လူတိုင်းက ငယ်ရွယ်နုပျိုမှုကိုသာ လိုလားကြတာပါ။ အသက်အရွယ်ရလာလေ ငယ်ရွယ်မှုကို လိုလားတောင့်တလေပါပဲ။ ငယ်ရွယ်စဥ်အခါတုန်းကလို ဖျတ်လတ်တက်ကြွမှု၊ အသားအရေနဲ့ နုနယ်ပျိုမျစ်မှုတို့ကို လိုချင်ကြတာပါ။ ကွီးတို့က ဆယ်ကျော်သက် အရွယ်တုန်းကလိုမျိုး ငယ်ရွယ်နုပျို သွားချင်တယ်ဆိုရင်တော့ အထိရောက်ဆုံး နည်းလမ်းတစ်ခု ရှိပါတယ်။ ထိုနည်းလမ်းကတော့ အခြား မဟုတ်ပါဘူး၊ Workout ဆော့ ကစားခြင်းပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက် အလား ငယ်ရွယ်နုပျိုသွားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို နေ့စဥ် ဆော့ ကစားပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၁)

man exercise

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်နှင့် လက်နှစ်ဖက်ကို မြှောက်လိုက်ပါ။ ပုံပါအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

man exercise

ဒီလေ့ကျင့်ခန်းကတော့ Plank With Leg Lift ပဲဖြစ်ပါတယ်။ လက်နှစ်ဖက်က ထောက်ထားပြီးနောက် ညာခြေကို ပုံပါအတိုင်း မြှောက်ထားလိုက်ပါ။ စက္ကန့် ၃၀ မှ ၆၀ အထိ ပြည့်တဲ့အခါ ခြေထောက်နှစ်ဖက်ကို ပြောင်းကာ နော်ကထပ် စက္ကန့် ၃၀ မှ ၆၀ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ဆယ်ကျော်သက် ဆော့

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ပေါင်ကြွက်သားနှင့် ခြေသလုံးရှိ ကြွက်သားများအတွက် အထူးကောင်းမွန်စေပြီး သွက်သွက် လက်လက် ဖျတ်ဖျတ် လတ်လတ် လှုပ်ရှားသွားလာနိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်​၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

ဆယ်ကျော်သက် ဆော့

ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ လက်မောင်းကြွက်သားတွေကို ကျစ်လစ်သန်မာ ဖွံ့ဖြိုးစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရင်အုပ်ကြွက်သားတွေကို ကျစ်လစ်သန်မာစေပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်တော့ ကုလားထိုင်၊ သေတ္တာ သို့မဟုတ် ခုံတန်းလျား တစ်ခုရှိရုံနဲ့ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဆယ်ကျော်သက် ဆော့

ဒီလေ့ကျင့်ခန်းလေးကိုတော့ Hand Walkouts လို့လည်း ခေါ်သလို Inchworm လို့လည်း ခေါ်ပါတယ်။ အရင်ဦးဆုံး မတ်တပ်ရပ်ပြီးနောက် ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းချလိုက်ပါ။ ထို့နောက် အရှေ့သို့ တဖြည်းဖြည်း ရွေ့သွားရမှာ ဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၆)

ဆယ်ကျော်သက် ဆော့

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ကားထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ထောက်ထားလိုက်ပါ။ ပြီးသွားတဲ့အခါ ဟိုဘက်ထောက်လိုက် ဒီဘက်ထောက်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Baboon Jump ပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို လိုက်လုပ်ရင်း ငယ်ရွယ်နုပျိုမှုကို ကိုယ်တိုင် မဖန်တီးယူချင်ဘူးလား။

Source: Mensjournal

Featured Image: Fasttalklabs