ပီအက်စ်ဂျီအသင်းရဲ့ အသင်း ဥက္ကဌ နာဆာ အယ်လ်ခါလိုင်ဖီက သူတို့တွေအနေနဲ့ အသင်းအတွက် အရေးပါလွန်းသူ ထိပ်တန်း ကစားသမား ကီလီယန် အမ်ဘာပေကို အလွတ် ပြောင်းရွှေ့ကြေးမျိုးနဲ့ လက်လွတ်သွားနိုင်မှာ မဟုတ်ကြောင်း အသိပေး ထုတ်ပြန်သွားခဲ့ပါတယ်။

Al Khelaifi Kylian

Photo Credit : Fabrizio Romano

ဘာပေက ပီအက်စ်ဂျီအသင်းနဲ့ ပြီးခဲ့တဲ့ နှစ် နွေရာသီကမှ (၂)နှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် တိုးမြှင့်ထားခဲ့ပြီး one year option ကိုလည်း ထည့်သွင်းခဲ့ပေမယ့်လည်း ဘာပေကိုယ်တိုင်က ဒီ option အတိုင်း လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့တာကြောင့် ဘာပေဟာ ၂၀၂၄ နွေရာသီမှာပဲ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာခွင့် ရရှိပါလိမ့်မယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်ကတော့ ဘာပေလို world-class player ကောင်းတစ်ဦးကို free transfer နဲ့ ထွက်ခွာခွင့်ပေးမှာ မဟုတ်ပဲ တကယ်လို့ ဘာပေသာ စာချုပ်သက်တမ်း မတိုးဘူးဆိုရင် အခု ဈေးကွက်ထဲမှာပဲ ရောင်းချမယ်လို့ အတိအလင်း ထုတ်ပြန်လာခဲ့ပါတယ်။

Mbappé

Photo Credit : Fabrizio Romano

အယ်ခါလိုင်ဖီရဲ့ ပြောစကားတွေမှာလည်း သူ့အနေနဲ့ ဘာပေကို စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး အခု တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်အတွင်းမှာပဲ အဆုံးအဖြတ် ပေးသွားရမယ်လို့ အသိပေးလိုက်ပြီး တကယ်လို့သာ ဘာပေက စာချုပ်သစ် ကမ်းလှမ်းထားမှုကို လက်မခံဘူးဆိုရင်တော့ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ရောင်းချသွားတော့မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီလို အသိပေး ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ဘာပေကိုယ်တိုင်ကတော့ ပီအက်စ်ဂျီမှာ ၂၀၂၄အထိ ဆက်ရှိနေပြီး စာချုပ်သက်တမ်း ပြည့်ချိန်မှသာ အသင်းကနေ free agent နဲ့ ထွက်ခွာဖွယ်သာ ရှိနေပါတယ်။

Kylian

Photo Credit : Fabrizio Romano

ဒီလို ဖြစ်နေချိန်မှ ပီအက်စ်ဂျီအသင်းက အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်ထားပြီး ယခင်နည်းပြ ဂယ်လ်တီယာ နေရာမှာ လူးဝစ် အန်နရီကေး ဝင်ရောက်လာခဲ့ကာ အန်နရီကေးအနေနဲ့ ဘာပေ situation နဲ့ ပတ်သက်လို့ ခေါင်းခြောက်စရာတွေနဲ့ ထပ်မံ ရင်ဆိုင်ရဖွယ်လည်း ရှိနေပြန်ပါတယ်။

Featured Photo : Fabrizio Romano