နှလုံး ရောဂါကြောင့် ကမ္ဘာပေါ်တွင် လူသေနှုန်းများ တရိပ်ရိပ်မြင့်တက်နေတာကို ကွီးတို့ သတိထားမိပါသလား။ နှလုံးရောဂါကြောင့် သေဆုံးမှုသည် လွန်ခဲ့တဲ့ ၂၅ နှစ်ကထက်စာရင် နှစ်ဆပိုမို မြင့်တက်လာနေပါတယ်။ ဒီလိုမျိုး အသက်အရွယ် တဖြည်းဖြည်းရလာလို့ နှလုံး အားနည်းပြီး နှလုံး ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ဖို့ဆိုရင် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းကြောင့် နှလုံးသွေးလှည့်ပတ်အား ကောင်းလာပြီး နှလုံးအားကောင်းလာပါလိမ့်မယ်။ ဒါ့အပြင် သွေးတိုးရောဂါ၊ ကိုလက်စတော တက်ခြင်း၊ ဆီးချိုရောဂါ အစရှိတဲ့ ရောဂါလက္ခဏာများမှ ကင်းဝေးစေအောင်လည်း ကူညီပေးပါတယ်။
နှလုံး ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် လေ့ကျင့်ခန်း အချို့ရှိပါတယ်။ ဒီလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ အသက်အရွယ် ရလာလို့ နှလုံးအားနည်းခြင်း ဝေဒနာမှ ကာကွယ်ပေးနိုင်ပါတယ်။
အေရိုးပစ် လေ့ကျင့်ခန်းများ

Photo: Freepik
အေရိုးပစ် လေ့ကျင့်ခန်းကတော့ ပေါ့ပေါ့ပါးပါးနှင့် ပြုလုပ်လို့ကောင်းတဲ့ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းများသည် နှလုံးသွေးကြောများအတွက် အထူးကောင်းမွန်ပြီး တစ်ပတ်လျှင် ၄ ကြိမ်မှ ၅ ကြိမ်အထိ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစား ဖြစ်ပါတယ်။
Resistance Training လေ့ကျင့်ခန်းများ
Resistance Training ဆိုတာကတော့ Strength Training နဲ့ အတူတူပဲဖြစ်ပါတယ်။ ခွန်အားနှင့် ကြွက်သားများ ကြီးထွားလာအောင် ပြုလုပ်ပေးတဲ့ လေ့ကျင့်ခန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်း အမျိုးအစားများထဲတွင် Lunges Lift ၊ Squats ၊ Bicycle Crunches ၊ Push-Ups နှင့် Plank လေ့ကျင့်ခန်းများကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
အကြောအခြင်များကို ပြောလျော့သွားစေမယ့် လေ့ကျင့်ခန်းများ

ဒီလေ့ကျင့်ခန်းများကတော့ တစ်နေရာတည်းမှာ ထိုင်နေရုံနဲ့တင် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို သက်သာစေပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းမှလည်း သက်သာစေပါတယ်။
လမ်းလျှောက်ခြင်း

လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းသည် နှလုံး ရောဂါ ဖြစ်ပွားခြင်းကို ၃၁ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တဲ့ အစွမ်းထက် လေ့ကျင့်ခန်း တစ်ခုပဲဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းဖြင့် ကောင်းသော ကိုလက်စတောများကို မြှင့်တင်ပေးပြီး သွေးတိုးရောဂါ ဖြစ်ပွားခြင်းမှလည်း လျော့ချပေးနိုင်ပါတယ်။
ရေကူးခြင်း

ရေကူးခြင်းကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို မြှင့်တင်ပေးတဲ့ အားကစားတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် ရေကူးကန်ထဲ မဆင်းခင်မှာ ရေရဲ့ အပူချိန်ကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။
ယောဂ ဆော့ခြင်း

ယောဂ ဆော့ကစားခြင်းသည် နှလုံးရောဂါအတွက်သာမက ခန္ဓာကိုယ်အတွက်ရော စိတ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ အသက်အရွယ် ကြီးလာမှ နှလုံးရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ထိန်းချုပ်ချင်တယ်ဆိုရင်တော့ အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
Source: Credihealth
Featured Image: Freepik

