ကွီးတို့က Workout လုပ်ရတာ ဝါသနာပါပါသလား။ အကယ်၍ ကွီးတို့ရဲ့ ချစ်သူလေးကပါ Workout လုပ်ဖို့ စိတ်ကူးရှိတယ်ဆိုရင် နှစ်ယောက်သား အတူတူ Workout လုပ်ကြည့်ပါလို့ အကြံပြုပါရစေ။ ကွီးတို့နဲ့ လေ့ကျင့်ခန်း တွဲလုပ်ဖို့ အဖော်ရှိခြင်းက ပိုမို တက်ကြွစေပြီး ပျော်ရွှင်မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လေ့ကျင့်ခန်းတွေကို ကူညီပေးနိုင်ကာ၊ လေ့ကျင့်ခန်းများ မပျက်ကွက်ဖို့ကိုလည်း အချင်းချင်းလှုံ့ဆော်မှု ပေးနိုင်ပါတယ်။ ဒါ့အပြင် စကီလေးနဲ့ အတူတူ Workout လုပ်ရင် ကွီးတို့ရဲ့ Relationship ကိုလည်း ပိုမို ခိုင်မာလာစေပြီး ပျော်ရွှင်စေပါတယ်။ ဒါ့အပြင် နှစ်ဦးစလုံးအတွက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာသန်စွမ်းစေပါတယ်။

ဒါကြောင့် ကွီးတို့ စကီလေးနဲ့ အတူ ပြုလုပ်နိုင်မယ့် Workout အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း (၁) Wall-Sits

စကီလေးနဲ့ Workout

Photo : Squatwolf

ဒီလေ့ကျင့်ခန်းကို ပြုလုပ်မယ်ဆိုပါက

ပုံမှာပြထားသည့်အတိုင်း ကုလားထိုင်ပေါ်တွင်ထိုင်နေသကဲ့သို့ အနေအထားဖြင့် တစ်ယောက်ကျောကို တစ်ယောက် မှီထိုင်ပါ။ ကွီးတို့ရဲ့ လက်များကို လက်တွဲဖော်ရဲ့ လက်နှစ်ဖက်နဲ့ ချိတ်ထားပါ။ ပေါင်များကို မြေပြင်နှင့်အပြိုင် ထားပြီး ရင်ဘတ်များကို ဆန့်ကျင်ဘက်သို့ ဦးတည်ထားနိုင်ပါတယ်။ နှစ်ယောက်စလုံး တတ်နိုင်သမျှ ဒီအနေအထားမှာ ရှိနေဖို့ အချင်းချင်း စိန်ခေါ်ပါ။ ပင်ပန်းလာတဲ့အခါ အချင်းချင်း ပံ့ပိုးမှုရယူပြီး လေ့ကျင့်ခန်းကို ပြီးမြောက်အောင် ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂) Plank

စကီလေးနဲ့ Workout

Photo : Squatwolf

Plank လေ့ကျင့်ခန်းများက ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုနဲ့ ကြွက်သားတည်ဆောက်မှုတို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းပါပဲ။ ဒီလေ့ကျင့်ခန်းကိုလည်း ကွီးတို့ရဲ့ စကီလေးနဲ့အတူ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်းကိုလုပ်ရာတွင် ကွီးတို့ရဲ့ လက်တွဲဖော်ကို ခန္ဓာကိုယ်ပေါ်သို့ တင်ထားပြီး Plank လေ့ကျင့်ခန်းကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီအနေအထား Plank လေ့ကျင့်ခန်းက အောက်ခြေအတွက် ထပ်လောင်းဖိအားပေးရန် ကောင်းမွန်ပြီး ထိရောက်ပါတယ်။ မှန်ကန်တဲ့အနေအထားနဲ့ ဟန်ချက်ညီမှုအတွက်လည်း ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၃) High-Five Plank

စကီလေးနဲ့ Workout

Photo : Squatwolf

နောက်ထပ် Plank လေ့ကျင့်ခန်းတစ်ခုကိုလည်း ကွီးတို့ စကီလေးနဲ့အတူ ပြုလုပ်နိုင်ပါတယ်။ ဒါကတော့ High-Five Plank ပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း လုပ်ဆောင်ရမှာတော့ Plank အနေအထားအတိုင်း နှစ်ယောက် မျက်နှာချင်းဆိုင် နေရာယူပါ။ ပြီးလျှင် ပုံတွင်ပြထားသည့်အတိုင်း တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားလျက် ဒီလေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ အခြားသော Plank လေ့ကျင့်ခန်းများကို ငြီးငွေ့လာလျှင် ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။

