မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားသွားခဲ့တဲ့ မန်ယူနိုက်တက်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အိမ်ရှင် ယူနိုက်တက် က ဒုတိယပိုင်းအတွင်း comeback သွင်းဂိုးတွေနဲ့ ဘာစီလိုနာကို အနိုင်ယူခဲ့ပြီး ရှုံးထွက် (၁၆)သင်းအဆင့်ဆီ တတ်လှမ်းသွားခဲ့ရပါတယ်။

Lewy

Photo Credit : Twitter

နူးကမ့်မှာ တစ်ဖက်ကို (၂)ဂိုးစီ သရေကျထားခဲ့လို့ နှစ်သင်းလုံးမှာ အခွင့်အရေး ဆတူ ရှိနေတာကြောင့် အခုပွဲမှာ နှစ်သင်းလုံး အသေအချာ ကစားလာခဲ့ရင်း ဖာနန်ဒက်စ် ဘယ်လ်ဒီကို ဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ဘာစီလိုနာကို ပင်နယ်တီ ကန်သွင်းခွင့်ပေးခဲ့ကာ လီဝန်ဒေါစကီးက အမှားအယွင်းမရှိ သွင်းယူခဲ့ပါတယ်။ ပထမပိုင်းထဲ ဂိုးရသွားတဲ့ ဧည့်သည်အသင်းက စိတ်ကြိုက် ကစားခဲ့ပြီး အိမ်ရှင် ယူနိုက်တက် တော့ ပထမပိုင်းထဲ ရုန်းကန်ခဲ့ရပါတယ်။

antony

Photo Credit : Twitter

ဒုတိယပိုင်း ပြန်စချိန်မှာ ဗက်ဟို့စ်နေရာ အန်တိုနီကို လူစားလဲခဲ့ရင်း (၂)မိနစ်လောက်အကြာမှာပဲ ဖရက်က ချေပဂိုး သွင်းယူခဲ့သလို ဆန်ချိုနေရာ ဂနာချိုကို ထည့်လာချိန်မှာလည်း အန်တိုနီက ယူနိုက်တက် အတွက် အနိုင်ဂိုးကိုပါ ထပ်မံ သွင်းယူလာနိုင်ခဲ့ပါတယ်။ ဒါဟာ နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ လူစားလဲ မှန်ကန်မှု နည်းစနစ် အပြောင်းအလဲ ကောင်းမွန်မှုတွေကြောင့်ဖြစ်ပြီး ပြိုင်ပွဲစုံမှာ (၁၈)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိသေးတဲ့ ဇာဗီရဲ့ ဘာစီလိုနာကိုပါ အနိုင်ယူ ကျော်ဖြတ်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

manutd

Photo Credit : Twitter

အခုဆိုရင်တော့ မန်ယူနိုက်တက်ဟာ ရှုံးထွက် ပလေးအော့အဆင့်ကို ကျော်ဖြတ်နိုင်ပြီဖြစ်လို့ (၁၆)သင်းအဆင့်အတွက် ဘယ်အသင်းနဲ့ ထပ်မံ ရင်ဆိုင်သွားရမလဲဆိုတာကို ဒီနေ့ညနေမှာပဲ သိရှိလာရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ဘာစီလိုနာကို အနိုင်ယူထားခဲ့ပြီးနောက်ပိုင်း လာမဲ့ တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်း လိဂ်ဖလား ဗိုလ်လုပွဲစဉ်ကို ထပ်မံ ဆင်နွဲသွားရဦးမှာဖြစ်လို့ ယူနိုက်တက်အတွက် အချိန်မြိန်ဆုံး ဖေဖော်ဝါရီလ ဖြစ်သွားမလားဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Featured Photo : Twitter