ဗိုက်ရွှဲ လို့ စိတ်ညစ်နေတဲ့ ကွီးတို့အတွက် ဝမ်းဗိုက်ရှိ အဆီပိုများအားလုံးကို ဖယ်ရှားပေးမယ့် Workout လေ့ကျင့်ခန်းများကို ဝေမျှပေးချင်ပါတယ်။ တကယ်တော့ ဝမ်းဗိုက်အဆီများကို မြန်မြန်ဆန်ဆန်ကျချင်တယ်ဆိုရင် လေ့ကျင့်ခန်းတစ်ခုတည်း ပြုလုပ်ရုံနဲ့ မရပါဘူး။ အဆီ၊ အဆိမ့်များ လျော့စားပြီး အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ သွားရေစာများကို လုံးဝ မစားဘဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Diet Plan ကို ပြုလုပ်မှသာလျှင် ဗိုက်အဆီများ မြန်မြန်ကျမှာ ဖြစ်ပါတယ်။

ဗိုက်ရွှဲ ရွှဲ ကွီးတို့အတွက် ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပေးမယ့် Workout လေ့ကျင့်ခန်းများကတော့ …

လေ့ကျင့်ခန်း (၁)

ဗိုက်ရွှဲ Workout

Source: Gfycat

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ဝမ်းဗိုက်ကြွက်သားများကို အသုံးပြုကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွပေးရမှာပဲဖြစ်ပါတယ်။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

ဗိုက်ရွှဲ Workout

Source: Gfycat

ဒီလေ့ကျင့်ခန်းကတော့ ဒိုက်ထိုး လေ့ကျင့်ခန်းနှင့် ခုန်တဲ့ လေ့ကျင့်ခန်း နှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းလုပ်ရတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

ဗိုက်ရွှဲ Workout

Source: Pinterest

ခြေထောက်နှစ်ဖက်ကို ခပ်ကျဲကျဲလေး ချဲထားလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်က အလေးတုံး နှစ်တုံးကို ကိုင်ထားလိုက်ပါ။ ထို့နောက် အလေးတုံးကို တစ်ဆင့်ချင်းစီ အောက်ချပြီးနောက် တင်ပါးကို နောက်ပစ်ကာ Squat ထိုင်လိုက်ပါ။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

ဗိုက်ရွှဲ Workout

နောက်လေ့ကျင့်ခန်းတစ်ခုကတော့ ပြေးခြင်း (သို့) လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒါမှမဟုတ် ထိုလေ့ကျင့်ခန်း နှစ်မျိုးစလုံးကို ပေါင်းလုပ်လို့လည်းရပါတယ်။ မိနစ် ၃၀ ခန့် ပြုလုပ်ပေးခြင်းအားဖြင့် ဝမ်းဗိုက်ရှိ အဆီပိုများ တဖြည်းဖြည်း လျော့ကျသွားမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

exercises

Source: Menshealth

ကြမ်းပြင်ပေါ်မှာ လက်နှစ်ဖက် ထောက်ထားလိုက်ပါ။ ထို့နောက် ညာဒူးကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ တစ်ဖန် ဘယ်ဒူးကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ဒီလိုမျိုး တစ်လှည့်စီ​ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁ မိနစ်၊ ၃ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

exercises

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ Squat ထိုင်ပြီး ခုန်ရမယ့် Squat Jump လေ့ကျင့်ခန်းလေးပဲ ဖြစ်ပါတယ်။ ၁ မိနစ်အတွင်း အကြိမ်ရေ များများ ပြုလုပ်နိုင်လေ ကယ်လိုရီ များများ လောင်ကျွမ်းလေပါပဲ။ စုစုပေါင်း ၁ မိနစ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

အထက်ဖော်ပြပါ လေ့ကျင့်ခန်း များကတော့ ဗိုက်ရွှဲ လို့ စိတ်ညစ်နေတဲ့ ကွီးတို့အတွက် ဝမ်းဗိုက်အဆီပိုများကို ဖယ်ရှားပေးမယ့် Workout (၆) မျိုးပဲ ဖြစ်ပါတယ်။

Source: Fit360fl

Featured Image: Freepik