သက်လုံစွမ်းအား မြှင့်တင်ဖို့ဆိုရင် စားသောက်နေထိုင်မှု ၊ အာဟာရဓာတ် ၊ အိပ်ချိန် နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက အခြေခံအကျဆုံး အချက်တွေ ဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ် ခံနိုင်ရည်နဲ့ သက်လုံစွမ်းအားကို မြင့်တင်ပေးနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာက အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာမှာ ကြံ့ခိုင်သန်မာမှုရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အလုံးစုံ စွမ်းအင်ကို တိုးမြှင့်စေပါတယ်။ ဒီတစ်ခါမှာတော့ လူတိုင်းပြုလုပ်နိုင်တဲ့ သက်လုံစွမ်းအား မြှင့်တင်ပေးနိုင်မယ့် လွယ်ကူရိုးရှင်းဆုံး လေ့ကျင့်ခန်း နည်းတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Hiking ထွက်ခြင်း

Photo : Travel Tips – USA Today

တောတွင်း ခရီးကြမ်းလမ်းလျှောက်လို့ခေါ်တဲ့ Hiking ထွက်ခြင်းဟာ သက်လုံစွမ်းအားနဲ့ ကြံ့ခိုင်မှုကို တိုးတက်စေရုံမက သဘာဝတရားကြီးနဲ့ ထိတွေ့နိုင်မယ့် အကောင်းဆုံး အားကစားနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။

(၂) ယောဂကစားခြင်း

Photo : Business Insider

အပြင်းအထန်လှုပ်ရှားမှုရှိမှ သက်လုံစွမ်းအား တိုးစေတာ မဟုတ်ပါဘူး။ ယောဂကစားခြင်းကလည်း သက်လုံစွမ်းအားနဲ့ ခံနိုင်ရည်ကို တိုးတက်ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ အသက်ရှုခြင်းနဲ့ လှုပ်ရှားမှုတွေကို ချိတ်ဆက်ပေးပြီး ခန္ဓာကိုယ်စွမ်းအင်ကို မြှင့်တင်ပေးတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

(၃) လှေကားတက်ခြင်း

Photo : Canadian Running Magazine

သက်လုံစွမ်းအား ကောင်းစေမယ့် နောက်ထပ်လေ့ကျင့်ခန်းကတော့ လှေကားတက်တာပါပဲ။ လှေကားတက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ ကြွက်သားအုပ်စုတွေကို ထိရောက်မှုရှိစေပြီး နှလုံးခုန်နှုန်းနဲ့ သက်လုံစွမ်းရည်ကို အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်ပါတယ်။

(၄) စက်ဘီးစီးခြင်း

Photo : Cycling Weekly

စက်ဘီးစီးခြင်းဟာ ခန္ဓာကိုယ်ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေရုံမက သက်လုံစွမ်းအား မြှင့်တင်ပေးမယ့် ပျော်စရာအကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အချိန်နေရာမရွေး ပြုလုပ်နိုင်ပြီး အဖွဲ့လိုက်ဖြစ်စေ ၊ တစ်ယောက်ချင်းဖြစ်စေ စိတ်ကြိုက် ကစားနိုင်ပါတယ်။

(၅) ဝိတ်ကစားခြင်း

Photo : Your Health

Strength Training သို့မဟုတ် Weight Training တွေဟာ ခန္ဓာကိုယ်အဆီပိုတွေကို ဖယ်ရှားပေးပြီး ကြွက်သားတောင့်တောင့်နဲ့ ကျစ်လစ်သန်မာတဲ့ဘော်ဒီရဖို့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဝိတ်ကစားခြင်းနဲ့အတူ Cardio လေ့ကျင့်ခန်း တွေကို ပေါင်းစပ်ပြုလုပ်ပေးမယ်ဆိုရင်တော့ သက်လုံစွမ်းအား ကိုပါ တိုးတက်လာစေမှာ ဖြစ်ပါတယ်။

Featured Photo : Verywell Fit