အမြဲတမ်း ဆိုသလို တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲမှုကို ခံစားနေရပါသလား။ ကွီးတို့ ခံစားနေရတဲ့ ညောင်းညာ ကိုက်ခဲမှု ဝေဒနာကို အဝေး သို့ လွှင့်စင်သွားအောင် မလွှင့်ပစ်ချင်ဘူးလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို လိုက်လုပ်နိုင်ပါတယ်။

ဒီ လေ့ကျင့်ခန်းများက ကွီးတို့ရဲ့ ညောင်းညာ ကိုက်ခဲမှုတွေကို အဝေး သို့ လွှင့်စင်သွားအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

လမ်းလျှောက်ပါ

လမ်းလျှောက်ပါ

ထွေထွေထူးထူး လေ့ကျင့်ခန်းတွေ မလုပ်နိုင်ဘူး ဆိုရင်တောင်မှ လမ်းပုံမှန် လျှောက်ပေးဖို့ လိုအပ်ပါတယ်။ လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် သက်သောင့်သက်သာရှိတဲ့ ဖိနပ်တစ်ရံ ရှိရုံနဲ့တင် ပြုလုပ်နိုင်ပါတယ်။ လမ်းလျှောက်ခြင်းကြောင့် ကွီးတို့ရဲ့ ခန္ဓာကိုယ် အရိုးအဆစ်များ ညောင်းညာ ကိုက်ခဲနေတာတွေ ပြေပျောက်သွားမှာပဲ ဖြစ်ပါတယ်။

ရေကူးပါ

ရေကူးပါ

ရေကူး အားကစားကလည်း ကွီးတို့ရဲ့ အရိုးအဆစ်များနဲ့ ကြွက်သားများအတွက် အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် လေးဘက်နာနဲ့ ကြွက်သား အဆစ်အမြစ်များ နာကျင်ကိုက်ခဲတတ်သူများအတွက် ရေကူး လေ့ကျင့်ခန်းက ထိရောက်မှု ရှိတဲ့ လေ့ကျင့်ခန်း တစ်ခုပဲဖြစ်ပါတယ်။

ယောဂ ကစားပါ

ယောဂ ကစားပါ

ယောဂ လေ့ကျင့်ခန်းများက ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ နာကျင် ကိုက်ခဲမှုတွေကို ယူပစ်သလို ပျောက်ကင်းသွားစေမယ့် လေ့ကျင့်ခန်း အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

ထိုက်ကျိ ဆော့ပါ

ညောင်းညာ အဝေး

ယောဂ လေ့ကျင့်ခန်းများလိုပဲ ထိုက်ကျိ ကစားခြင်းသည်လည်း ကွီးတို့ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သန်မာလာအောင် ကူညီပေးနိုင်ပါတယ်။ တစ်ပတ်လျှင် နှစ်ကြိမ်လောက် ထိုက်ကျိ ကစားပေးရုံနဲ့တင် နာကျင်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခန္ဓာကိုယ် တောင့်တင်းနေခြင်းတို့မှ ကာကွယ်ပေးနိုင်တယ်လို့ နယူး အင်္ဂလန် ဆေးသိပ္ပံဂျာနယ်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Pilates လေ့ကျင့်ခန်းများ ပြုလုပ်ပါ

ညောင်းညာ အဝေး

ဒီအားကစားကတော့ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ အားကစားတစ်ခုပဲ ဖြစ်ပါတယ်။ သူကတော့ ဘာအတွက် ကောင်းလဲဆိုရင် နောက်ကျော နာခြင်း၊ ခါးနာခြင်းတို့အတွက် အထူး ကောင်းမွန်ပါတယ်။ ပြန်လည် ထူထောင်ရေး ပြုလုပ်ကြတဲ့ လူနာတွေအကုန်လုံးလည်း Pilates လေ့ကျင့်ခန်းများကိုသာ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

အကြောလျော့ လေ့ကျင့်ခန်းများ ပြုလုပ်ပါ

ညောင်းညာ အဝေး

အကြောလျော့ခြင်းကို ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို အလွယ်လေး ပြုလုပ်နိုင်ပါတယ်။ အကြောလျော့ လေ့ကျင့်ခန်းများအားလုံးသည် နာကျင်ခြင်းကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။ အချိန်အကြာကြီး ထိုင်တတ်တဲ့ ကွီးတို့အနေနဲ့ အကြောလျော့ လေ့ကျင့်ခန်းကို မကြာခဏ ဆိုသလို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ဂေါ့ဖ်ရိုက်ပါ

ညောင်းညာ အဝေး

ဂေါ့ဖ်ရိုက်ခြင်းကို ဇိမ်ခံနည်းတစ်ခုလို့သာ သတ်မှတ်ထားရင်တော့ ကွီးတို့ အမှားကြီး မှားသွားပါလိမ့်မယ်။ ဂေါ့ဖ်ရိုက်ခြင်းကလည်း ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဘော်ဒါတွေ အချင်းချင်း အားလပ်ရက်မှာ စုဆုံပြီး ဂေါ့ဖ်ရိုက်မယ်ဆိုရင် လူမှု ပေါင်းသင်းဆက်ဆံရေးအတွက်လည်း ကောင်းသလို၊ ကွီးတို့ရဲ့ နောက်ကျော ကြွက်သားများအတွက်လည်း ကောင်းမွန်ပါတယ်။ ဂေါ့ဖ်ရိုက်ရင်း လမ်းလည်း တစ်ခါတည်း လျှောက်ဖြစ်သွားတာ ဆိုတော့ တစ်ချက် ခုတ်၊ သုံးချက်ပြတ်ပါပဲ။

ကွီးတို့ရော အခု ဖော်ပြသွားတဲ့ အားကစားတွေထဲက ဘယ်အားကစားကို ပြုလုပ် ဖြစ်ပါသလဲ။

Source: Painscale

Featured Image: Menshealth