ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးရတတ်ပါတယ်။ ဒီလို စိတ်ဖိစီးမှုများကြောင့် တဖြည်းဖြည်း အချိန်ကြာမြင့်လာတဲ့အခါ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ စိတ်ဖိစီးမှုများကို ဖယ်ရှားကာ စိတ်ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်သင့်ပါတယ်။ ဒီလိုမျိုး စိတ် ဖိစီးမှုများကို ဖယ်ရှားပေးဖို့ရန်အတွက်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း များက အသင့်တော်ဆုံးပါပဲ။

လေ့ကျင့်ခန်း (၁)

man workout

အရင်ဦးဆုံး မတ်တပ်ရပ်နေပါ။ ထို့နောက် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ တင်ပါးကို နောက်ပစ်ပြီး ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ပုံစံအတိုင်း ပြုလုပ်ပေးလိုက်ရပါမယ်။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်လောက် တောင့်ခံထားလိုက်ပါ။ အသက်ရှူသွင်း ရှူထုတ်ခြင်းကိုလည်း ပုံမှန်အတိုင်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၂)

man workout

ပုံပါအတိုင်း ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်ကာ ခါးကို ကော့ထားပြီး မျက်နှာက အရှေ့တည့်တည့်သို့ မျက်နှာမူကာ မေးစေ့ကို အနည်းငယ် မော့ထားပါ။  ထို့နောက် မျက်နှာကို အောက်ချပြီး ခါးကို အပေါ်သို့ ဝိုက်ဝိုက်ကလေး ဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။  ထိုအနေအထားနှစ်ခုကို တစ်လှည့်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်မိနစ်ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

စိတ် လေ့ကျင့်ခန်း

စိတ် ဖိစီးတဲ့အခါ စိတ်တည်စေဖို့အတွက် ဝင်လေ ထွက်လေကို မှန်မှန် ရှူသွင်း ရှူထုတ်ပြုလုပ်ပေးတဲ့ အသက်ရှူ လေ့ကျင့်ခန်း ကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းဆိုတာထက် စိတ်တည်ငြိမ်အောင် တရားထိုင်တဲ့လေ့ကျင့်ခန်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ခါးကို မတ်မတ်ထားပြီး ၃ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပေးလိုက်ပါ။ နေ့စဉ် မှန်မှန်ပြုလုပ်ပေးတဲ့အခါ စိတ်ဖိစီးမှုများ လျော့နည်းသွားပါလိမ့်မယ်။

လေ့ကျင့်ခန်း (၄)

စိတ် လေ့ကျင့်ခန်း

ကြမ်းပြင်ပေါ်တွင် လှဲလျောင်းကာ ညာလက်ကို ရင်ဘတ်ပေါ် တင်ထားပြီး ဘယ်လက်ကို ဝမ်းဗိုက်ပေါ် တင်ထားလိုက်ပါ။  ဝမ်းဗိုက်ဖြင့် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် အသက်ပြင်းပြင်း ပြန်လည်ရှူထုတ်လိုက်ပါ။ ကွီးတို့ရဲ့ ရင်ဘတ်နှင့် ဝမ်းဗိုက်သည် တစ်လှည့်စီ အနိမ့်အမြင့် အတက်အကျ ဖြစ်နေရပါမယ်။  ကွီး တို့အနေနဲ့ စိတ်ဖိစီး မှုများကို အလုံးစုံ ပြေပျောက်သွား စေချင်တယ်ဆိုရင်တော့ ဒီ အသက်ရှူ လေ့ကျင့်ခန်း ကို သုံးမိနစ်မှ ၅ မိနစ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

စိတ် လေ့ကျင့်ခန်း

အရင်ဦးဆုံး ဒူးခေါက်ထားပြီး ဒူးပေါ်တွင် ထိုင်လိုက်ပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို တဖြည်းဖြည်းချင်း အရှေ့သို့ ကိုင်းချလိုက်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ထားပြီးနောက် ပုံပါအတိုင်း အရှေ့သို့ ဆန့်ထုတ်လိုက်ပါ။ ထိုအနေအထားအတိုင်း သင် လုပ်နိုင်သမျှ ကြာကြာလုပ်ပေး ရပါမယ်။ အသက်ကိုလည်း ဖြည်းဖြည်းမှန်မှန် ရှုသွင်းရှုထုတ် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

စိတ် လေ့ကျင့်ခန်း

ရေကူးခြင်းဟာ ကွီးတို့ ခန္ဓာကိုယ်တစ်ခုလုံးလုပ်ရတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ရေကူးခြင်းက ကွီးတို့ရဲ့ နှလုံးသွေးကြောစနစ်အတွက် ကောင်းမွန်ပြီး ရေသည် လေထက်ပိုမိုသိပ်သည်းပြီး ကုန်းပေါ်မှာထက် ကွီးတို့ရဲ့ လှုပ်ရှားမှုများကို ပိုမိုခုခံနိုင်သောကြောင့် ခုခံနိုင်မှုကိုလည်း ပိုမိုအားကောင်းစေပါတယ်။ ရေထဲတွင် စိမ်နေခြင်း သို့မဟုတ် ရေငုတ်ခြင်းတို့က အချို့သောလူများအတွက် အလွန် စိတ်သက်သာရာရစေပြီး စိတ်ဖိစီးမှုကို ပိုမိုကောင်းမွန်စွာ လျှော့ချနိုင်စေနိုင်တယ်လို့ ဆိုပါတယ်။

Source: Menshealth

Featured Image: Mensfitnesstoday