အားကစားလုပ်ရာမှာ တတ်ကျွမ်းသူတွေဆီက အကူအညီနဲ့ အကြံဉာဏ်အတိုင်း လုပ်ဆောင်ရင် ရလဒ်ကောင်းထွက်သလို ထိခိုက်နစ်နာမှုလည်း လျော့ကျစေပါတယ်။ Bodybuilding လုပ်နေချိန်မှာ ကိုယ်လိုချင်တဲ့ ဘော်ဒီထွက်လာဖို့ Trainers တွေ ပြောတဲ့ အကြံအတိုင်းလုပ်ဖို့ အရေးကြီးပါတယ်။ Trainer တွေ သင့်ကို ပေးမယ့် အကြံတွေထဲမှာ အခုပြောမယ့် အကြံပြုချက်တွေလည်း ပါဝင်ပါတယ်။

(၁) သူ့ရက်နဲ့သူ့အပိုင်း ကစားပေးပါ

Run

Photo : Pexels

လူအတော်များများက တချိန်တည်းမှာ အားလုံးကို လုပ်ကြည့်ချင်တတ်ကြပါတယ်။ တစ်ရက်တည်းနဲ့ ဝိတ်တင်တယ် ၊ ဘော်ဒီ Fit ဖြစ်ပြီး အဆီကျစေမယ့် လေ့ကျင့်ခန်းလည်း လုပ်တယ်။ ဒီလိုနဲ့ စွမ်းအင်စနစ်တွေ ပင်ပန်းအောင် လုပ်နေသလို ဖြစ်လာတာပါ။ Trainers တွေကတော့ Cardio ကစားမယ့်နေ့မှာ Cardio ကစားပြီး ဝိတ်ကစားရမယ့် နေ့မှာ Weight Training လုပ်ဖို့ အကြံပေးကြပါတယ်။

(၂) ညကို ကာဗွန်ဟိုက်ဒရိတ် မစားနဲ့

Foods

Photo : Pexels

ညစာမှာ ကာဗွန်ဟိုက်ဒရိတ် ရှောင်တာဟာ လက်ဝှေ့ဘောက်ဆင်သမားတွေ ဟိုးအရင်ကတည်းက လုပ်ဆောင်လာတဲ့ ဝိတ်ချရေးနည်းလမ်းထဲက တစ်ခုဖြစ်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်မြင့်တဲ့ အစားအသောက်တွေကို ညနေ ၆ နာရီကနေ နောက်တစ်နေ့ Breakfast မတိုင်ခင်အထိ မစားဘဲ ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၃) သွေးပူလေ့ကျင့်ခန်းပုံစံ ပြောင်းပါ

Stretching

Photo : Pexels

တစ်ပတ်ကို Gym နှစ်ကြိမ် သွားဖြစ်တယ်ဆိုရင် အကြောလျှော့တာကို ၄ ကြိမ် လုပ်ပေးဖို့ လိုပါတယ်။ Warm-Up ကစားတာဟာ ကြွက်သားတွေထဲက တစ်သျှူးအမာရွတ်ပြိုကွဲစေပြီး အားကစားလုပ်ရာမှာ လန်းလန်းဆန်းဆန်းနဲ့ အဆင်သင့်ဖြစ်စေနိုင်ပါတယ်။

(၄) အရေးကြီးတဲ့ လေ့ကျင့်ခန်း အရင်လုပ်ပါ

Weight

Photo : Pexels

ရှုပ်ထွေးတဲ့ လေ့ကျင့်ခန်းတွေကို အမြဲတမ်းပဲ အရင်ဆုံးလုပ်ဖို့လည်း Trainers တွေက အကြံပြုပါတယ်။ အရေးကြီးတဲ့ အဓိကကြွက်သားတွေ အရင်ကစားပေး ၊ Squat ၊ Deadlifts ကစားတာတွေကို အရင်လုပ်ပါ။ ပြီးမှ Minor Muscle ကစားပါလို့ ဆိုပါတယ်။

(၅) နံပါတ်တွေ မေ့ထားပါ

Workout

Photo : Pexels

Bench Press ဘယ်နှစ်ပေါင်ကို ဘယ်နှစ်ကြိမ် မ,နိုင်တယ်ဆိုတာထက် ကိုယ်မ,တဲ့ ဝိတ်ပေါ် အာရုံစိုက်မှုထားဖို့က ပိုအရေးကြီးပါတယ်။ အားကစားမှာ စိတ်စိုက်မှုကလည်း ဘယ်နှစ်ကျော့ကစားတယ်ဆိုတာလိုမျိုး အရေးပါပါတယ်။

Featured Photo : yourhealth