ယောဂလေ့ကျင့်ခန်းတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် များစွာအကျိုးပြုတဲ့ လေ့ကျင့်ခန်းနည်းတစ်ခုပါပဲ။ လှုပ်လှုပ်ရှားရှား ချွေးထွက်များတဲ့ လေ့ကျင့်ခန်း မဟုတ်ပေမယ့်လည်း ခန္ဓာကိုယ်ကြွက်သားအစိတ်အပိုင်း တစ်ခုစီအလိုက် ထိရောက်မှုရှိပြီး စိတ်ကိုလည်း ငြိမ်သက်အေးချမ်းစေကာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတို့အတွက် စိတ်ရောကိုယ်ပါ ကြံ့ခိုင်သန်မာပြီး တက်ကြွလန်းဆန်းမှုတွေ ပေးစွမ်းမယ့် ယောဂ Poses ၅ ခုကို မျှဝေပေးချင်ပါတယ်။
(၁) Frog Pose
Source : Alo Moves – Online Yoga & Fitness Videos
Frog Pose ကစားတဲ့အခါ စိတ်ကိုအတက်နိုင်ဆုံး ဖြေလျော့ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆန့်ထုတ်ကာ တင်ပါးကိုဖွင့်ပြီး ကစားပေးရပါမယ်။ ဒီယောဂ Pose က နောက်ကျောကြွက်သားတွေ တင်းမာမှုကို ပြေလျော့သက်သာစေပြီး ပေါ့ပါးလန်းဆန်းမှုတွေကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။
(၂) Peacock Pose
Alo Moves – Online Yoga & Fitness Videos
Peacock Pose ကတော့ လုပ်ရတာ အနည်းငယ်တော့ ခက်ခဲနိုင်ပါတယ်။ လက်မောင်းကြွက်သားတွေကို အဓိကအားပြုပြီး ကစားပေးရမှာပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေရဲ့ သန်မာမှုကို တိုးစေမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။
(၃) Wheel Pose
Alo Moves – Online Yoga & Fitness Videos
Wheel Pose က ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ညီမျှစေပြီး Core ကြွက်သားတွေရဲ့ ကျစ်လစ်သန်မာမှုကို တိုးစေမယ့် အထိရောက်ဆုံး ယောဂ လေ့ကျင့်ခန်း ဖြစ်ပါတယ်။
(၄) Camel Pose
Alo Moves – Online Yoga & Fitness Videos
Camel Pose လေ့ကျင့်ခန်းက အထိုင်များသူတွေ ကစားသင့်ပါတယ်။ ကျောအောက်ပိုင်း ကြွက်သားတွေတင်းမာမှုကို ပြေလျော့သက်သာစေပြီး ခါးနာခြင်းနဲ့ ခါးကြွက်သားတွေ တောင့်တင်းခြင်းကို သက်သာစေနိုင်သလို ဝမ်းဗိုက်ကြွက်သားတွေကိုလည်း ကျစ်လစ်လာစေမှာ ဖြစ်ပါတယ်။
(၅) Chair Pose
Alo Moves – Online Yoga & Fitness Videos
Chair Pose လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားကို ကောင်းမွန်စေပြီး ခြေထောက် ၊ နောက်ကျောနဲ့ ပခုံးကြွက်သားတွေကို အားကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။
အခုပြောပြတဲ့ ယောဂ လေ့ကျင့်ခန်းတွေကို ကစားပေးခြင်းဖြင့် စိတ်ရောကိုယ်ပါ ကြံ့ခိုင်သန်မာပြီး လန်းဆန်းတက်ကြွတဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
Featured Photo : Yanva yoga