပေမယ့် ခန္ဓာကိုယ် ရဲ့ အဓိကကြွက်သားအုပ်စုတွေ ဖြစ်တဲ့ ဝမ်းဗိုက်နဲ့ နောက်ကျော ကြွက်သားတွေအတွက် အကောင်းဆုံးသက်ရောက်မှု ရှိစေပါတယ်။ တချို့ ယောဂ လေ့ကျင့်ခန်းတွေဆိုရင် ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေအပြင် ခြေထောက်နဲ့ ပေါင်ကြွက်သားတွေကိုပါ ကြံ့ခိုင်သန်မာ စေပါတယ်။ ယောဂလေ့ကျင့် ခန်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်လည်း များစွာအကျိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

(၄) အပြေး

ခန္ဓာကိုယ် ကြံ့ခိုင်သန်မာ
Photo : New Lynn Physiotherapy

အပြေးလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိတဲ့ အကောင်းဆုံး အားကစားနည်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကိုယ်အလေးချိန်ကို ထိန်းညှိပေးရုံမက ကယ်လိုရီများများ လောင်ကျွမ်းစေတဲ့အတွက် ဝိတ်ကျချင်သူတွေ ကစားသင့်ပါတယ်။ အပြေးလေ့ကျင့်ခန်းဟာ ခြေသလုံးနဲ့ ပေါင်ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေပြီး အရိုးအဆစ်တွေကို အားကောင်းစေပါတယ်။ လေ့လာမှုတွေအရ တစ်ရက်ကို နာရီဝက်ခန့် အပြေးလေ့ကျင့်ခန်းလုပ်တာဟာ အရိုးပွရောဂါကို ကာကွယ်ပေးပြီး အရိုးအဆစ်တွေကို သန်မာစေဖို့ ကူညီပေးနိုင်ပါတယ်။

Featured Photo : Better Humans