ဗလတောင့် တဲ့ ကိုကြီး နဲ့ ပိန်တာရို ကိုကြီးတို့ ယှဥ်လာတဲ့အခါ မဒီလေးတွေက ဘယ်သူ့ကို ရွေးချယ်မယ်လို့ ထင်ပါသလဲ။ သေချာတာကတော့ ဗလတောင့် တောင့် ကိုကြီး တွေက သူတို့အတွက် ပိုပြီး အားကိုးအားထား ပြုချင်စရာပါပဲ။ ကောင်မလေးတွေ မှီခိုအားထားချင်စရာ ခန္ဓာကိုယ်ကြီး ဖြစ်သွားအောင် ကြိုးစားချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ် ယုံကြည်ချက်အပြည့် ရှိနေချင်ရင်ပဲဖြစ်ဖြစ် ဒီလေ့ကျင့်ခန်းများကို ကွီးတို့ကို အကူအညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေကို ပြုလုပ်တဲ့အခါ တစ်ရက်ခြားစီ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ တနင်္လာနေ့ လေ့ကျင့်ခန်းလုပ်၊ အင်္ဂါနား၊ ဗုဒ္ဓဟူးဆော့၊ ကြာသပတေးနား၊ သောကြာ ဆော့၊ စနေ၊ တနင်္ဂနွေ နား တဲ့ ပုံစံအတိုင်း စနစ်ကျကျ ဆော့ကစားရပါမယ်။

လေ့ကျင့်ခန်း (၁)

exercises

Source: Tenor

ဒီလေ့ကျင့်ခန်းလေးကို ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရပါမယ်။ ကွီးတို့ရဲ့ ရင်အုပ်ကြွက်သား၊ ပုခုံးကြွက်သားနှင့် လက်မောင်းကြွက်သားတို့ကို သန်မာလာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

exercises

Source: Menshealth

အလေးတန်းကို ပုခုံးပေါ်မှာ တင်ထားပြီး တင်ပါးနောက်ပစ်ကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ရင်ပါးကြွက်သား၊ ပေါင်အရှေ့ဘက်ခြမ်းရှိ ကြွက်သားများကို သန်မာလာစေမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

ဗလတောင့် ကိုကြီး

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားနှင့် နောက်ကျောရှိ ကြွက်သားများကို သန်မာတောင့်တင်းလာစေမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

ဗလတောင့် ကိုကြီး

Source: Gfycat

ပုံမှာ ပြထားတဲ့အတိုင်း ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်မှာ အလေးတုံးလေး ညှပ်ထားလိုက်ပါ။ ထို့နောက် ပုံပါအတိုင်း အလေးတုံးကို ခြေထောက်ဖြင့် ဆွဲယူရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ဒီလေ့ကျင့်ခန်းကတော့ ပေါင်အနောက်ရှိ ကြွက်သားများကို သန်မာလာစေမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဗလတောင့် ကိုကြီး

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ပုခုံးကြွက်သား၊ နံရိုးဘေးရှိ ကြွက်သားများကို သန်မာလာစေမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

ဗလတောင့် ကိုကြီး

Source: Tenor

ခါးကို အနောက်သို့ အနည်းငယ် စောင်းထားပြီး ခါးမတ်မတ်ထားကာ ထိုင်နေပါ။ ထို့နောက် လေ့ကျင့်ခန်း ပြုလုပ်တဲ့ Resistance Band ကို ခြေထောက်နှစ်ဖက်မှာ ထိန်းထားပြီး လက်နှစ်ဖက်က ကြိုးကို မျက်နှာဆီသို့ ဆွဲယူရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ် နောက်ကျောရှိ ကြွက်သားများကို သန်မာလာစေမှာပဲ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေကို စနစ်တကျပြုလုပ်မယ်ဆိုရင် ကွီးတို့လည်း ဗလတောင့် တဲ့ ကိုကြီး တစ်ယောက်ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

Source: Builtwithscience

Featured Image: Freepik