နွေရာသီသည် ပူပြင်းခြောက်သွေ့တဲ့အတွက်ကြောင့် နွေနေပူ မှာ လေ့ကျင့်ခန်း ပြုလုပ်မယ်ဆို အထူးဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။​ ပူပြင်းခြောက်သွေ့တဲ့အတွက်ကြောင့် ရေဓာတ်များလည်း ဆုံးရှုံးလွယ်ပါတယ်။ ဒါ့ကြောင့် ပူအိုက် ခြောက်သွေ့တဲ့ရာသီမှာ လေ့ကျင့်ခန်း ပြုလုပ်မယ်ဆို အထူးပင် ဂရုစိုက်ရမှာဖြစ်ပါတယ်။

ကွီးတို့ရော နွေရာသီမှာ ဘယ်လိုလေ့ကျင့်ခန်းတွေကို ပြုလုပ်ဖြစ်ပါသလဲ။

အခုဖော်ပြမယ့် လေ့ကျင့်ခန်းများကိုလည်း ကွီးတို့ ကြွက်သားတွေ ကြီးထွားလာဖို့အတွက် ပြုလုပ်နိုင်ပါတယ်။​

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်းကိုတော့ ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်သင့်ပါတယ်။ ကွီးတို့ရဲ့ ခြေထောက်ကြွက်သားများ ကြီးထွားလာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

Source: GQ

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားတွေကို သန်မာလာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ စုစုပေါင်း ၁၆ ကြိမ်၊ ၃ ကျော့မှ ၄ ကျော့ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်း (၃)

Source: GQ

အလေးတုံးကို ရှေ့တိုးလိုက်၊ ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

နွေနေပူ လေ့ကျင့်ခန်း

Source: GQ

ဒီလေ့ကျင့်ခန်းလေးကလည်း ကွီးတို့ရဲ့ ရင်အုပ်ကြွက်သားများကို သန်မာလာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

နွေနေပူ မှာ ထို လေ့ကျင့်ခန်း များကို ပြုလုပ်မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကိုလည်း သိထားဖို့ လိုအပ်ပါတယ်။​

ရာသီဥတု အပူချိန်ကို ကြည့်ပါ

ရာသီဥတု အပူချိန်

ရာသီဥတု အပူချိန်က ဘယ်အချိန်မှာ အပူဆုံးလဲဆိုတာကို လေ့လာဖို့ လိုအပ်ပါတယ်။ ဘယ်အချိန်က အပူဆုံး အပူချိန်လဲဆိုတာကိုလည်း သိရှိထားဖို့လိုအပ်ပါတယ်။ ဥပမာ – တစ်နေ့တာလုံးတွင် မွန်းလွဲ ၂ နာရီအချိန်မှာ ၃၇ ဒီဂရီက အပူဆုံး ဖြစ်နေတယ်ဆိုရင် ထိုအချိန်ကို ရှောင်ပြီးမှ ကျန်အချိန်တွေမှာ လေ့ကျင့်ခန်း ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။​

အရည်များများသောက်ပါ

 

နွေနေပူ လေ့ကျင့်ခန်း

ဓာတ်ဆားပဲ ဖြစ်ဖြစ်၊ ရိုးရိုးရေပဲဖြစ်ဖြစ် သောက်သုံးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ ခန္ဓာကိုယ်ထဲရှိ ရေဓာတ်များသည် ချွေးအဖြစ် ထွက်သွားတာဖြစ်တဲ့အတွက်ကြောင့် ရေဓာတ် ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

ရာသီဥတုနှင့် လိုက်ဖက်အောင် ဝတ်ဆင်ပါ

နွေနေပူ လေ့ကျင့်ခန်း

လေ့ကျင့်ခန်း ပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့် အစကတည်းက သက်သာချောင်ချိပြီး လေဝင်လေထွက် ကောင်းတဲ့ အဝတ်အစားများကို ဝတ်ဆင်ရမှာပဲဖြစ်ပါတယ်။ ဒါမှသာ လေ့ကျင့်ခန်း ပြုလုပ်ရတာ သက်သောင့်သက်သာရှိပြီး ကျန်းမာရေးနဲ့အညီ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ထိုအချက်များအားလုံးကို လိုက်နာပြီးသွားပြီဆိုရင်တော့ ကိုယ် လုပ်ချင်တဲ့ လေ့ကျင့်ခန်းကို စိတ်ချလက်ချ ပြုလုပ်နိုင်ပါပြီ။

Featured Image: Freepik