ဗလ တောင့်ပြီး ဆော်ကြည်စေမယ့် ပီယဆေး ဆိုတော့ ဈေးအများကြီး ပေးရမှာပဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ထူးဆန်းတာက ဒီပီယဆေးက ပိုက်ဆံ​ တစ်ပြားတစ်ချပ်မှ မကုန်ပါဘူး။

ဟုတ်ရော ဟုတ်ရဲ့လားလို့ ကွီးတို့ ယုံမှား သံသယ ဝင်ကောင်းဝင်နိုင်ပါတယ်။ ဆက်ဖတ်ကြည့်လိုက်ရင်တော့ ထိုသံသယတွေအားလုံး ရှင်းသွားပါလိမ့်မယ်။​

ဗလ လည်း တောင့်ရမယ် ဆော်လည်းကြည်စေမယ့် ပီယဆေး က အခြားတော့ မဟုတ်ပါဘူး။ Workout ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ စောစောက ပြောခဲ့သလိုပဲ ကွီးတို့အနေနဲ့ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘက်က အားစိုက်ထုတ်ဖို့တော့ လိုပါလိမ့်မယ်။ ကိုယ့်ဘက်က အားစိုက်ထုတ်မှု တစ်စက်မှ မရှိဘဲနဲ့ ဟာကျူလီလို ဗလတောင့်လာဖို့ကိုတော့ ထိုင်စောင့်မနေနဲ့ ကိုယ့်လူ။ အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။

ကိုယ့်ဘက်က အပီအပြင် အားစိုက်ထုတ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို မိုင်ကုန်ဆွဲလို့ရပါတယ်။ ဒါဆိုရင်တော့ ဗလတောင့်တောင့်နဲ့ ကြည့်ကောင်းပြီး စကီလေးတွေလည်း ဝိုင်းဝိုင်းလည်လာပါလိမ့်မယ်။​

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

Source: Gfycat

ဒီလေ့ကျင့်ခန်းကိုတော့ စုစုပေါင်း ၆ ကြိမ်မှ ၁၂ ကြိမ်၊ ၃ ကျော့မှ ၆ ကျော့အထိ ပြုလုပ်ပေးနိုင်ပါတယ်။ ကွီးတို့ရဲ့ ပုခုံးကြွက်သားများ၊ နောက်ကျောကြွက်သားများ၊ လက်မောင်းကြွက်သားများကို ရှယ်တောင့်တင်းလာဖို့ အာမခံပါတယ်။

လေ့ကျင့်ခန်း (၂)

ဗလ ပီယဆေး

Source: Menshealth

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် အမောခံနိုင်ဖို့ လိုအပ်ပါတယ်။ စုစုပေါင်း ၁ မိနစ်တည်းနဲ့ ၆ ကြိမ် ပြည့်အောင် ဆော့ကစားပါ။ ၁၅ မိနစ်တိတိ ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။

ကြွက်သားတွေ ဖွံ့ထွားလာပြီး ကိတ်လာဖို့ဆို အမောအပန်းခံနိုင်တယ် ဟုတ်။

လေ့ကျင့်ခန်း (၃)

ဗလ ပီယဆေး

Source: Flabfix

လမ်းလျှောက်တတ်ခါစ ကလေးလေးတစ်ယောက်က အထာကျကျ တွားသွားနေသလို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၄ ကြိမ်မှ ၆ ကြိမ်၊ ၃ ကျော့ ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ဗလ ပီယဆေး

Source: Menshealth

ခြေထောက်တစ်ဖက်ချင်းစီကို ၁၅ ကြိမ် ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၃ ကျော့ ကစားပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဗလ ပီယဆေး

Source: GymGuider

ကွီးတို့ရဲ့ လက်မောင်းကြွက်သားတွေကို အပီအပြင် တောင့်တင်းလာချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းကိုလည်း ချန်လှပ်ထားခဲ့လို့မရပါဘူး။ စုစုပေါင်း ၄ ကြိမ်မှ ၈ ကြိမ်၊ ၃ ကျော့မှ ၆ ကျော့ ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၆)

ဗလ ပီယဆေး

Source: Menshealth

ဒီလေ့ကျင့်ခန်းကိုတော့ စုစုပေါင်း ၈ ကြိမ်မှ ၁၂ ကြိမ်၊ ၃ ကျော့ ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။

ကွီးတို့အနေနဲ့ လေ့ကျင့်ခန်း ပြုလုပ်နေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း အစားအစာများကို အာဟာရမျှတအောင် စားသုံးပါ။ အဆီအဆိမ့်များ ရှောင်ကြဥ်ပါ။ အိပ်ရေး ဝဝ အိပ်စက်အနားယူပါ။ ဒါဆိုရင်တော့ လေ့ကျင့်ခန်း ပြုလုပ်တာက ပိုမိုထိရောက်မှုရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကိုလည်း ရေဓာတ် ဖြည့်တင်းပေးဖို့ မမေ့ပါနဲ့။

ကွီးတို့ရော ဗလ လည်းတောင့် ဆော်လည်း ကြည်စေမယ့် ပီယဆေး ကို ဘယ်တော့လောက် စမ်းသောက်ကြည့်မယ်လို့ မှန်းထားပါသလဲ။

Featured Image: Freepik