လေ့ကျင့်ခန်းအမျိုးအစားတစ်ခုတည်းနဲ့ သင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီပိုများကို ဖယ်ရှားချင်ပါသလား။ ဒါဆိုရင်တော့ ပုရိသ တို့အနေနဲ့ Mountain Climbers လေ့ကျင့်ခန်းများကို ရွေးချယ်သင့်ပါတယ်။ ထိုလေ့ကျင့်ခန်းများသည် ခန္ဓာကိုယ်ရှိ အဆီပိုများ၊ အထူးသဖြင့် ဝမ်းဗိုက်ရှိ အဆီပိုများကို အချိန်တိုအတွင်း ဖယ်ရှားပေးနိုင်ပါတယ်။

ပုရိသတို့အနေနဲ့ အခုဖော်ပြပေးမယ့် Mountain Climbers လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၃ ကြိမ်၊ ၄ ကြိမ်ခန့် ပြုလုပ်ပေးခြင်းအားဖြင့် ဝမ်းဗိုက်ရှိ အဆီပိုများ ကျသွားမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

ပုရိသ Mountain Climbers

ပထမဦးဆုံး လေ့ကျင့်ခန်းတစ်ခုကတော့ အရှိန်နှေးနှေးလေးနဲ့ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒူးနှစ်ဖက်ကို အတွင်းထဲသို့ ရွေ့လိုက်၊ အပြင်ဘက်သို့ ထုတ်လိုက်ဖြင့် လေ့ကျင့်ခန်းပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ပုရိသ Mountain Climbers

ဒုတိယ် လေ့ကျင့်ခန်းအနေနဲ့ တွားသွားပြီးတော့ ခန္ဓာကိုယ်ကို ဘေးသို့စောင်းကာ အပေါ်မြှောက်ရမှာဖြစ်ပါတယ်။ ဘယ်၊ ညာ တစ်ဖက်စီကို တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ပုရိသ Mountain Climbers

နောက်လေ့ကျင့်ခန်းတစ်ခုကတော့ အရှိန်အနည်းငယ် မြှင့်ကာ ဆော့ကစားပေးရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ပုရိသ တို့ ပုံမှန်ပြုလုပ်နေကျ Mountain Climbers ကိုမှ အရှိန်မြှင့်ကာ ဆော့ကစားရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဘယ်ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

man workout

ဒီတစ်ခါကျတော့ ထိုင်ခုံအသုံးပြုကာ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ထိုင်ခုံပေါ်မှာ လက်ထောက်ထားပြီး ဒူးနှစ်ဖက်ကို ရင်ဘတ်ဆီသို့ တစ်လှည့်စီ ကွေးလိုက် ဆန့်လိုက် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

man workout

Source: Menshealth

ဒီလေ့ကျင့်ခန်းကိုတော့ Spiderman Mountain Climber လို့ အမည်ပေးထားပါတယ်။ သူကတော့ ခြေထာက်နှစ်ဖက်ကို ဘေးဘက်သို့ ကားထုတ်ကာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်း (၅) မျိုးကို တစ်ရက်လျှင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် အချိန်ပေးကာ ပြုလုပ်ပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဝမ်းဗိုက်ရှိ အဆီပိုများအားလုံး လျော့ကျသွားမှာပဲဖြစ်ပါတယ်။

Source: Runnersworld

Featured Image: 30dayfitness