မျက်မှန်တွေဟာ အရွေးမှန်ရင် တော်ရုံ မျက်နှာပေါက်မလှသူကိုတောင် အချိုးကျပြီး ကြည့်ကောင်းသွားစေနိုင်ပါတယ်။ နေကာမျက်မှန်တွေကတော့ ယောကျာ်းတစ်ယောက်ကို ပိုလို့ ခန့်ညားတဲ့ အသွင်ဆောင်စေပါတယ်။ ရာသီဥတုကြောင့် မျက်စိကျန်းမာရေး မထိခိုက်အောင်ဖြစ်ဖြစ် ဖက်ရှင်အရ အသွင်ဆန်းချင်လို့ ဖြစ်ဖြစ် နေကာမျက်မှန် ဝယ်မယ်ဆိုရင် ဒီအချက်လေးတွေ ထည့်စဉ်းစားသင့်ပါတယ်။

(၁) မျက်မှန်အမျိုးအစားများ

Types

Photo : Real Men Real Style

နေကာမျက်မှန် တွေကို ကိုင်းဒီဇိုင်းပေါ် လိုက်ပြီး ၅ မျိုးခွဲနိုင်ပါတယ်။ လေယာဉ်မှူးတွေ တပ်လေ့ရှိတဲ့ Aviator Sunglasses ၊ Ray-Ban ရဲ့ နာမည်ကျော် Wayfarers Sunglasses ၊ မျက်မှန်အဝိုင်းပုံ ဖရိမ်နဲ့လာတဲ့ Round Frame Sunglasses ၊ အဝိုင်းကိုင်းထူ Clubmaster / Browline Sunglasses နဲ့ Outdoor Sports သမားတွေ နဲ့ တွဲတွေ့ရတတ်တဲ့ Wrap Around Sunglasses တို့ပါပဲ။

(၂) ဖရိန်ရွေးနည်း

Sunglasses on The floor

Photo : abcotvs

မျက်နှာအချိုးပုံစံပေါ် လိုက်ပြီး မျက်မှန်ကိုင်းရွေးဖို့လည်း လိုပါတယ်။ နဖူးကျယ်ပြီး မေးရိုးချွန်သွားတဲ့ တြိဂံပုံစံ မျက်နှာပိုင်ရှင်တွေအတွက် Wrap Around Sunglasses ၊ ဘဲဥပုံမျက်မှန်ကိုင်း ၊ Aviator Sunglasses ၊ Clubmaster / Browline ပုံစံ နေကာမျက်မှန် နဲ့ လေးထောင့်ဆန်တဲ့ Wrap-Around Rectangle ဒီဇိုင်းတွေ ရွေးတာ ကောင်းပါတယ်။အသည်းပုံ မျက်နှာပိုင်ရှင်တွေကတော့ လေးထောင့်ဆန်တဲ့ Wrap-Around Rectangle ဒီဇိုင်းတွေ ၊ Aviator Sunglasses စတိုင် ၊ Geometric Sunglasses နဲ့ Wrap Around Sunglasses တွေ ရွေးချယ်သင့်ပါတယ်။ Diamond Shape မျက်နှာပိုင်ရှင်တွေအနေနဲ့ အဝိုင်း Round စတိုင် ၊ ဘဲဥပုံ Oval စတိုင် ၊ Aviator Sunglasses ဒီဇိုင်းနဲ့ Wrap Around Sunglasses တွေက အလိုက်ဖက်ဆုံးပါ။

မျက်နှာဝိုင်းတဲ့သူတွေအဖို့ Rectangle Shape ၊ Square Shape ၊ Aviators Sunglasses အပြင် Wrap Around Sunglasses မျက်မှန်မျိုး ရွေးချယ်သင့်ပြီး မျက်နှာရှည်တဲ့သူတွေဖို့တော့ Classic Way Frame Sunglasses ၊ Clubmaster / Browline ပုံစံတွေ နဲ့ Oval Shape ၊ Aviator Sunglasses ၊ Round Shape ၊ Geometric အပြင် Wrap Around Sunglasses မျိုးတွေလည်း ဝတ်ဆင်နိုင်ပါတယ်။

