ကျန်းမာရေးကောင်းဖို့အတွက် အကောင်းဆုံးက ကိုယ်လက်လှုပ်ရှား အားကစားပုံမှန် လုပ်နေဖို့ပါပဲ။ အားကစားလုပ်တာဟာ တစ်ကိုယ်ရည်ကျန်းမာရေးကောင်းမွန်စေသလို နှလုံးကျန်းမာကြံ့ခိုင်ဖို့အတွက်ပါ အထောက်အကူပြုပါတယ်။ အားကစားလှုပ်ရှားမှုတွေထဲကမှ နှလုံးကျန်းမာရေး အတွက် ထိရောက်မှု အရှိဆုံး Workout တွေ အများကြီး ရှိပါတယ်။ ဒီလို Workout တွေထဲကမှ အကောင်းဆုံး လေ့ကျင့်ခန်း တချို့အကြောင်း တင်ဆက်လိုက်ပါတယ်။

(၁) Interval Training

Exercise

Photo : Pexels

Interval Training ဆိုတာ ခပ်ပြင်းပြင်း လေ့ကျင့်ခန်း တွေအကြား အနားသိပ်မယူဘဲ နှလုံးခုန်နှုန်းကို မြှင့်ကစားတာမျိုးပါ။ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ အဆီဆုံးရှုံးမှု မြင့်တဲ့ လေ့ကျင့်ခန်းမျိုးလည်း ဖြစ်ပြီး အဆုတ်နဲ့ နှလုံးကျန်းမာရေး နှစ်မျိုးလုံးကို မြှင့်တင်ပေးနိုင်ပါတယ်။

(၂) Wightlifting

Weight Lifting

Photo : Pexels

ဝိတ်မ,တာဟာ နှလုံးခုန်နှုန်းတက်ပြီး နှလုံးကြံ့ခိုင်ရေးကို ပိုကောင်းစေနိုင်ပါတယ်။ Weight မ,တာဟာ သွေးတိုးလေဖြတ် နဲ့ နှလုံးရောဂါဖောက်တာမျိုးကို ၄၀ ကနေ ၇၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်စွမ်း ရှိပါတယ်။

(၃) Walking

Walking

Photo : Pexels

လမ်းလျှောက်တာဟာ ပြေးတာလိုပဲ ကျန်းမာရေးအကျိုးကျေးဇူးများပါတယ်။ ပြေးတာလောက် မပင်ပန်းဘဲ ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူး မြင့်မားသလို ဘယ်သူမဆို လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးလည်း ဖြစ်ပါတယ်။ လမ်းလျှောက်တာဟာ မပြင်းထန်တဲ့ Low Intensity Workout မျိုး ဖြစ်ပြီး နှလုံးကျန်းမာရေးအကျိုးများသလို လက်ခြေတွေရဲ့ လှုပ်ရှားမှုကနေ တစ်ဆင့်လူကို ပိုပြီး သွက်လက်ပေါ့ပါးစေနိုင်ပါတယ်။

(၄) Yoga

Yoga

Photo : Pexels

ယောဂကစားတာဟာ သွေးဖိအားကျဆင်းစေပြီး အကြောအချဉ်ပျော့ပြောင်းမှု ၊ ကိုယ်ဟန်အနေအထား မှန်ကန်မှုနဲ့ အရိုးအဆစ် ၊ အကြောအချဉ်နာကျင်မှု သက်သာစေမှုနဲ့ ကျော်ကြားပါတယ်။ ယောဂကစားတာဟာ ကိုယ့်အိမ်မှာတင် လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ပြီး နေရာလည်း သိပ်မယူတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၅) Swimming

Swimming

Photo : Pexels

ရေကူးတာကိုလည်း လျှော့မတွက်သင့်ပါဘူး။ ရေကူးတာဟာ တစ်ကိုယ်လုံး လှုပ်ရှားရတဲ့ Full Body Workout မျိုး ဖြစ်ပြီး အရိုးအဆစ်တွေလည်း ဒဏ်မဖြစ်စေလို့ ထိခိုက်ဒဏ်ရာရမှု နည်းပါတယ်။ ရေကူးခြင်းအားဖြင့် အဆုတ်နဲ့ နှလုံး သန်စွမ်းစေသလို သွေးဖိအားလည်း ကျဆင်းစေနိုင်ပါတယ်။

Featured Photo : Time