ဆော်ဒီစူပါလိဂ်ရဲ့ အထင်ကရ ကလပ်အသင်း ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို ပါဝင် ကစားနေတဲ့ အယ်လ်နာဆာအသင်းရဲ့ ပြိုင်ဘက်ကလပ် အယ်လ်ဟီလဲလ်အသင်းဟာ မကြာခင်မှာပဲ လီယွန်နယ် မက်ဆီ ကို သူတို့အသင်းဆီ အရ ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိမ့်မယ်လို့ သိရှိရပါတယ်။

leo

Photo Credit : CNN

လက်ရှိမှာတော့ မက်ဆီက ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ (၂)နှစ်စာချုပ်ဟာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး မနေ့ညက ကလယ်မွန့်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လီဂူးပွဲစဉ်ဟာလည်း မက်ဆီ အတွက်တော့ ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံးသော ပွဲစဉ် ဖြစ်သွားခဲ့ရပါတယ်။ ပီအက်စ်ဂျီနဲ့ လက်တွဲဖြုတ်တော့မယ့် မက်ဆီကို သူ့အသင်းဟောင်း ဘာစီလိုနာ နဲ့ ငွေကြွေးတောင့်တင်းလှတဲ့ ဆော်ဒီကလပ် အယ်လ်ဟီလဲလ်တို့က အပြိုင် ကြိုးပမ်းနေရာ လတ်တလော အခြေအနေတွေအရတော့ မက်ဆီ ဖခင်ကိုယ်တိုင် မက်ဆီကို အဲလ်ဟီလဲလ်အသင်းဆီကိုပဲ ပြောင်းရွှေ့စေချင်နေပါတယ်။

messi

Photo Credit : Barca Universal

ဘာစီလိုနာက သူတို့ရဲ့ legend player ကြီး မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် လာလီဂါ ဘောလုံးအဖွဲ့ချုပ်နဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်ထားသလို မနက်ဖြန်မှာပဲ ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပေမယ့် တစ်ဖက်က အယ်လ်ဟီလဲလ်ကလည်း မက်ဆီ အတွက် တစ်နှစ်လုပ်ခ ယူရို သန်း(၄၀၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒီပမာဏက ရော်နယ်လ်ဒို အယ်လ်နာဆာအသင်းမှာ ရရှိနေတဲ့ တစ်နှစ်လုပ်ခထက် ယူရို သန်း(၁၇၀)အထိတောင် မြင့်မားလွန်းနေပါတယ်။

leo messi

Photo Credit : SPORT

စပိန်နိုင်ငံ အခြေစိုက် AS သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ အယ်လ်ဟီလဲလ်အသင်းဟာ လာမယ့် ဇွန်(၆)ရက်နေ့မှာပဲ သူတို့အသင်းက မက်ဆီကို ခေါ်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်လာလိမ့်မယ်လို့ အတိအလင်း ဖော်ပြသွားခဲ့ပါတယ်။ ဒီအချိန်မှာ ဘာစီလိုနာဘက်ကလည်း သူတို့နည်း သူတို့ဟန်နဲ့ မက်ဆီကို အသင်းဆီ ပြန်လည် ခေါ်ဆောင်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေတာဖြစ်လို့ မက်ဆီက လားရာဟာ ကတ်တလန်မြေဆီပဲလား ဒါမှမဟုတ် သူရဲ့ပြိုင်ဘက်ဟောင်းကြီး ရော်နယ်လ်ဒို ရှိရာ ဆော်ဒီမြေဆီကိုလား ဆိုတာကတော့…

Featured Photo : Sporting Throw