လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းဖြစ်ပြီး လူတစ်ယောက်အတွက် သာယာပျော်ရွှင်မှုအပြင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသုခကိုပါ ရရှိစေပါတယ်။ အလုံးစုံကျန်းမာရေး အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ဖို့အတွက် ကြံ့ခိုင်သန်မာမှုနဲ့ သက်လုံကောင်းဖို့ လိုပါတယ်။ ဒီလို ကျန်းမာကြံ့ခိုင်ဖို့နဲ့ သက်လုံကောင်းဖို့အတွက် အဓိက ကူညီပေးနိုင်တာကတော့ ထိရောက်တဲ့ လေ့ကျင့်ခန်း တွေပါပဲ။ ဒီဆောင်းပါးလေးမှာတော့ သက်လုံကောင်းပြီး တိမ်တွေပေါ်မှာ လွင့် စေတဲ့အထိ လိင်ပိုင်းဆိုင်ရာ စွမ်းဆာင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့ ကွီးတို့ကို ကူညီပေးနိုင်မယ့် လေ့ကျင့်ခန်းတွေကို ဝေမျှပေးချင်ပါတယ်။

Full Plank

တိမ်တွေပေါ်မှာ လွင့်

Photo : Men’s Health

လေ့ကျင့်ခန်း တော်တော်များများက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပြီး သက်လုံကောင်းစေတာ မှန်သော်လည်းပဲ Plank ထောက်ခြင်းက ရတဲ့ သက်ရောက်မှုကလည်း အံမခန်းပါပဲ။ Plank လေ့ကျင့်ခန်းများက ခံနိုင်ရည်တည်ဆောက်နိုင်မှုတို့အပြင် ဟန်ချက်ညီမှုအတွက်လည်း ထိရောက်တဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

အရင်ဆုံး ကွီးတို့အနေနဲ့ ကြမ်းပြင်ပေါ်တွင် ခန္ဓာကိုယ်ကို ခြေဖနောင့်ကနေ ပခုံးအထိ တဖြောင့်တည်းထားလျက် တံတောင်ဆစ်ကို ထောက်လျက် ပုံတွင် ပြထားသည့် အနေအထားအတိုင်း ပြုလုပ်ပါ။ ဒီအနေအထားကို စက္ကန့် ၃၀ သို့မဟုတ် တတ်နိုင်သမျှ ကြာကြာထိန်းထားပါ။ အနားယူပြီး နောက်ထပ် နှစ်ကြိမ် ထပ်လုပ်ပါ။

ယောဂလေ့ကျင့်ခန်းများ

တိမ်တွေပေါ်မှာ လွင့်

Photo : Fabio Caio Yoga

ကွီးတို့ သက်လုံကောင်းပြီး တိမ်တွေပေါ်မှာ လွင့် စေဖို့ နောက်ထပ်ဖော်ပြပေးချင်တဲ့ လေ့ကျင့်ခန်းကတော့ ယောဂလေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေက စိတ်တည်ငြိမ်မှု၊ ကြံ့ခိုင်မှု၊ သန်မာမှု၊ ပျော့ပြောင်းမှုနဲ့ တက်ကြွမှုတို့အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

ဒါ့အပြင်  ယောဂကို နေ့စဉ် တစ်နာရီကြာ လေ့ကျင့်ခြင်းက အမျိုးသားများအတွက် သုတ်လွှတ်ခြင်းကို ကြာရှည်စေပြီး အလုံးစုံ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ခံစားမှုကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်မယ့် ယောဂ ပို့စ် အချို့ကတော့ Cat and Cow Pose၊ Cobra၊ Bridge Pose၊ Frog Pose နဲ့ Boat Pose တို့ပဲ ဖြစ်ပါတယ်။

