ကွီးတို့ရဲ့ ကြွက်သားတွေ၊ အကြောတွေ တောင့်တင်းနေလို့ ဖြေလျှော့ချင်ပါသလား။ တင်းနေတာတွေ အကုန်လျော့ စေဖို့ဆိုရင်တော့ အကြောလျော့ လေ့ကျင့်ခန်းတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အကြောလျော့ လေ့ကျင့်ခန်းများကို ပုံမှန်အားဖြင့် လေ့ကျင့်ခန်းများ မပြုလုပ်ခင်မှာလည်း ပြုလုပ်ကြပါတယ်။ လေ့ကျင့်ခန်းများ မပြုလုပ်မီ အကြောလျော့ခြင်းကို ပြုလုပ်ခြင်းဖြင့် ကြွက်သားများ ပျော့ပြောင်းကာ အကြောတွေပြေလျော့ပြီး ဒဏ်ရာ ဖြစ်နိုင်ချေကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းများကို ပိုမိုထိရောက်စေပါတယ်။

တင်းနေတာတွေ အကုန်လျော့

Photo : Live Strong

ဒါတွေတင်မသေးဘဲ အကြောလျော့ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်းဖြင့်

  • ခန္ဓာကိုယ်လှုပ်ရှားမှု ပိုမိုကောင်းမွန်လာခြင်း
  • ကိုယ်နေဟန်ထား မှန်ကန်ခြင်းနဲ့ ခန္ဓာကိုယ် ပျော့ပြောင်းခြင်း
  • ကြွက်သားများနဲ့ အဆစ်များ ပိုမိုကောင်းမွန်လာခြင်း
  • ကြွက်သားများဆီသို့ သွေးစီးဆင်းမှု ကောင်းစေခြင်း
  • နေ့စဉ်လုပ်ငန်းဆောင်တာများအား လုပ်ဆောင်နိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း
  • ခါးနာခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ခြင်း
  • စိတ်ဖိစီးမှုများကို လျော့ကျစေခြင်း တို့အပြင်
  • ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း

စတဲ့အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။ ဆက်လက်ပြီးတော့ ကွီးတို့ တင်းနေတာတွေ အကုန်လျော့ ဖို့ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းများကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁) Dynamic Pigeon Stretch

Source : Physio Plus Fitness

ဒီလေ့ကျင့်ခန်းကို တစ်ဖက်လျှင် ၆ ကြိမ်စီ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂) Spiderman Stretch

Source : Movement Enhanced

ဒီလေ့ကျင့်ခန်းကိုလည်း တစ်ဖက်လျှင် ၆ ကြိမ်စီပြုလုပ်ပါ။

လေ့ကျင့်ခန်း (၃) Thread the Needle

Source : Thoracic mobility exercise

ဒီလေ့ကျင့်ခန်းကို စုစုပေါင်း ၁၆ ကြိမ်ခန့် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄) Haft Kneeling Adductor Dip Stretch

Source : AMP Fintenss

ဒီလေ့ကျင့်ခန်းကိုလည်း တစ်ဖက်ကို ၈ ကြိမ်စီ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၅) Side-Lying Windmill

Source : Eric Cressey

ဒီလေ့ကျင့်ခန်းကို တစ်ဖက်စီအတွက် ၆ ကြိမ်စီ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၆) Adductor Rock Back

Source : E3 Rehab Exercise Library

ဒီလေ့ကျင့်ခန်းကို ၈ ကြိမ် ၂ ကျော့ခန့် ပြုလုပ်ပါ။

အခုဖော်ပြပေးလိုက်တဲ့ အကြောလျော့ လေ့ကျင့်ခန်းတွေက ကွီးတို့အိမ်မှာပဲဖြစ်စေ၊ Gym မှာပဲ ဖြစ်စေ၊ နေရာမရွေး ပြုလုပ်နိုင်ပါတယ်။ သို့သော်လည်း မည်သည့်လေ့ကျင့်ခန်းကိုမဆို ပြုလုပ်ရမှာ နည်းစနစ်မှန်ကန်မှုက အရေးအကြီးဆုံး ဖြစ်ပါတယ်။ နည်းစနစ် မှန်ကန်ခြင်းမရှိပါက ထိရောက်မှုမရှိနိုင်တဲ့အပြင် ဆိုးကျိုးများလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူများထံမှ အကူအညီရယူပါ။ နည်းစနစ်မှန်ကန်ပြီး တစိုက်မတ်မတ် လုပ်ဆောင်ခြင်းဖြင့် ကောင်းမွန်သော အကျိုးသက်ရောက်မှုကို အပြည့်အဝ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

Source : Men’s Fitness

Featured Photo : Sunny Health and Fitness