နေ့စဉ် တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လူသားတွေ အနေနဲ့ ကြိုးစားရုန်းကန် နေရတာ တကယ်ကို မလွယ်ကူလှပါဘူး။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေက တစ်နည်း မဟုတ် တစ်နည်းနဲ့ ရနေကြပါတယ်။ လူ့အဖွဲ့အစည်းမှာ ကျင်လည်နေသရွေ့ အဘက်ဘက်ကပေးတဲ့ စိတ်ဖိစီးမှုတွေကို ရှောင်လွှဲလို့ မရပါဘူး။ ထို့အတူ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကြောင့် မလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေ ပါတိုးလာနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မလျှော့ချပါက နောက်ဆက်တွဲ စိတ်ပိုင်းဆိုရာ ဆိုးကျိုးများဖြစ်လာနိုင်ပြီး၊ ကွီးတို့ရဲ့ နေစဉ်ဘဝကို ထိခိုက်လာနိုင်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကိုယ်လက် လေ့ကျင့်ခန်းတွေ နေ့စဉ် ပြုလုပ်ခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်မဲ့ လေ့ကျင့်ခန်းများ ကိုဝေမျှပေးချင်ပါတယ်။

(၁) ခပ်သွက်သွက် လမ်းလျှောက်ခြင်း

စိတ်ဖိစီးမှုနဲ့ လေ့ကျင့်ခန်းမျာ

Photo : Verywell Fit

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်မဲ့ လေ့ကျင့်ခန်းများ ထဲမှ အကောင်းဆုံးနဲ့ အရိုးရှင်းဆုံး တစ်ခုကတော့ ခပ်သွက်သွက် လမ်းလျှောက်ခြင်း ပဲဖြစ်ပါတယ်။ Anxiety and Depression Association of America မှ လေ့လာမှုအချို့အရ ၁၀ မိနစ်လမ်းလျှောက်ခြင်းသည် စိတ်တည်ငြိမ်စေရန်အတွက် လုံလောက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၄၅ မိနစ် သို့မဟုတ် ကြာကြာလမ်းလျှောက်ခြင်းကဲ့သို့ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချရန် အထောက်အကူဖြစ်နိုင်သည်ဟု အချို့သောလေ့လာမှုများက အကြံပြုထားပါတယ်။ လမ်းလျှောက်ခြင်းက အသက်အရွယ်မရွေး လုပ်နိုင်တာကြောင့် နေ့စဉ်အချိန်ပေးပြီး လုပ်သင့်ပါတယ်။

(၂) ပြေးခြင်း

စိတ်ဖိစီးမှုနဲ့ လေ့ကျင့်ခန်းမျာ

Photo : T3

ပြေးခြင်းကလည်း ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ အရိုးအဆစ်များ ကျန်းမာသန်စွမ်းပါက ပြေးခြင်းကို အရှိန်မြှင့်ပြီး ကွီးတို့ရဲ့စိုးရိမ်ပူပန်မှုတွေ ကိုလျော့ချကြည့်ပါ။ မနက်စောစော ထပြီး ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် ပြေးခြင်းက ကွီးတို့ရဲ့ စိုးရိန်ပူပန်ခြင်းတွေကို လျော့ချပေးနိုင်ရုံသာမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ များစွာ အထောက်အကူ ပြုပါတယ်။

(၃) ရေကူးခြင်း

စိတ်ဖိစီးမှုနဲ့ လေ့ကျင့်ခန်းမျာ

Photo : Swimming World

ရေကူးခြင်းဟာ ကွီးတို့ခန္ဓာကိုယ်တစ်ခုလုံးလုပ်ရတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ရေကူးခြင်းက ကွီးတို့ရဲ့ နှလုံးသွေးကြောစနစ်အတွက် ကောင်းမွန်ပြီး ရေသည် လေထက်ပိုမိုသိပ်သည်းပြီး ကုန်းပေါ်မှာထက် ကွီးတို့ရဲ့လှုပ်ရှားမှုများကို ပိုမိုခုခံနိုင်သောကြောင့် ခုခံနိုင်မှုကိုလည်း ပိုမိုအားကောင်းစေပါတယ်။ ရေထဲတွင် စိမ်နေခြင်း သို့မဟုတ် ရေငုတ်ခြင်းတို့က အချို့သောလူများအတွက် အလွန်စိတ်သက်သာရာရစေပြီး စိတ်ဖိစီးမှုကို ပိုမိုကောင်းမွန်စွာ လျှော့ချနိုင်စေနိုင်တယ်လို့ ဆိုပါတယ်။