ဘဲဥပုံ Oval Shape မျက်နှာပိုင်ရှင်တွေအတွက်တော့ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ ဒီလို မျက်နှာပိုင်ရှင်တွေဟာ Rectangle Shape ၊ Square Shape ၊ Classic Wayframe ၊ Clubmaster / Browline ၊ Aviator Sunglasses ၊ Geometric နဲ့ Wrap Around Sunglasses ပုံစံ နေကာမျက်မှန်တွေ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ လေးထောင့်စတုရန်းဆန်တဲ့ မျက်နှာပိုင်ရှင်တွေအဖို့တော့ Classic Wayframe ၊ Clubmaster / Browline ၊ ဘဲဥပုံ Oval စတိုင် ၊ Aviator Sunglasses ၊ အဝိုင်း Round စတိုင် နဲ့ Wrap Around Sunglasses နေကာမျက်မှန် ကိုင်းတွေက အကောင်းဆုံးပါပဲ။

မျက်မှန်ကိုင်း Frame ပုံစံတွေကို ပြန်ခွဲမယ်ဆိုရင် သတ္ထု ဒါမှမဟုတ် ပလတ်စတစ်ဖရိန်နဲ့ မှန်ကို ကွပ်ထားတဲ့ Full Frame ၊ မှန်ကိုင်းအပေါ် တစ်ဝက်ကိုပဲ ကွပ်ထားတဲ့ Half Frame နဲ့ ဖရိန်မပါတဲ့ ဘောင်ပျောက် Frameless Style ဆိုပြီး ၃ မျိုး ခွဲနိုင်ပါတယ်။ Frame မှာ သုံးတဲ့ Material အနေနဲ့ ပလတ်စတစ် ၊ Acetate ၊ သတ္ထု နဲ့ သစ်သား ၊ လိပ်ခွံ ၊ ကျွဲချိုစတဲ့ Natural Material တွေ သုံးထားတာမျိုး ရှိပါတယ်။

(၃) မှန်အမျိုးအစား Lens Types

Sunglasses

Photo : luxe.digital

Lens Types ကိုတော့ အစင်းခြစ်ဒဏ် ပိုခံနိုင်တဲ့ Optical Glass ၊ ပလတ်စတစ် Lens ၊ ပိုလီကာဗွန်နိတ် Lens နဲ့ SR-91 Lens ဆိုပြီး ထွက်ပါတယ်။ ဒီထဲမှာ ပိုလီကာဗွန်နတ်တွေက Optical Glass မှန်ထက် ပိုကြည့်ကောင်းပေမယ့် အစင်းခြစ်ဒဏ် ခံနိုင်မှု ပိုနိမ့်ပါတယ်။ SR-91 Lens တွေကတော့ Optical Glass နဲ့ Polycarbonate တို့ရဲ့ Quality နဲ့ ပေါင်းပြီး ထုတ်ထားတာ ဖြစ်လို့ UV လှိုင်းတွေကို ရာနှုန်းပြည့် ကာကွယ်နိုင်သလို အစင်းခြစ်ဒဏ် ၊ ရေစိုဒဏ် နဲ့ ရောင်ပြန် Anti-Glare ပိုင်းလည်း မြင့်မားပါတယ်။

(၄) အရောင်များ

Man-Wearing-Sunglasses

Photo : thefashionisto

နေကာမျက်မှန် ထုတ်သူတွေဟာ ဖက်ရှင်အရရော အလင်းအပြောင်းအလဲပေါ် လိုက်ပြီး မျက်လုံးကို ကာကွယ်ပေးနိုင်စွမ်းအတွက်ပါ ရှိဖို့ Lens နဲ့ ကိုင်းတွေကို မီးခိုးရောင် ၊ အဝါ/လိမ္မော် ၊ အညို/ပယင်း ၊ အစိမ်း ၊ ခရမ်း/အနီ နဲ့ အပြာဆိုပြီး ထုတ်ကြပါတယ်။ ဒါတွေကတော့ ကိုယ့်အကြိုက်ကာလာနဲ့ကိုယ် ရွေးချယ်ဖို့ ဖြစ်ပါတယ်။

Featured Photo : thefashionisto