ပေါလ် ပေါ့ဘာ ဂျုဗင် တပ်စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဒုတိယအကြိမ်အဖြစ် ပြန်လည် ရောက်ရှိလာခဲ့ချိန်မှာတော့ အရင်တစ်ကြိမ်လို ခြေစွမ်းပြဖို့နေနေသာ ဒဏ်ရာဗရပွနဲ့ ရက်ပေါင်းများစွာ အနားယူနေရပါတယ်။

paul pogba

Photo Credit : Youtube

ပေါ့ဘာဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းက မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ဂျုဗင် တပ်စ်ဆီ free transfer နဲ့ ပြောင်းရွှေ့ခဲ့သလို ဆယ်စုနှစ်တစ်ခု အကြာမှာလည်း ယူနိုက်တက်ကနေ ဂျုဗင်ဆီ နောက်တစ်ကြိမ် အလွတ်နဲ့ပဲ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ခုနှစ်တုန်းက ပေါ့ဘာ ဟာ သူရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ဖြတ်သန်းနေရချိန် ဖြစ်နေသလို တွဲဖက် ကစားရတဲ့ ကစားသမားတွေကလည်း တကယ့်ကို ကောင်းပေ့ဆိုတဲ့ players ကြီးတွေ ဖြစ်နေပါတယ်။

paul

Photo Credit : Sky Sports

၂၀၂၂ခုနှစ် နွေရာသီမှာ တူရင်ကို တဖန် ပြန်လည် ရောက်ရှိလာသော ပေါဘာရဲ့ တစ်ကျော့ပြန် အီတလီ ခရီးစဉ်ကတော့ ရာသီကြို ခြေစမ်းပွဲမှာပဲ ဇာတ်လမ်း စတင်ခဲ့ပါတယ်။ ဂျုဗင် ဆီ ပြန်ရောက်ပြီး (၂)ပတ်အကြာမှာပဲ ပေါ့ဘာက ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် (၂)လခန့်အထိ အနားယူရဖို့ အကြောင်းဖန်လာခဲ့ရတဲ့ ပေါ့ဘာ ဟာ ဒဏ်ရာကို ခွဲစိတ်ဖို့ပါ လိုအပ်လာခဲ့တာကြောင့် နောက်ထပ် ရက်ပေါင်း (၁၄၃)ရက်လောက်အထိ အနားယူခဲ့ရပြန်ပြီး ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးနဲ့လည်း လွဲချော်သွားခဲ့ရပါသေးတယ်။

Pogba Juve

Photo Credit : Time News

ဇူလိုင်(၁၁)ရက်နေ့မှာ အသင်းကို ဒုတိယအကြိမ် ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ ပေါ့ဘာက ဖေဖော်ဝါရီ နောက်ဆုံးရက်ဖြစ်တဲ့ (၂၈)ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ တူရင်ဒါဘီပွဲစဉ်မှာ ပွဲကစားခွင့် တဖန် ရရှိလာခဲ့ပြီး အဲ့ဒီနောက် ရိုးမားနဲ့ပွဲကိုလည်း ဆက်လက် ကစားခဲ့ရပါတယ်။ အဲ့ဒီပွဲအပြီးမှာတော့ နောက်ထပ် ပြသာနာတစ်ခု စလာပါတော့တယ်။ အသင်းက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိလို့ ပေါ့ဘာကို ယူရိုပါလိဂ် လူစာရင်းကနေ ချန်လှပ်ခဲ့ကြောင်း ဂျုဗင် ဘက်က ကြေညာပြီး သိပ်မကြာခင်မှာပဲ ပေါ့ဘာဟာ ကြွက်သားပြသာနာကြောင့် နောက်ထပ် တစ်လခန့်လောက် ထပ်မံ အနားယူဖို့ အကြောင်းဖန်လာပြန်ပါတော့တယ်။ ဒီလို အခြေအနေတွေနဲ့ ပေါ့ဘာက ဂျုဗင်တပ်စ်အတွက် တစ်ရာသီလုံး (၃၅)မိနစ်ဝန်းကျင်သာ ကစားပေးထားရပြီး ဆေးကုသရင်းနဲ့ တစ်ပတ်ကို ပေါင်(၁၃၁၀၀၀) အသာအယာ ရရှိနေပါတယ်။

Featured Photo : Football Post