ဘွန်ဒစ်လီဂါကလပ် အော့စ်ဘတ် အသင်း မနေ့ညက ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒစ်လီဂါ ပွဲစဉ်မှာ (၅)ဂိုး (၃)ဂိုးနဲ့ အရှုံးပေးခဲ့ရပြီးနောက် ဘိုင်ယန် ကို ရှုံးတာချင်း အတူတူ သူတို့အသင်း ရှုံးနိမ့်တာက ပီအက်စ်ဂျီ အသင်း ရှုံးနိမ့်တာထက်တော့ ပိုသာလွန်တယ်ဆိုပြီး troll ကာ ခနဲ့သွားခဲ့ပါတယ်။

troll

Photo Credit : Twitter

လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ဘိုင်ယန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပွဲစဉ်အတွင်း (၂)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၃-၀)နဲ့ အရှုံးပေးခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ မက်ဆီ နေမာ ဘာပေတို့လို အကောင်းဆုံး တိုက်စစ်အစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီလို အသင်းမျိုးကို ဂိုးလုံးဝ မပေးရအောင် ကစားနိုင်ခဲ့တဲ့ ဘိုင်ယန်ဟာ ဘွန်ဒစ်လီဂါကလပ် အော့စ်ဘတ် နဲ့ ကစားရချိန်မှာတော့ ပေးဂိုး(၃)ဂိုးအထိတောင် ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။

Augsburg vs psg

Photo Credit : Twitter

ဒီလို အခြေအနေကြောင့် အော့စ်ဘတ်က သူတို့အသင်းအနေနဲ့ ဘိုင်ယန်ကို အရှုံးပေးခဲ့ရသော်လည်း ပီအက်စ်ဂျီက ဘိုင်ယန် ကို တစ်ဂိုးမှ မသွင်းယူနိုင်ပဲ ရှုံးတာရပြီး သူတို့က ဘိုင်ယန်ကို (၃)ဂိုး ပြန်သွင်းယူကာ ရှုံးနိမ့်ခဲ့ရတာမို့ သူတို့ ရှံးနိမ့်ခဲ့ပေမယ့် အကောင်းမြင်စိတ် ရှိနေဆဲပဲလို့ troll လိုက်ရင်း ခနဲ့သွားခဲ့ပါတယ်။

psg beats brest

Photo Credit : Twitter

ဘိုင်ယန် ကို ရှံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရတဲ့ ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ်မက်ဆီကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း (၂)ရာသီဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းက လီဂူးပွဲစဉ်အတွင်း ဘရက်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး မိနစ်(၉၀)ဝန်းကျင်အထိ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ရပြီး သရေပွဲနဲ့ အဆုံးသတ်ဖို့ နီးစပ်ခဲ့ရင်း ဘာပေရဲ့ နောက်ကျဂိုးနဲ့ အဖိုးတန် (၃)မှတ် ပိုင်ဆိုင်ခဲ့ရပါတယ်။

Featured Photo : FC Augsburg’s Twitter