Hiking လို့ ခေါ်တဲ့ တောစခန်း တောင်စခန်း ထွက်တဲ့ အတွေ့အကြုံဟာ တိုးတက်နေတဲ့နိုင်ငံတွေမှာ အများဆုံးတွေ့ရနိုင်ပါတယ်။ စိတ်ဖိစီးမှုမြင့်မားတဲ့ ခေတ်သစ်လူမှုဘဝအတွင်းမှာ တောစခန်းထွက်ခြင်းဟာ ပေါ်ပြူလာဖြစ်လာတာ အကြောင်းရှိပါတယ်။ ဆမ်မီယာ ဘာစစ်ရဲ့ ReSYNC Your Life ဆိုတဲ့ စာအုပ်မှာ တောတွင်း ခြေကျင်ခရီး ထွက်ရင် ရမယ့် အကျိုးကျေးဇူးတွေကို အခုလိုပဲ ဖော်ပြထားပါတယ်။
(၁) ကိုယ်ရည်စစ်လာမယ်

Photo : Pexels
တစ်နာရီလောက် တောစခန်းခရီးသွားခြင်းအားဖြင့် အတက်အဆင်း အနိမ့်အမြင့်နဲ့ လူမှာ ပါလာတဲ့ဝိတ်ပေါ် လိုက်ပြီး တစ်နာရီ ကယ်လိုရီ ၅၀၀ ကျော်အထိ လောင်ကျွမ်းစေနိုင်ပါတယ်။ ဝိတ်ကျလာပြီး ကျစ်လျစ်တဲ့ ကိုယ်လုံးကိုယ်ပေါက် ပိုင်ဆိုင်လာနိုင်ပါတယ်။
(၂) ဆီးချိုသွေးချို မဖြစ်အောင် ကာကွယ်ပေးနိုင်မယ်

Photo : Pexels
ပုံမှန် Hiking ထွက်သူဟာ သွေးတွင်းသကြားဓါတ် လျှော့ချနိုင်လို့ ဆီးချိုသွေးချိုဖြစ်မှု လျော့ကျစေပါတယ်။ တောစခန်းထွက်ခြင်းဟာ ကြွက်သားတွေကို အလုပ်ပေးနေတာ ဖြစ်လို့ စွမ်းအင်အတွက် သွေးလမ်းကြောင်းထဲက ဂလူးဂို့စ်ဓါတ်ကို လှုပ်ရှားစေနိုင်ပါတယ်။
(၃) သွေးတိုး နဲ့ ကိုယ်လက်စထရော လျှော့ချပေးတယ်

Photo : Pexels
တောတွင်း ခြေကျင်ခရီး ထွက်ခြင်းက ပေးတဲ့ ကျန်းမာရေးအကျိုးတွေထဲမှာ သွေးတိုးနဲ့ ကိုယ်လက်စထရောတက်မှုပါ လျှော့ချနိုင်စွမ်း ရှိလို့ ဆီးချိုသွေးချိုအပြင် သွေးတိုးလေဖြတ် နဲ့ နှလုံးရောဂါလို သေလောက်တဲ့ ရောဂါတွေ အဖြစ်နည်းစေပါတယ်။
(၄) ဖန်တီးမှုစွမ်းရည် တက်လာစေတယ်

Photo : Pexels
တောစခန်း ထွက်တယ်ဆိုတာ သဘာဝတရားကြီးနဲ့ ထိတွေ့ပတ်သက်နေရတာပါ။ သဘာဝထဲမှာ နေထိုင်ခြင်းအားဖြင့် စိတ်အေးချမ်းပြီး လူရဲ့ ဖန်တီးမှု ၊ အာရုံစိုက်နိုင်စွမ်း နဲ့ ပြဿနာဖြေရှင်းနည်းစွမ်းရည်ကို ၅၀% အထိ တိုးတက်စေနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ နည်းပညာနဲ့ အဆက်ဖြတ်ပြီး သဘာဝအတိုင်း နေထိုင်ဖို့ အချိန်ပေးသူတွေမှာ ဖန်တီးမှုစွမ်းရည် မြင့်တက်နိုင်တယ်လို့လည်း ထောက်ခံထားကြပါတယ်။
(၅) ပိုပြီး ပျော်ရွှင်လာမယ်
Photo : Pexels
Hiking ထွက်ခြင်းဟာ ပျော်ရွှင်မှု Levels မြင့်မားလာစေပြီး ဆိုးဝါးတဲ့ စိတ်ဓါတ်ကျဆင်းမှုကိုပါ လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ တက်ကြွတဲ့ လူနေမှုပုံစံဟာ စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျဆင်းခြင်းကို တိုက်ဖျက်ရာမှာ ထိရောက်တဲ့လက်နက်အဖြစ်လည်း အများက လက်ခံထားပါတယ်။
ဒီအချက်တွေအပြင် တောစခန်းထွက်သူဟာ Hiking ထွက်လာချိန်မှာ ထွက်ပြီး တွက်ချက်ရမယ့် အချက်အလက်တွေ ရှိလာပါတယ်။ ဘယ်လမ်းကြောင်းအတိုင်း သွားမလဲ ၊ တက်မယ့်တောင်လမ်းက ဘယ်လောက် မတ်စောက်သလဲ ။ ဘယ်လောက်ဝေးဝေး သွားမလဲ။ ညနေဘက် Hiking ထွက်မလား ၊ မနက်ပိုင်းကတည်းက သွားမလား။ ဘာတွေ ထည့်သွားဖို့ လိုမလဲ စတဲ့ အချက်အလက်တွေကို ကိုယ်တိုင်ပဲ တွက်ချက်ပြီး ကိုယ်သွားမယ့်ခရီးနဲ့ ကိုယ့် Workout ကို ကိုယ်တိုင်စီမံနိုင်မှာပါ။
Featured Photo : Pexels

