ဆော်ဒီအာရေဗျ ကလပ် အယ်လ်အီတီဟတ်ဒ်အသင်းဆီကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဝါရင့် တိုက်စစ် ကစားသမားကြီး ကာရန် ဘန်ဇီမာ ရဲ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ရီးယဲလ် မက်ဒရစ်အသင်း ချိန်ရွယ်နေတဲ့ တိုက်စစ် ကစားသမား (၅)ဦးအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

ဖာမီနို

firmino

Photo Credit : Sports Illustrated

လီဗာပူးလ်အသင်းနဲ့ လက်တွဲဖြုတ်ထားခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကို ခေါ်ယူမယ်ဆိုရင်တော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး ဝါရင့် ကစားသမား လည်း ဖြစ်သလို ဗင်နီစီယပ်စ် ရိုဒရီဂိုတို့လို ဘရာဇီးလ် ကြယ်ပွင့်တွေနဲ့လည်း တိုက်စစ်မှာ တွဲဖက် ကစားနိုင်မှာ ဖြစ်ပါတယ်။

ဟာရီကိန်း

harry kane

Photo Credit : Sky Sports

ကိန်းကတော့ ဘန်ဇီမာနေရာအတွက် အကောင်းဆုံး အစားထိုးမှု ဖြစ်စေနိုင်မှာ သေချာပါတယ်။ ခက်တာက ကိန်းက အသက်(၃၀)လောက် ဖြစ်နေတာတောင် သူရဲ့တန်ကြေးက မြင့်မားလွန်းနေပြီး ကစားသမား ကိုယ်တိုင်ကလည်း သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဇဝေဇဝါ ဖြစ်နေသေးတာမို့ ကိန်းကို ခေါ်ယူဖို့က သိပ်မလွယ်ကူနိုင်ပါဘူး။

ဟာဗက်ဇ်

kai havertz

Photo Credit : The Short Fuse

ဒီကစားသမားကို အန်ဆလော့တီက လိုချင်နေသလို ကိုင်ဟာဗက်ဇ် ကိုယ်တိုင်ကလည်း ရီးယဲလ်ကို ပြောင်းချင်နေတယ်။ ပြဿနာက ချယ်လ်ဆီးပါ။ ဟာဗက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ရီးယဲလ်က ကမ်းလှမ်းချင်နေတဲ့ တန်ကြေးထက် ပိုမို အလိုရှိနေလို့ ရီးယဲလ်ဘက်က ဟာဗက်ဇ်ကို ခေါ်ယူဖို့ လက်လျှော့ဖွယ်သာ ရှိနေပါတယ်။

မူအာနီ

kolo muani

Photo Credit : Bavarian Football Works

ဒီရာသီမှာ ဖရန့်ဖတ်အသင်းနဲ့ တောက်ပလာခဲ့သူ မူအာနီကတော့ ယူရိုသန်း (၁၀၀) ဈေးသတ်မှတ်ခံထားရတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး performance ကောင်းတွေ ပြသနိုင်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း ခြေစွမ်းပိုင်း နဲ့ တန်ကြေးကြား အရမ်းကွာဟလွန်းနေသလို ဒီကစားသမားကိုလည်း ကလပ်အသင်း များစွာက စိတ်ဝင်စားနေကြပါတယ်။

မာတီနက်ဇ်

lautaro martínez

Photo Credit : The Times

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားအပြီး ကတည်းက အင်တာအသင်းအတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ဆက်တိုက် ပြသလို့နေတဲ့ အာဂျင်တီးနား တိုက်စစ် ကစားသမား မာတီနက်ဇ်ကိုလည်း ယူရို သန်း(၁၀၀)အောက်နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သတင်းထွက်လာခဲ့ပြီး ဒီအပြောင်းအရွှေ့ဟာလည်း စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Featured Photo : Goal