အလေးအပင်များကို ချီမတဲ့အခါမှာ အခန့်မသင့်ရင် ခါးနာတတ်ပါတယ်။ ဒါ့အပြင် တစ်နေကုန် မတ်တပ်ရပ်နေရတဲ့အခါ၊ လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်က ဟန်ချက်မညီဘူးဆိုရင်လည်း ခါးနာတတ်ပါတယ်။ ကွီးတို့က ခါးနာ ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေး ကို ဘယ်လိုမှ ချီမနိုင်မှာမဟုတ်ပါဘူး။

ခါးနာ ခြင်း ဝေဒနာ ကင်းဝေးပြီး ရှော်တီလေး ကို စိတ်တိုင်းကျ ချီမြှောက်နိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြန်လည် ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

ခါးနာ ရှော်တီလေး

Source: Lifemark

အရင်ဦးဆုံး လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီမှာ ချထားပြီးနောက် ဒူးနှစ်ဖက်ကို ထောင်ထားလိုက်ပါ။ ထို့နောက် တင်ပါးကို ပုံပါအတိုင်း အပေါ်သို့ မြှောက်လိုက်ပါ။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့မှ ၄ ကျော့အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

ခါးနာ ရှော်တီလေး

Source: MIT Recreation

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်နေပါ။ ထို့နောက် ညာလက်ကို အပေါ်မြှောက်ကာ အရှေ့သို့ ဆန့်တန်းလိုက်တဲ့အချိန်မှာ ဘယ်ခြေကိုလည်း ပုံပါအတိုင်း မြှောက်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။

ပြီးရင် ခန္ဓာကိုယ်က ဘက်ပြောင်းက တစ်လှည့် ပြန်လုပ်ပေးပါ။ ဘယ် ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့မှ ၄ ကျော့အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

ခါးနာ ရှော်တီလေး

Source: Yahoo

စောစောက နည်းအတိုင်းပဲ ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်ပါ။

ပထမ အနေအထားကတော့ ခါးကို ကော့ထားရမှာ ဖြစ်ပါတယ်။

ထို့နောက် ချက်ချင်းဆိုသလိုပဲ ခါးကို ဂ ငယ် ပုံသဏ္ဍာန် ချက်ချင်းပြောင်းလိုက်ပါ။

ထိုနည်းအတိုင်း ခါးကော့လိုက် ခါးကို ဂ ငယ် ပုံပြောင်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးပါ။ အနေအထား နှစ်ခုပေါင်းမှ တစ်ကြိမ် ပြည့်မှာပါ။ စုစုပေါင်း ၁၅ ကြိမ်​ ၃ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

ခါးနာ ရှော်တီလေး

Source: HK Fitness

ပုံမှာ ပြထားတဲ့ အနေအထားနှစ်ခုရှိတဲ့အနက် တစ်ခုချင်းစီကို စက္ကန့် ၃၀စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၃ ကျော့ ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

ခါးနာ ရှော်တီလေး

Source: Sworkit

ဒီလေ့ကျင့်ခန်းသည်လည်း ခါးနာခြင်းကို သက်သာပျောက်ကင်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ခြေထောက်နှစ်ဖက် စဥ်းကို ထိုင်ပါ။ ထို့နောက် ခြေထောက် တစ်ဖက် အခြားတစ်ဖက်သို့ ထောင်လျက်သားဖြင့် ယှက်ထားလိုက်ပါ။ ထို့နောက် ခါးကို တစ်ဖက်ခြမ်းသို့ စောင်းကာ စက္ကန့်အနည်းငယ်ကြာအောင် ပြုလုပ်ပါ။ စုစုပေါင်း ၃ ကျော့ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၆)

လေ့ကျင့်ခန်း (၆)

Source: Sworkit

ဒီလေ့ကျင့်ခန်းကိုလည်း ခြေထောက်တစ်ဖက်ချင်းစီကို စက္ကန့် ၃၀ ကြာအောင် ပြုလုပ်ပေးသင့်ပါတယ်။ စုစုပေါင်း ၃ ကျော့ခန့် ပြုလုပ်ပေးမယ်ဆိုရင်တော့ ခါးနာခြင်းကို သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။​

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို နှစ်ပတ်ခန့် ပြုလုပ်ပေးမယ်ဆိုရင်တော့ ခါးနာ ခြင်း ပျောက်ကင်းပြီး ရှော်တီ လေးကို အပီအပြင် ချီမနိုင်မှာပဲဖြစ်ပါတယ်။

Featured Image: Freepik