မနက်စောစော မှာ Workout ပြုလုပ်တာက ကောင်းသလား (သို့) ညနေပိုင်း မှာ Workout ပြုလုပ်တာက ပိုထိရောက်မှု ရှိတာလား။

လေ့လာချက်များအရ အမျိုးသမီးများအတွက် မနက်ခင်းမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ဝမ်းဗိုက်ရှိ အဆီပိုများကို လျော့ချပေးရာမှာ ပိုမို မြန်ဆန်မှု ရှိစေပြီး သွေးပေါင်ချိန်ကိုလည်း မှန်ကန်အောင် ထိန်းညှိပေးနိုင်တယ်လို့ သိရှိရပါတယ်။ အမျိုးသားများကျပြန်တော့ အမျိုးသမီးများနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ညနေပိုင်းမှာ Workout ပြုလုပ်ခြင်းက ဝိတ်အမြန်ကျစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့အတွက် အသင့်တော်ဆုံးနဲ့ အကျိုးအရှိဆုံး အချိန်ကို အမျှော်အမြင်ကြီးစွာ ရွေးချယ် တတ်ဖို့ လိုအပ်ပါတယ်။

ညနေပိုင်း မှာ လေ့ကျင့်ခန်း ပြုလုပ်မယ်လို့ ဆုံးဖြတ်ထားရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်တာက ထိရောက်မှု အရှိဆုံးပါပဲ။

လေ့ကျင့်ခန်း (၁)

man exercise

ပထမဦးဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Jumping Jacks လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းကိုတော့ အကြိမ် ၅၀ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

man exercise

ဒုတိယ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Squats လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ အကြိမ် ၃၀ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

man exercise

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ High Knees လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ အဆီပိုတွေကို လျော့ကျသွားစေဖို့ ကူညီပေးပါလိမ့်မယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

ညနေပိုင်း Workout

နောက်တစ်ကြိမ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Lunges လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင်တော့ ခြေထောက် တစ်ဖက်စီကို ၂၅ ကြိမ် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်.

လေ့ကျင့်ခန်း (၅)

ညနေပိုင်း Workout

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ နံရံကို မှီကာ ပြုလုပ်ရမယ့် Wall Sit လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၁ မိနစ်တိတိ ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

လေ့ကျင့်ခန်း (၆)

ညနေပိုင်း Workout

နောက်ထပ် ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းကတော့ Push Ups လို့ ခေါ်တဲ့ ဒိုက်ထိုး လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ အကြိမ် ၂၀ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၇)

ညနေပိုင်း Workout

ဝမ်းဗိုက်က အဆီပိုတွေကို မြန်မြန်ကျချင်တယ်ဆိုရင်တော့ Crunches လေ့ကျင့်ခန်းကို အကြိမ် ၅၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ နည်းစနစ် မှန်မှန်နဲ့ ဝမ်းဗိုက် ကြွက်သားများကို ညှစ်ကာ သေချာ ပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၈)

ညနေပိုင်း Workout

နောက်ဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Plank ထောက်ရမှာပဲဖြစ်ပါတယ်။ Plank ထောက်တာကိုတော့ ၁ မိနစ်တိတိ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း အစကနေ အဆုံးအထိ ပြုလုပ်ပြီးသွားရင်တော့ တစ်ကျော့ ပြည့်သွားပါပြီ။ ကွီးတို့အနေနဲ့ မိနစ် အနည်းငယ်လောက် နားကာ နောက်ထပ် ၂ ကျော့၊ ၃ ကျော့လောက် ပြုလုပ်ပေးနိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို ညနေခင်း အချိန်အခါမှာ Workout လေ့ကျင့်ခန်းအဖြစ် ပြုလုပ်ဖို့ ရယ်ဒီပဲလားဗျို့။

Source: Menshealth

Featured Image: Gq-magazine.co.uk