ယနေ့ခေတ် လုပ်ငန်းခွင်များမှာ များသောအားဖြင့် အထိုင်များတာကြောင့်သော်လည်းကောင်း၊ အသင့်စား အစားအစာများပေါများလာပြီး ထိုစားသောက်မှု ပုံစံကြောင့်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အဆီပိုတွေ စုလာပြီး ဝလာကြတယ် မဟုတ်ပါလား။ ခန္ဓာကိုယ်မှာ ပိုနေတဲ့ အဆီတွေကြောင့် ဝတ်စားရတာ အဆင်မပြေသလို ကျန်းမာရေးအတွက်လည်း မကောင်းတဲ့အပြင် လူကိုလည်း လေးလံထိုင်းမှိုင်းလာစေပါတယ်။ ဒီအဆီပိုတွေကို လျော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းများ လုပ်ခြင်းပါပဲ။ ဒီဆောင်းပါးလေးမှာ ကွီးတို့အိမ်မှာပဲ ဖြစ်စေ၊ Gym မှာပဲဖြစ်စေ၊ ဘယ်နေရာမှာ မဆို လုပ်လို့ရပြီး အဆီပိုတွေ ကို လောင်ကျွမ်းစေမယ့် ကိရိယာလွတ် ထိထိမိမိ Workout များကို ဖော်ပြပေးချင်ပါတယ်။

Jumping Jacks

ထိထိမိမိ Workout

Photo : Men’s Health

အဆီပိုတွေကို လောင်ကျွမ်းစေမယ့် ထိထိမိမိ Workout များကို ဖော်ပြတဲ့နေရာမှာ Jumping Jacks ကတော့ မပါမဖြစ်ပါပဲ။

Jumping Jacks ကို လုပ်မယ်ဆိုရင် အရင်ဆုံးကွီးတို့ ခြေထောက်ကို တင်ပါးအကျယ်အတိုင်း မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို ချထားပါ။ ပြီးလျှင် ခြေနှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ကာ လေထဲတွင် ဖြောင့်ဖြောင့် တန်းတန်း ခုန်ပြီး လက်နှစ်ဖက်ကလည်း မြှောက်လိုက်ပါ။ ထို့နောက် ခြေထောက်များနဲ့ လက်များကို ပုံထဲကအတိုင်း ပြန်ချလိုက်ပါ။ ဤကဲ့သို့ ထပ်ခါထပ်ခါ ပြုလုပ်ပေးပါ။  ဒီလေ့ကျင့်ခန်းက တကယ်ကို လွယ်ကူပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းပါပဲ။

Burpee

ထိထိမိမိ Workout

Photo : Muscle & Fitness

ဒီလေ့ကျင့်ခန်းက တစ်ကိုယ်လုံး လှုပ်ရှားရပြီး ကွီးတို့ဗိုက်မှာ စုနေတဲ့ အဆီတွေကို ကျစေတဲ့အပြင် တစ်ကိုယ်လုံးကို ထိရောက်စေတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

Burpee ကို လုပ်မယ်ဆိုရင် ပထမဆုံးကွီးတို့အနေနဲ့ ခြေထောက်ကို ပခုံးအကွာအဝေးအတိုင်းထားပြီး မတ်တပ်ရပ်ပါ။ ထို့နောက် သင့်လက်ဖဝါးများကို ပခုံးအကျယ်အကွာလောက် ကြမ်းပြင်ပေါ်သို့ ထောက်ပြီး Plank ထောက်သကဲ့သို့ ခန္ဓာကိုယ်ကိုနှိမ့်လိုက်ပါ။ ထို့နောက် လှုပ်ရှားမှု မြန်မြန်ဆန်ဆန်နဲ့ ပြန်လည် မတ်တပ်ရပ်ပြီး ခုန်လိုက်ပါ။ ထိုကဲ့သို့ ဆက်တိုက်ပြုလုပ်သွားပါ။

High Knees

ထိထိမိမိ Workout

Photo : HIIT Academy

အဆီပိုတွေကို လောင်ကျွမ်းစေမယ့် လွယ်ကူပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ High Knees ပဲဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ကွီးတို့အနေနဲ့ အရင်ဆုံး မတ်တပ်ရပ်လျက် အနေအထားဖြစ်ပါစေ။ ပြီးလျှင် မတ်တပ်ရပ်အနေအထားကနေ ဘယ်ဒူးကို အပေါ်သို့ မြှောက်လိုက်ပါ။ ပြီးလျှင် ပြန်ချပါ။ ထို့နောက် ကွီးတို့ရဲ့ ခြေထောက်များကို အမြန်ပြောင်းပြီး ညာဘက်ဒူးကို အပေါ်သို့ ဆွဲတင်လိုက်ပါ။ မရပ်မနား အရှိန်အဟုန်ဖြင့် ဒူးနှစ်ဖက်ကို တစ်လှည့်စီလုပ်ပါ။

Slide Planks

Photo : Pinterest

နောက်ထပ် ခန္ဓာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေမဲ့ ထိထိမိမိ Workout တစ်ခုကတော့ Slide Planks ပဲဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ကွီးတို့ ခန္ဓာကိုယ်ကို ဘေးစောင်းအနေအထား အတိုင်း လှဲလျက် ဒူးခေါင်းကို တည့်တည့်မတ်မတ်ထားပြီး လက်ဖျံပေါ်မှ အလေးချိန်ကို ယူပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကို ဆန့်တန်းထားပါ။ ခန္ဓာကိုယ်ကို မျဉ်းဖြောင့်တစ်ခုဖြစ်အောင် ထိန်းပြီး တင်ပါးကို မြှင့်ထားပါ။ အသက်ပြင်းပြင်းရှူရင်း ဒီအနေအထားကို ထိန်းထားပါ။ ထို့နောက် နောက်တစ်ဖက်ကို ပြုလုပ်ပါ။

လမ်းလျှောက်ခြင်း

Photo : Loss Program

အပေါ်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေက ကွီးတို့အတွက် အနည်းငယ်ခက်ခဲစေရင် ပေါ့ပေါ့ပါးပါးနဲ့ပဲ အဆီတွေလောင်ကျွမ်းဖို့ စတင်ချင်တယ်ဆိုရင်တော့ အလွယ်ဆုံးက လမ်းလျှောက်ခြင်းပါပဲ။ လမ်းလျှောက်ခြင်းက လူကြီးလူငယ်မရွေး၊ အချိန်အခါမရွေး ပြုလုပ်လို့ရတဲ့‌ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

သိုပေမဲ့ အေးဆေးဆေးဆေး လမ်းလျှောက်ခြင်းကတော့ သိပ်ပြီး ထူးခြားမှာမဟုတ်ပါဘူး။ အဆီလောင်ကျွမ်းစေဖို့ လျင်လျင်မြန်မြန်နဲ့ သွက်သွက်လက်လက် အားစိုက်ပြီး လျှောက်ဖို့လိုပါတယ်။ မြန်မြန်လမ်းလျှောက်လေ၊ ပိုဝေးဝေးလမ်းလျှောက်လေလေ သို့မဟုတ် မကြာခဏ လမ်းလျှောက်လေလေ အဆီပိုတွေ လောင်ကျွမ်းလေပါပဲ။

ကွီးတို့ရေ ကိုယ့်အတွက် ကောင်းကျိုးမပေးမဲ့ အဆီပိုတွေကို ဒီ ထိမိတဲ့ Workout တွေနဲ့ အပြတ်ဖြုတ်လိုက်ရအောင်ဗျာ။

Source : Everyday Health

Featured Photo : Men’s Health