တက်ကီလာရဲ့ ရွှင်မြူးချဉ်လန်း ရီဝေဝေအစွမ်းကို သဘောကျရင် တက်ကီလာကော့တ်တေးလ်လုပ်သောက်တာ အကောင်းဆုံးပါပဲ။ သိပ်လည်း မခက်လို့ ကိုယ့်အိမ်မှာတင် ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။ တက်ကီလာ ကော့တ်တေးလ် တွေထဲမှာ လူကြိုက်အများဆုံးတစ်ခုက Margarita ပါ။ သူက သံပရာနဲ့ လိမ္မော်ရည်ကို တက်ကီလာ ပေါက်ထားလို့ ချိုချဉ်ပြင်းရှ အရသာရပါတယ်။

Margarita စပ်မယ်ဆိုရင် 100% Blue Agave နဲ့ ထုတ်ထားတဲ့ Blanco တက်ကီလာကို သုံးသင့်ပါတယ်။ ပါဝင်ပစ္စည်းအနေနဲ့ Blanco တက်ကီလာ ၂ အောင်စ ၊ Orange Liqueur ၁/၂ အောင်စ ၊ လတ်လတ်ဆတ်ဆတ် အရည်ညှစ်ထားတဲ့ Lime Juice ၁ အောင်စ ၊ Agave Syrup ၁/၂ အောင်စ အပြင် ခွက်မှာ အလှဆင်ဖို့ သံပုရာခြမ်းနဲ့ Kosher Salt လေးလိုပါတယ်။

Paloma

Photo : Delish

စပ်နည်းကတော့ Tequila ၊ Orange Liqueur ၊ Lime Juice နဲ့ Agave Syrup တို့ကို ရေခဲဖြည့်ထားတဲ့ Cocktail Shaker တစ်ခွက်ထဲ ထည့်ပြီး လှုပ်ပေးရမှာပါ။ ပြီးမှ Rocks Glass ထဲ ရေခဲသစ်ထည့်ပြီး လောင်းပေး ၊ အပေါ်က သံပရာခြမ်းနဲ့ Kosher Salt လေး သုံးပြီး ကြည့်ကောင်းအောင် လုပ်ပေးရုံပါပဲ။ တကယ်လော့ အခုပြောမယ့် အမယ်တွေ မလွယ်ရင်တော့ Paloma Cocktail လုပ်နိုင်ပါတယ်။

မက္ကဆီကန် ကော့တ်တေးလ်တွေထဲမှာ လုပ်ရလွယ်ပြီး လူကြိုက်များတဲ့ ‌Paloma Cocktail စပ်ဖို့အတွက် တက်ကီလာ ၊ Grapefruit Juice ၊ Lime Juice ၊ Maple Syrup (မရရင် ရိုးရိုး Syrup) နဲ့ Soda Water တို့ လိုပါတယ်။ အရင်ဆုံး ခွက်ကို ဆားပန်းကန်ထဲ မှောက်ပြီး ခွက်ဝမှာ ဆားကွင်းလေးဖြစ်အောင်လုပ်ပါ။ ပြီးရင် ပါတဲ့ အမယ်တွေကို ဖန်ခွက်ထဲ မွှေထည့် အပေါ်က ရေခဲနဲ့ Soda Water အုပ်ရုံပါပဲ။

Featured Photo : ablondevintage