အမှန်တကယ် ဝိတ်ကျချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ဖို့ လိုအပ်ပြီး အဆီ အဆိမ့်တွေကို ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။ အစားလည်း မရှောင်၊ လေ့ကျင့်ခန်းလည်း မလုပ်ဘဲ ထိုင်နေရုံ နဲ့တော့ အဆီပို တွေက ဖြုတ်ခနဲ မပြုတ်ကျသွားပါဘူး။

တကယ်သာ ဝိတ်ချဖို့ ကြိုးစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို အသုံးချနိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

ထိုင်နေရုံ အဆီပို

အရင်ဦးဆုံး လက်နှစ်ဖက်က ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်မှာ ချထားပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကားကာ အပေါ်သို့ ခုန်လိုက်ပါ။ တစ်ပြိုင်နက်တည်းမှာပဲ လက်နှစ်ဖက်ကိုလည်း ကားထုတ်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။

စုစုပေါင်း စက္ကန့် ၃၀ တိတိ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

 

ထိုင်နေရုံ အဆီပို

ခြေထောက်နှစ်ဖက်ကို ပုခုံးအနေအထားအတိုင်း ချဲထားပါ။ ထို့နောက် ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်သို့ နှိမ့်ချကာ Plank အနေအထားအတိုင်း ပြင်ပါ။ ထို့နောက် မူလအတိုင်း မတ်တပ်ပြန်ရပ်ပါ။ ခုန်လိုက်ပါ။

စုစုပေါင်း စက္ကန့် ၃၀ ပြုလုပ်ပါ။​

လေ့ကျင့်ခန်းက တဖြည်းဖြည်း ကျွမ်းကျင်လာပါက ရိုးရိုး Plank ထောက်မယ့်အစား ဒိုက်ထိုးချလိုက်ပါ။ ဒါဆိုရင်တော့ ပိုမိုထိရောက်မှု ရှိပါလိမ့်မယ်။

လေ့ကျင့်ခန်း (၃)

 

ထိုင်နေရုံ အဆီပို

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်လိုက်ပါ။ ထို့နောက် အပေါ်သို့ ခုန်လိုက်ပါ။ ၄၅ စက္ကန့်ခန့် ပြုလုပ်ပေးရပါမယ်။​

လေ့ကျင့်ခန်း (၄)

ထိုင်နေရုံ အဆီပို

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ ထို့နောက် စကိတ်စီးသလို ခြေထောက်နှစ် လက်ကို ဟိုဖက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက် တစ်လှည့်စီ ပြုလုပ်ရပါမယ်။ စက္ကန့် ၃၀ ခန့် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

ထိုင်နေရုံ အဆီပို

အရင်ဦးဆုံး Plank ထောက်မယ့် အနေအထား ပြင်လိုက်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ကားထုတ်လိုက်၊ မူလအနေအထားအတိုင်း ပြန်ထားလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁ မိနစ် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၆)

လေ့ကျင့်ခန်း (၆)

အရင်ဦးဆုံး အသင့်အနေအထားဖြင့် မတ်တပ်ရပ်နေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ဘယ်မြှောက်လိုက်၊ ညာမြှောက်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁ မိနစ် ပြုလုပ်ပါ။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို အစအဆုံး ပြုလုပ်ပြီးတဲ့အခါ ၁ မိနစ် အနားယူနိုင်ပါတယ်။ ထို့နောက် စောစောက ဆော့ခဲ့တဲ့နည်းအတိုင်း ၃ ကျော့ ထပ်မံ ဆော့ကစားပေးလိုက်ပါ။​

ဒါဆိုရင်တော့ ခန္ဓာကိုယ်ပေါ်က အဆီပိုတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ထိုင်နေရုံ နဲ့ အဆီပို တွေ ပျောက်သွားကင် ကောင်းမှာပဲလို့ စိတ်ကူးယဥ်နေတုန်းလား။

Source: Everydayhealth

Featured Image: Freepik