တနေကုန်လုံး အကြောအခြင်များ ပင်ပန်းနွမ်းနယ်မှုကို ညအိပ်ရာဝင်ခါနီးမှာ ပြေလျော့နိုင်မှသာလျှင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာဖြစ်ပါတယ်။ ကြွက်သားများ ထုံကျဥ်ညောင်းညာခြင်းမှ ကာကွယ်ပြီး ည ဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် ကူညီပေးမယ့် အကြောလျော့ လေ့ကျင့်ခန်းများ ရှိပါတယ်။

ကွီးတို့အနေနဲ့ ည အိပ်ရာဝင်ခါနီးမှာ ထို အကြောလျော့ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းအားဖြင့် တင်းမာနေတဲ့ အကြောအခြင်များကို ပြေလျော့နိုင်ပါပြီ။

လေ့ကျင့်ခန်း (၁)

ည အကြောလျော့

အရင်ဦးဆုံး ကြမ်းပြင်ပေါ်တွင် ခါးမတ်မတ်ထားပြီး ထိုင်နေပါ။ ထို့နောက် ဘယ်လက်ဖဝါးက ညာနားရွက်ပေါ်တင်ကာ ဘယ်နားရွက်က ပုခုံးနဲ့ ထိကပ်အောင် စောင်းချလိုက်ပါ။

စက္ကန့် အနည်းငယ်ကြာ အကြောလျော့ပေးလိုက်ပါ။

ထို့နောက် လက်နှစ်ဖက်ကို ဘက်ပြောင်းကာ စောစောက အနေအထားအတိုင်း ဆက်လက်ပြုလုပ် ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

ည အကြောလျော့

စောစောကလိုပဲ ကြမ်းပြင်ပေါ်မှာ ခါးမတ်မတ်ထားကာ ထိုင်နေပါ။ လက်နှစ်ဖက်ကာ ပုံပါအတိုင်း ယှက်ထားကာ လက်ဖဝါးနှစ်ဖက်ကလည်း အပေါ် အောက် ထိကပ်နေရပါမယ်။ ထိုအနေအထားအတိုင်း အသက် ရှုသွင်း ရှူထုတ်ခြင်းကို ၁၀ ကြိမ် ပြုလုပ်ပေးရပါမယ်။

ထို့နောက် လက်နှစ်ဖက်ကို ဘက်ပြောင်းကာ စောစောက အနေအထားအတိုင်း အသက်ရှူသွင်း ရှူထုတ်ခြင်းကို ၁၀ ကြိမ် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

ည အကြောလျော့

Source: Daddyofsteel

အရင်ဦးဆုံး ဒူးနှစ်ဖက်ကို ထောက်ထားကာ ခန္ဓာကိုယ် အပေါ်ပိုင်းက ကြမ်းပြင်ပေါ်သို့ တဖြည်းဖြည်းချင်းစီ ကိုင်းညွှတ်လိုက်ပါ။

ထို့နောက် ပုံပါအတိုင်း လက်နှစ်ဖက်ကို ဆန့်တန်းပြီး နဖူးက ကြမ်းပြင်ဖြင့် ထိကပ်ပေးလိုက်ပါ။

ထိုအနေအထားအတိုင်း အသက် ရှူသွင်း ရှူထုတ်ခြင်းကို ၅ ကြိမ်ခန့် (စက္ကန့် ၅၀) ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

stretching exercise

Source: Times Now

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို အရှေ့တည့်တည့်သို့ ဆန့်တန်းထားပြီး ခါးမတ်မတ်ထားကာ ထိုင်နေပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းချပြီးနောက် နဖူးက ဒူးခေါင်းနဲ့ သွားထိရမှာ ဖြစ်ပါတယ်။ ထိုအချိန်မှာ ဒူးခေါင်းက အပေါ်သို့ ထောင်တက်မလာစေဘဲနဲ့ ခြေထောက်ကို ဆန့်တန်းထားရမှာ ဖြစ်ပါတယ်။

အသက် ရှူသွင်း ရှူထုတ်ခြင်းကို ၅ ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

stretching exercise

Source: The Yoga Loft

နံရံကို အမှီပြုကာ ခြေထောက်နှစ်ဖက်ကိုအပေါ်သို့ ထောင်လိုက်ပါ။ ခါးအောက်မှာ ခေါင်းအုံး ခုထားလည်း ရပါတယ်။ မခုလည်း အဆင်ပြေပါတယ်။

ထိုအနေအထားအတိုင်း အသက် ရှူသွင်း ရှူထုတ်ခြင်းကို ၅ ကြိမ်မှ ၁၀ ကြိမ်ခန့် ပြုလုပ်ပေးလိုက်ရပါမယ်။

ဒီလေ့ကျင့်ခန်းများကတော့ ကွီးတို့ ည အိပ်ရာဝင်ခါနီးမှာပြုလုပ်သင့်တဲ့ အကြောလျော့ လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။

Source: Dherbs

Featured Image: Freepik