လေ့ကျင့်ခန်း (၄) Push-Ups

စကီလေးနဲ့ Workout

Photo : Squatwolf

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့အကြိုက်တွေ့မှာ သေချာတဲ့ လေ့ကျင့်ခန်းပါပဲ။

လေ့ကျင့်ခန်းကို ပြုလုပ်ရာမှာ ပထမဦးစွာ ကြမ်းပြင်ပေါ်သို့ မှောက်လျက် လေးဘက်ထောက်လိုက်ပါ။ ပုံတွင် ပြထားသည့်အတိုင်း လက်များကို ပခုံးအကျယ်ထက် အနည်းငယ် ပိုကျယ်အောင်ထားပါ။ ထို့နောက် လက်များကို ထောက်ပြီး လုံးလုံးလျားလျား ဆန့်သွားသည်အထိ ဖြည်းဖြည်းချင်း တွန်းတင်ပါ။ ထို့နောက် တစ်ဖန် ရင်ဘတ်နဲ့ ကြမ်းပြင် ထိလုထိခင်အထိ နှိမ့်ချပါ။ (ဒီနေရာမှာ ကွီးတို့ရဲ့ စကီလေးကို ကွီးတို့ရဲ့ မျက်နှာချင်းဆိုင် ပုံမှာ ပြထားတဲ့အတိုင်း နေရာယူစေပါ။ ကွီးတို့ ဒိုက်တစ်ခါထိုးပြီးတိုင်း စကီလေးဆီက အနမ်းဆုလာဒ်လေး တစ်ပွင့် ရယူနိုင်ပါတယ်။)

လေ့ကျင့်ခန်းကို တစ်ယောက်တစ်လှည့် ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၅) Sit-Ups

Photot : Squatwolf

ဒီလေ့ကျင့်ခန်းက Abs ကြွက်သားများအတွက် အထောက်အကူပြုပြီး ချပ်ရပ်သော ဗိုက်သားရရှိစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်နေဟန်ထားကိုလည်း ကောင်းမွန်စေပါတယ်။

ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဦးစွာ မျက်နှာချင်းဆိုင် အနေအထားဖြင့် ကွီးတို့နှစ်ယောက်လုံး ထိုင်လိုက်ပါ။ ခြေထောက်များကို ကြမ်းပြင်တွင် ချထားပါ။ အိပ်ထမတင်ပြုလုပ်တဲ့နေရာမှာ ခြေထောက်မှာ ခံနိုင်ရည်မရှိရင် အခက်အခဲ ရှိနိုင်ပါတယ်။ (ဒီအတွက် အားကစားသမားတော်တော်များများက အတွဲလိုက် အိပ်ထမတင် လုပ်ကြပါတယ်။) ကွီးတို့ရဲ့ ခြေထောက်များကို ပုံမှာ ပြထားတဲ့အတိုင်း အချင်းချင်း ချုပ်နှောင်ထားပါ။ ပြီးလျှင် ခန္ဓာကိုယ်ကို လှဲချထားပါ။ ထို့နောက် လက်များကိုခေါင်းမှာ ထားလျက် ဝမ်းဗိုက်နဲ့ ပခုံးကြွက်သားများကိုသုံး၍ ဖြည်းဖြည်းချင်း ခေါင်းကိုမတ်ပြီး ခန္ဓာကိုယ်ကို မတင်ပါ။ ပြီးလျှင် ဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကို ပြန်ချပါ။ စုံတွဲအလိုက် တစ်ပြိုင်နက်တည်း ပြုလုပ်ပါ။

အခုဖော်ပြပေးလိုက်တာကတော့ စကီလေးနဲ့ အတူတူ Workout လုပ်ချင်တဲ့ ကွီးတို့အတွက် လေ့ကျင့်ခန်း အချို့ပဲ ဖြစ်ပါတယ်။ ဒီလို Workout အတူတူလုပ်ခြင်းက နှစ်ဦးသားအတွက် ကြည်နူးဖွယ် အချိန်ကောင်းလေးတွေ ပိုင်ဆိုင်စေရုံသာမက တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မှု ပိုပြီးတိုးလာစေပါတယ်။

Source : Squatwolf

Featured Photo : Body Transformation