မက်ဆီ နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ debate အလွန်မှာ ဘာပေ နဲ့ ဟာလန်း ဆိုတဲ့ next generation debate တစ်ခုက ပေါ်ပေါက်လာဖွယ် ရှိနေပါတယ်။ ဒါက ဘောလုံး ပရိသတ်တွေကြားမှာ ဘယ်သူက ပိုကောင်းလဲဆိုတာနဲ့ ပတ်သတ်ပြီး ဖြစ်လာနိုင်တဲ့ debate ဆိုပေမဲ့ ကစားသမား နှစ်ဦးကြားမှာတော့ ဒီလိုမျိုးတွေ ရှိမနေတဲ့အပြင် ဟာလန်းကိုယ်တိုင်က ဘာပေကို သူ့လို နော်ဝေသားတစ်ဦးပါ ဖြစ်စေချင်နေပါတယ်။
Kylian Mbappe and Erling Haaland.

Photo Credit : Twitter

ဘာပေ နဲ့ ဟာလန်း တို့ဟာ မက်ဆီ ရော်နယ်လ်ဒိုတို့ ခေတ်အလွန်မှာ မြင်တွေ့လာရနိုင်တဲ့ ပြိုင်ဘက်နှစ်ဦး ဖြစ်ပါတယ်။ ဥရောပ ကစားသမားနှစ်ဦးဖြစ်တဲ့ ဘာပေရော ဟာလန်းရောဟာ တကယ့်ကို ဂိုးသွင်းအားကောင်းလှတဲ့ တိုက်စစ်မှူးတွေဖြစ်ကြောင်း သူတို့ရဲ့ သက်ဆိုင်ရာ အသင်းတွေမှာ သက်သေပြထားနိုင်သလို ဘာပေကတော့ ဟာလန်းထက် အသက်(၂)နှစ်လောက် ကြီးနေတဲ့အပြင် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြုထားတဲ့ ကစားသမား ဖြစ်တာနဲ့အညီ ဟာလန်းထက် ဆုဖလား chances က ပိုများသလို လီဂူးမှာကလည်း ပီအက်စ်ဂျီရဲ့ နေရာကို ခြိမ်းခြောက်နိုင်မဲ့ အသင်းက ခပ်ရှားရှား ဖြစ်နေလို့ ကလပ်အသင်းဘက်မှာပါ ဆုဖလားအတွက် အခွင့်အလမ်းက ပိုသာနေပါတယ်။

mbappe vs haaland

Photo Credit : Marca

ဒါပေမဲ့ ဟာလန်းက ဒီရာသီမှာပဲ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိထားပြီး သူရဲ့ ဂိုးသွင်း စွမ်းရည်တွေကိုလည်း ပြသထားနိုင်တာဖြစ်လို့ နောက်ပိုင်းမှာ ဒီကစားသမားနှစ်ယောက်ရဲ့ အားပြိုင်မှုတွေက မြိုင်ဆိုင်လာဖို့ ရှိလာနိုင်သလို တကယ်လို့များသာ မန်စီးတီးရဲ့ မြို့ခံ မန်ယူနိုက်တက်ကို ကာတာသူဌေးတွေ ဝယ်ယူလိုက်ပြီး ဘာပေကိုပါ ယူနိုက်တက်ဆီ ခေါ်ယူလိုက်မယ်ဆိုရင် ဘာပေ ဟာလန်းတို့ရဲ့ ပြိုင်ဆိုင်မှုက တကယ့်ကို စိတ်ဝင်စားဖွယ်ရာပါ ဖြစ်လာနိုင်ပါတယ်။ သို့ပေမဲ့လည်း ညီတော်လေး ဟာလန်း ကတော့ သူရဲ့ နောင်တော် ဘာပေကို နော်ဝေ ကိုယ်စားပြု ကစားသမား ဖြစ်စေချင်တယ်လို့ ပြောလာပြီး ဘာပေရဲ့ စွမ်းဆောင်မှုတွေကို ချီးကျူးခန်းဖွင့်သွားခဲ့ပါတယ်။

haaland mbappe

Photo Credit : talkSPORT

“ကစားသမားကောင်းတွေ အများကြီး ရှိနေကြပြီး ကီလီယန် အမ်ဘာပေကတော့ သူတို့ထဲက တစ်ယောက်ပါ။ သူက အရမ်းကို သန်မာတယ်။ ပြင်သစ်အသင်းက သူ့ကို ရရှိထားတာ အရမ်း ကံကောင်းတာပဲ။ ကျွန်တော် သူ့ကို နော်ဝေအတွက် ကစားပေးစေချင်တာ။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ပါဘူး။ သူက တကယ့်ကို မယုံနိုင်စရာကောင်းလောက်တဲ့ ကစားသမားပါ” လို့ ဟာလန်းက ဘာပေကို အမွှမ်းတင်သွားခဲ့ပါတယ်။

Featured Photo : Goal