ဒီရာသီ ချန်ပီယံလိဂ်မှာ ကျောက်အောင်ထားတဲ့ လူငယ် နည်းပြ နာဂယ်စမန်းကို ဂျောင်ထိုးပြီး တူဟယ်လ်နဲ့ နှစ်ပါးသွားခဲ့တဲ့ ဘိုင်ယန်ဟာ စီးတီးနဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ် ကွာတားအဆင့်မှာပဲ (၃)ဂိုးပြတ်နဲ့ပင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီရလဒ်နဲ့ ဒုကျော့မှာ ဘိုင်ယန် ပြန်လာနိုင်ပါတော့မလား? ပြန်လာနိုင်မယ်လို့ရော ယုံကြည်နေသေးလား?

bay city

Photo Credit : FC Bayern Munich

ဘာမဆို ဖြစ်သွားနိုင်သေးတယ်လို့ ယုံကြည်မှု အပြည့်နဲ့ ကြုံးဝါးလို့ ရနိုင်ပေမယ့် ဒီအသင်းနဲ့ ဒီအသင်းကြား (၃)ဂိုးကွာ အနေအထားဆိုတာကြီးက ပြန်လာနိုင်ဖို့ အံ့အားသင့်စရာတွေ ဖြစ်လာဖို့ ဖြစ်နိုင်ခြေ အရမ်းနည်းတယ်လို့ပဲ ကောက်ချက်ချချင်ပါတယ်။ စီးတီးက ပကျော့မှာ (၃)ဂိုးအသာနဲ့ အနိုင်ရထားတယ် ဆိုပေမယ့် ဒီပွဲမှာ ပက်ပ်တို့ ရူးကြောင်ကြောင် ကစားသမား အပြောင်းအလဲတွေ လုပ်လာဖွယ် မရှိပဲ တောင့်တင်းတဲ့ အစုအဖွဲ့့တစ်ခုနဲ့သာ သူ့ပြိုင်ဘက်ဟောင်းကြီး တူဟယ်လ်ကို ရင်ဆိုင်လာနိုင်ပါတယ်။

ucl match

Photo Credit : Football365

လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပက်ပ်ရဲ့ မလိုလားတဲ့ ကစားသမား အပြောင်းအလဲကြောင့် တူဟယ်လ်ကို အရှုံးပေးခဲ့ရသော ဖြစ်ရပ်ကို ကောင်းကောင်းကြီး သင်ခန်းစာ ယူထားမှာ သေချာပါတယ်။ နှစ်သင်းလုံးကတော့ လက်ရှိမှာ ချန်ပီယံလိဂ် နဲ့ အမှတ်ပေးပြိုင်ပွဲကြား ဗျာများစရာတွေ ရှိနေပြီး အခု ဒုကျော့မတိုင်ခင်မှာ ဘိုင်ယန်က ဟော့ဖန်ဟင်မ်ကို သရေကျခဲ့လို့ ဒေါ့မွန်နဲ့ အမှတ်က ကပ်သွားခဲ့ပါတယ်။ ဟော့ဖန်ဟင်မ်နဲ့ ပွဲမှာ ဘိုင်ယန်က ပြိုင်ပွဲ (၂)ခုလုံးအတွက် ဖိအားဝင်နေတဲ့ ပုံစံတွေ ရှိနေသလို ကံမကောင်းရင် ချန်ပီယံလိဂ်က ပြုတ်တဲ့အပြင် ဘွန်ဒက်စ်လီဂါမှာပါ ဒေါ့မွန်ရဲ့နောက် ဒုတိယနေရာပါ ရောက်သွားနိုင်ပါတယ်။

city bay

Photo Credit : Manchester Evening News

ဆိုတော့ တူဟယ်လ်အနေနဲ့ သူ ဘိုင်ယန်ကို ကိုင်တွယ်လိုက်ချိန်မှာပဲ ပိုကယ်ဖလားက လစ်သွားတယ် ၊ အခုလည်း ချန်ပီယံလိဂ်မှာလည်း လစ်ဖို့က ကျိန်းသေနေပြီမို့ သူ့လက်ထက်မှာ ဖလားလက်မဲ့ မဖြစ်သွားဖို့ ဘွန်ဒက်စ်လီဂါကိုပဲ အပြည့်အဝ အာရုံစိုက်ထားဖို့ လိုအပ်နေပါတယ်။ အခုပွဲမှာ စီးတီးဖက်ကများ တစ်ဂိုးလောက် စောစောစီးစီး သွင်းလိုက်မယ်ဆိုရင် ပွဲက game over ဖြစ်သွားမှာမို့ ဂျာမန် ဘီလူးကြီး ပြန်လာဖို့ဆိုတာ လုံးဝ impossible ပါပဲ။

Featured Photo : FC Bayern Munich