ပြီးခဲ့တဲ့ တစ်ပတ်က အာဆင်နယ်တို့ ဘရိုက်တန်ကို အရေးနိမ့်ပြီးနောက်ပိုင်း မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အလွန် နီးစပ်သွားခဲ့ရပြီး အခုလည်း အာဆင်နယ်က နော်တင်ဟမ်ကို ထပ်ရှုံးခဲ့ရာကနေ စီးတီးက ချယ်လ်ဆီးနဲ့တောင် ကစားရစရာ မလိုတော့ပဲ အမှတ်ကွာဟချက်ကြောင့် စီးတီးက ချန်ပီယံ ဖြစ်သွားခဲ့ရပါတယ်။

arteta

Photo Credit : Twitter

ပက်ပ် ဂွာဒီယိုလာရဲ့လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးရင်း ဂွာကြီးဆီက ပညာတွေ သင်ယူခဲ့ရတဲ့ ကျေးဇူးတွေကြောင့် ဆျာဂွာကြီးအသင်း ချယ်လ်ဆီးနဲ့ ပွဲကို ကစားရခင်မှာပဲ ချန်ပီယံ ဖြစ်သွားဖိုအတွက် အာတေတာက လုပ်ပေးခဲ့တာလားလိုတောင် တွေးမိရပါတယ်။ ဘရိုက်တန်လို အသင်းမျိုးကို ရှုံးတာ အိမ်ကွင်းမှာ ဂိုးအပြတ်အသတ်နဲ့ ရှုံးတာ လက်ခံလို့ရပေမယ့် နော်တင်ဟမ်လို အသင်းမျိုးကိုတော့ အာဆင်နယ်သာ တကယ် သေချာကစားမယ်ဆိုရင် ရှုံးစရာ မရှိနိုင်ပါဘူး။

man city

Photo Credit : Premier League & Man City Twitter

ဒါပေမယ့် တန်းဆင်းရမယ့် အန္တရာယ်ကနေ လွတ်ကင်းရမယ်ဆိုတဲ့ ပြင်းပြသော စိတ်ဓါတ်နဲ့ ကစားသွားတဲ့ နော်တင်ဟမ်က သူတို့ရဲ့ စီးတီးဂရောင်းကွင်းမှာ အာဆင်နယ်ကို (၃)ကြိမ်ဆက်တိုက်အထိ အနိုင်ယူပြီး သူတို့အသင်းက တန်းဆင်းဇုန်ကနေ official လွတ်မြောက်သွားခဲ့သလို စီးတီးကလည်း ချန်ပီယံ ဖြစ်သွားခဲ့ရပါတယ်။ အခုဆိုရင်တော့ မန်စီးတီးက ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတလျှောက် သူတို့ရဲ့ မြို့ခံကလပ် မန်ယူနိုက်တက် တစ်သင်းတည်းသာ လုပ်ဆောင်ထားနိုင်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၃)ကြိမ်ဆက်အဖြစ် ရယူထားနိုင်တဲ့ မှတ်တမ်းကိုပါ လိုက်မီသွားခဲ့ရပြီ ဖြစ်ပါတယ်။

arsenal

Photo Credit : Arsenal Twitter

အာဆင်နယ်အတွက်ကတော့ အသင်းနဲ့ နှစ်အနည်းငယ် ကွာဝေးနေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်ခဲ့တာနဲ့ ဒီရာသီမှာ လပေါင်းများစွာ title challenger အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းတွေကသာ သူတို့အသင်းအတွက် အောင်မြင်မှုတွေ ဖြစ်ခဲ့ရပါတယ်။ အမှတ်ပေးဇယားထိပ်မှာ အချိန်ကြာရှည်စွာ ရပ်တည်ခဲ့ပေမယ့်လည်း အမှတ်ပေးပြိုင်ပွဲဆိုတာ ခရီးရှည်ကြီးဖြစ်လို့ အောက်အသင်းတွေက ပေးတဲ့ ဖိအားဒဏ်တွေ ချန်ပီယံဆုအတွက် ဖိအားဒဏ်တွေ နဲ့ လူအင်အား တောင့်တင်းဖို့ လိုအပ်ခြင်းတွေကိုတော့ အာဆင်နယ်တို့ နောက်ရာသီမှာ ပြင်ဆင်သွားဖို့ လိုပါလိမ့်မယ်။ ဒီရာသီမှာဆိုရင် အာဆင်နယ်တို့အတွက်လည်း title race အတွက် အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပြီဖြစ်လို့ ဒါကို ပြင်ဆင်ပြီး လာမယ့်နှစ်တွေအတွက် အကောင်းဆုံး ပြင်ဆင်ရပါလိမ့်မယ်။

Featured Photo : Arsenal & Man City Twitter