ဂျာမနီ ဘီလူးကြီးလို့ တင်စားခေါ်ဆိုခံရတဲ့ ဘိုင်ယန် ဒီရာသီ ချန်ပီယံလိဂ်မှာ ဘာစီလိုနာ အင်တာမီလန် ပီအက်စ်ဂျီတို့လို အသင်းတွေနဲ့ တွေ့ဆုံထားတာတောင် ရာနှုန်းပြည့် နိုင်ပွဲတွေ ပိုင်ဆိုင်ထားတဲ့ ဘိုင်ယန် ဒီအသင်းက မနေ့ည မန်စီးတီး အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲ ကစားခဲ့တာ (၃)ဂိုး ဂိုးမရှိနဲ့ လုံးဝ အပြတ်အသတ်ကြီးကို အရှံးပေးသွားခဲ့ ရပါတယ်။

nagelsmann tuchel

Photo Credit : Goal

ဘိုင်ယန် နဲ့ မန်စီးတီး တို့ ချန်ပီယံလိဂ် ကွာတားအဆင့်မှာ တွေ့ဆုံရမယ်လို့ မဲခွဲပြီးခဲ့နောက်ပိုင်း ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ ဘိုင်ယန်ကို စီးတီးတို့ ရင်ဆိုင်ဖို့ ခက်ခဲမယ်လို့ ထင်ခဲ့ရပေမယ့် ရုတ်တရက်ကြီး ဘိုင်ယန် နည်းပြ အပြောင်းအလဲ ဖြစ်သွားခဲ့ပြီး နာဂယ်စမန်းနေရာ သူရဲ့ဆရာ တူဟယ်လ် ဝင်ရောက်လာခဲ့ပါတယ်။ နာဂယ်စမန်းက အသင်းကို ပုံစံကောင်းတစ်ခုမှာ ကိုင်တွယ်ထားနိုင်ချိန် သူ့ကို ဖြုတ်ပြီး တူဟယ်လ်ကို ပြောင်းလဲ ခန့်အပ်လိုက်တာက ရေရှည်မှာ အသင်းကို အကျိုးပြုကောင်း အကျိုးပြုနိုင်ပေမယ့် လက်ရှိမှာတော့ တူဟယ်လ်လက်ထက် (၄)ပွဲအပြီးမှာပဲ ဆုဖလား (၂)လုံးအထိ လက်လွတ်ရမယ့် အခြေအနေပါ ဖြစ်သွားခဲ့ရပါတယ်။

tuchel city

Photo Credit : Twitter

မနေ့ညက အယ်တီဟတ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာဆိုရင်လည်း ဂိုးသမား ယန်းဆွန်းမားသာ လက်စွမ်းမပြနိုင်ခဲ့ဘူးဆိုရင် (၃)ဂိုးအထိ ပိုပြတ်သားသွားနိုင်ပြီး ချန်ပီယံလိဂ် 7up တွေထိပါ ဖြစ်သွားနိုင်ပါတယ်။ တကယ်တော့ တူဟယ်လ်က လုံးဝကို အရည်အသွေးရှိတဲ့ နည်းပြတစ်ဦးဆိုတာ ဘယ်လိုမှကို သံသယဝင်စရာ မရှိသလို ချဲလ်ဆီးကိုလည်း လပိုင်းလောက် ကိုင်တွယ်ရင်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တယ် ဆိုပေမယ့်လည်း ဘောလုံးရာသီ အပြီးသတ်ခါနီး လပိုင်းမှ အခုလို အသင်းတစ်သင်းကို ကိုင်တွယ်ရတာက သူ့အတွက် မလွယ်ကူနိုင်ပါဘူး။ ပိုဆိုးတာက မန်စီးတီး က လုံးဝ အကောင်းဆုံးပုံစံ ရရှိနေတဲ့အချိန် ဖြစ်နေတာကြောင့် (3-0) ဆိုတဲ့ ရလဒ်မျိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရင်း ဘိုင်ယန်အနေနဲ့ တူဟယ်လ်နဲ့အတူ ဘွန်ဒက်စ်လီဂါ တစ်ခုတည်းကိုပဲ အာရုံစိုက်သွားရဖွယ်သာ ရှိနေရပါတယ်။

Featured Photo : Twitter Pages