အသုတ်ဆိုတာ ဟင်းပွဲကြီး မဟုတ်ပေမယ့် ခံတွင်းမြိန်ပြီး စားလို့ ဝင်စေအောင် တွန်းပို့ပေးနိုင်တဲ့ ဟင်းတစ်ခွက်ပါပဲ။ နေရာဒေသအလိုက် နာမည်ကျော်ကြားကြတဲ့ အသုတ်တွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ လူကျန်းမာရေးအရလည်း ကိုယ်အလေးချိန်အတွက် ကောင်းတဲ့ အရွက်သုတ်တွေက ပိုခေတ်စားကြပါတယ်။ တချို့ကလည်း ကိုယ့်အကြိုက်နဲ့ကိုယ် အသားထည့် သုတ်တာတွေ ရှိပါတယ်။ နွေရာသီ အတွက် ကျန်းမာရေး နဲ့ ညီညွတ်ပြီး လူတိုင်းလိုလို အကြိုက်တွေ့ကြတဲ့ အသုတ် တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အရွက်စုံသုတ်

fresh-summer-vegetable-salad

Photo : taste

အသားရှောင်တဲ့ အသီးအရွက်စား သားသတ်လွတ်သမားတွေအတွက် လတ်ဆတ်တဲ့ အသီးအရွက်သုတ်ဟင်းလျာလေး လုပ်စားဖို့ ညွှန်းချင်ပါတယ်။ အမယ်အနေနဲ့ သခွားသီး ၊ ခရမ်းချဉ်သီး ၊ ငရုတ်ပွသီးကြီး ၊ မုန်လာဥ ၊ မုန်ညင်းဖြူ ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နံနံပင် ၊ ဆံမြိတ်စတဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်ပါတယ်။ တခြားထဲကဆို ဂေါ်ဖီထုပ် ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥနီ စတာတွေလည်း ထည့်သုံးနိုင်ပါတယ်။ အသုတ်ဖြစ်တဲ့ အတိုင်း သံပရာသီးလေး ၊ ဗင်နီကာ ၊ ဝိုင်ဖြူလေး ထည့်သုံးနိုင်ပါတယ်။ တချို့ကတော့ ပဲ ၊ အယ်လ်မွန်စေ့ ၊ နေကြာစေ့ ၊ ဖရုံစေ့ ၊ ချိစ်တို့လည်း ထည့်စားကြပါတယ်။

(၂) ကျန်းမာရေးနဲ့ ညီတဲ့ ဂျပန် Cold Soba ခေါက်ဆွဲသုတ်

Soba-Noodle-Salad

Photo : plantd

နာမည်ကျော် ဂျပန်ခေါက်ဆွဲအေး Cold Soba ဆိုတာ နွေရာသီမှာ အချဉ်နဲ့ ၊ အသားလွှာတို့နဲ့ တို့စားရတဲ့ ခေါက်ဆွဲညိုတစ်မျိုးပါ။ များသောအားဖြင့် အသီးအရွက် ၊ တို့ဖူးကြွပ်ကြော်တို့နဲ့ တွဲစားကြပါတယ်။ စားလို့ကောင်းပြီး အရသာလည်း ထူးကဲတာကြောင့် မြည်းစမ်းကြည့်သင့်တဲ့ နွေရာသီ အသုတ် တစ်မျိုးအဖြစ် ညွှန်းလိုက်ရပါတယ်။

(၃) ဆယ်လ်မွန် တာရီယာကီ

instant-pot-teriyaki-salmon

Photo : seasonsandsuppers

Pressure Cooker ပေါင်းအိုးတစ်လုံးနဲ့ ဆယ်လ်မွန်ငါးကို အရွက်တွေနဲ့ ပေါင်းပြီး တာရီယာကီဆော့စ် အချဉ်ရည်နဲ့ တွဲဖက်စားရတာ ဖြစ်ပါတယ်။ တကယ်လို့ ဆယ်လ်မွန်မရှိရင်လည်း ကော့ဒ်ငါးတွေနဲ့ လုပ်စားလို့ရပါတယ်။ တာရီယာကီ ဆော့စ် ၊ Soy Sauce ၊ Hoisin Sauce ၊ ရေ ၊ ပျားရည် ၊ ဂျင်း ၊ ကြက်သွန်ဖြူ နဲ့ သကြားကို ပေါင်းအိုး Instant Pot ထဲ့ ထည့်ပြီး ဆော့စ်တွေ ပျစ်သွားအောင် ၂ မိနစ်ကြာ နှပ်ပေးရမှာပါ။ ပြီးမှ လွှာထားတဲ့ ဆယ်လ်မွန်ငါးတွေ ထည့်ပြီး Low Pressure နဲ့ ၄ မိနစ်ခန့် ချက်ပြီး ဆော့စ်ဆမ်း ၊ နှမ်းစေ့ဖြူးပြီး အသီးအရွက်လေးတွေ တုံးတစ်ပြီး စားရတာပါ။

(၄) ဝက်ပေါင်ခြောက် ၊ သီဟိုဠ်စေ့ ပဲစေ့သုတ်

Bacon Snap Pea Salad

Photo : seasonsandsuppers

နွေရာသီ အတွက် လူကြိုက်များတဲ့ အသုတ်တွေ ၊ ဟင်းသီးဟင်းရွက်တွေထဲမှာ ပဲစိမ်းစေ့ Peas သုတ်လည်း ပါပါတယ်။ အရသာကိုတော့ ကိုယ့်အကြိုက်နဲ့ကိုယ် ထည့်သွင်း ပြုပြင်စားကြပြီး အချဉ်ရည် ၊ မိယောနိစ် ၊ ဝက်ပေါင်ခြောက်ကြော် ၊ သီဟိုဠ်စေ့နဲ့ ပဲစေ့တို့ ပါဝင်ပါတယ်။ အရသာ ရွှမ်းပြီး ကျန်းမာရေး နဲ့လည်း လိုက်ဖက်မှုရှိတဲ့ အသုတ် ဖြစ်ပါတယ်။

(၅) စပါးလင်ပါ ထိုင်းအရွက်သုတ်

Thai Salad

Photo : seasonsandsuppers

အသားငါးရှောင်သူတွေအကြိုက် ထိုင်းအရွက်သုတ် တစ်မျိုးပါ။ တို့ဖူး ၊ မုန့်ညင်းဖြူ ၊ ဆန်ခေါက်ဆွဲ ၊ သခွားသီး ၊ မုန်လာဥနီ ၊ ချယ်ရီ ခရမ်းချဉ်သီး ၊ ပဲတီ ၊ တရုတ်နံနံ ၊ ကြက်သွန်မြိတ် ၊ နှမ်းစေ့တို့က အဓိကအမယ် ဖြစ်ပြီး သံပုရာ ၊ မန်ကျည်းမှည့် ၊ ပျားရည် ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ စပါးလင် ၊ ငရုတ်ခြောက်မှုန့်တွေနဲ့ သုတ်ထားတဲ့ ကာလာစုံအရွက်သုတ်တစ်မယ်အဖြစ်လည်း လူကြိုက်များကြပါတယ်။

Featured Photo : mymarketkitchen