Kegel

တိမ်တွေပေါ်မှာ လွင့်

Photo : Bathmate Blog

Kegels လေ့ကျင့်ခန်းက အမျိုးသမီးများအတွက်သာမက အမျိုးသားများလည်း လိပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်တဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက အမျိုးသားများအတွက် ဆီးလမ်းကြောင်းအလယ်ပိုင်းမှ ဆီးစီးဆင်းမှုကို ရပ်တန့်စေသည့် Pubococcygeus (PC) လို့ခေါ်တဲ့ ကြွက်သားများကို သန်မာစေပြီး ခံနိုင်ရည်ရှိမှုနှင့် ထိန်းချုပ်မှုကို ကူညီပေးပါတယ်။

ထို့အပြင် အမျိုးသားများအတွက် သာယာမှု အထွတ်အထိပ် မတိုင်မီတွင် ၎င်းကြွက်သားများကို ကျုံ့စေခြင်းဖြင့် သုတ်လွှတ်ခြင်းကို နှောင့်နှေးစေရန် Kegel လေ့ကျင့်ခန်များက ကူညီပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်တင်ပါးဆုံတွင်းကြမ်းပြင်ရှိ ကြွက်သားများကို အားကောင်းစေပြီး လိင်ဆက်ဆံမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ကို နည်းစနစ်မှန်မှန် လုပ်နိုင်ဖို့အတွက် ကျွမ်းကျင်သော Trainers များထံမှာ အကူအညီ ရယူပါ။

စက်ဘီးစီးခြင်း

Photo : Bicycling

စက်ဘီးစီးခြင်းကလည်း ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး သက်လုံကောင်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုပါပဲ။ ပုံမှန် စက်ဘီးစီးခြင်းက Adrenaline နဲ့ Cortisol ကဲ့သို့သော စိတ်ဖိစီးမှု ဟော်မုန်းများကို ထိန်းထားနိုင်စေပြီး၊ အလုံးစုံသော စိတ်ဖိစီးမှုများကို နည်းပါးစေပါတယ်။ လေ့လာတွေ့ရှိမှုများအရ စိတ်ဖိစီးမှုနည်းခြင်းက လိင်စိတ်ထကြွမှုကို ပိုလွယ်ကူစေတယ်လို့ ဆိုပါတယ်။

ရေကူးခြင်း

Photo : CNN

ရေကူးခြင်းက အဆီပိုတွေကို ကျစေတဲ့အပြင် ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည်သာမက လိင်ပိုင်းဆိုင်ရာအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။  ဟားဗတ်တက္ကသိုလ်မှ သုတေသီများက အသက် ၆၀ အရွယ်ရှိ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ရေကူးသူများဟာ အသက် ၂၀ ငယ်ရွယ်သူများနှင့် တူညီသော လိင်ဆက်ဆံမှုစွမ်းရည်ကြောင်း တွေ့ရှိခဲ့ပါတယ်။  “တစ်ပတ်ကို ၃ ကြိမ် အနည်းဆုံး မိနစ် ၃၀ ခန့် ရေကူးတာက လိင်ပိုင်းဆိုင်ရာခံနိုင်ရည်ကို တိုးစေတယ်”လို့ဆိုထားပါတယ်။

လေ့ကျင့်ခန်းလုပ်သော အမျိုးသားများနဲ့ အမျိုးသမီးများက ပိုမိုကောင်းမွန်သော လိင်ဆက်ဆံမှုကိုရရှိနိုင်ပြီး သာယာပျော်ရွှင်မှုကို ပိုရနိုင်တယ်လို့ ဆိုပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အားမရဘူးဖြစ်နေရင် လေ့ကျင့်ခန်းများ လုပ်ကြည့်ဖို့ အကြံပြုပါရစေ။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးစေပြီး သက်လုံကောင်းစေကာ အိပ်ရာပေါ်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်သော အမျိုးသားများက လေ့ကျင့်ခန်းမလုပ်သော အမျိုးသားများထက် လိင်အင်္ဂါချို့ယွင်းမှု ပြဿနာများ ဖြစ်နိုင်ခြေနည်းတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့ကြောင့် တိမ်တွေပေါ်မှာ လွင့် နေလောက်အောင် စွမ်းဆောင်ရည် ကောင်းချင်ရင် လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ လိုတယ်နော်။

Source : WebMD, First Spot

Featured Photo : News18