(၄) စက်ဘီးစီးခြင်း

စိတ်ဖိစီးမှုနဲ့ လေ့ကျင့်ခန်းမျာ

Photo : Times of India

ကွီးတို့အတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်မဲ့ လေ့ကျင့်ခန်းများ ထဲမှ နောက်တစ်ခုကတော့ စက်ဘီးစီးခြင်း ပဲဖြစ်ပါတယ်။ စက်ဘီးစီးခြင်း ဟာ ကွီးတိုအတွက် အရိုးအဆစ်များ သန်မာစေရုံသာမက နှလုံးကျန်းမာရေးကိုပါ အထောက်အကူပြုသော လေ့ကျင့်ခန်းဖြစ်ပါတယ်။ စက်ဘီးစီးမယ်ဆိုရင် အန္တရာယ် ကင်းရှင်းဖို့ အတွက် အထူးသတိပြုရန်လိုပါတယ်။ စက်ဘီးစီး ဦးထုပ်ဆောင်းရန် မမေ့ပါနှင့်။ ကားများကို သတိထားပါ။

(၅) Boxing

exercise

Photo : Muscle & Fitness

ကွီးတို့ တကယ် စိတ်ဖိစီးလာတဲ့အခါ ဒါမှမဟုတ် ရူးသွပ်လောက်အောင် စိတ်ရှုပ်လာတဲ့အခါ တစ်ခုခုကို ရိုက်ချင်ပါသလား။ ကောင်းပြီ၊ ကွီးတို့အနေနဲ့ လက်ဝှေ့အိတ်တစ်လုံးကို ရှာဖွေဖို့ပဲလိုတာပါ။ လက်ဝှေ့ထိုးခြင်းက စိတ်ဖိစီးမှု၊ ဒေါသနှင့် အခြားပြင်းထန်သော စိတ်ခံစားမှုများကို လျော့ကျ လောင်ကျွမ်းစေတဲ့ အံ့သြဖွယ်ကောင်းတဲ့ အကောင်းဆုံးသော လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ Boxing ကလည်း ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

(၆) ယောဂကျင့်ခြင်း

exercise

Photo : Yoga Journal

ယောဂဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်မဲ့ ဖြေဆေးကောင်းတစ်ခုလို့ ဟိုးအရင်ကတည်းက သိထားကြပါတယ်။ ယောဂသည် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အသက်ရှုမှုကို ထိန်းချုပ်နိုင်တဲ့အတွက် စိတ်ကို ကြည်လင်စေပြီး ခန္ဓာကိုယ်ကို ပြေလျော့စေပါတယ်။ ယောဂ ကျင့်စဉ်များ ပိုမိုရေပန်းစားလာသည်နှင့်အမျှ စိတ်ဖိစီးမှုများသော ဘဝများအတွက် အကျိုးကျေးဇူးများကို ပိုမို ရှာဖွေတွေ့ရှိလာကြပါတယ်။ စိတ်ဖိစီးမှုပြေလျော့စေဖို့ အခုမှ ယောဂ စကျင့်မဲ့ ကွီးတို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနဲ့ ကိုယ်နဲ့ ကိုက်ညီမယ့် ​​ယောဂ ကျင့်စဉ်တစ်ခုကို သေချာရွေးချယ်ပြီးမှ စတင်ပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်မဲ့ အကောင်းဆုံးသော ကိုယ်လက် လေ့ကျင့်ခန်းများ ပဲဖြစ်ပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်းများ လုပ်ခြင်းက ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို များစွာ အထောက် အကူပြု သကဲ့သို့ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေး အတွက်လည်း ကောင်းမွန်ပါတယ်။ ဒါကြောင့် နေ့စဉ် အချိန်ပေးပြီး လေ့ကျင့်ခန်းပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : US News

Featured Photo : EVO Fitness