ယနေ့ခေတ်မှာ အန္တရာယ်ဆိုတာသည် အချိန်မရွေး ကြုံတွေ့လာနိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ညအချိန်မှပဲ အန္တရာယ်ကြုံတွေ့နိုင်တာ မဟုတ်ပါဘူး။ လင်းလင်းထင်းထင်း ဖြစ်နေတဲ့ နေ့အချိန်မှာတောင် လူမိုက်များ၊ လူရမ်းကားများက ကွီးတို့အလစ်ကို ချောင်းနေတာဖြစ်ပါတယ်။ ဒီလိုမျိုး အန္တရာယ် များမြောင် ဤလူ့ဘောင်တစ်ခွင်မှာ ယောကျာ်း သားတို့ဘဝ လုံခြုံဖို့ဆိုရင် တတ်မြောက်ထားသင့်တဲ့ ကိုယ်ခံပညာ များ ရှိပါတယ်။

လက်ဝှေ့ပဲ ထိုးမလား၊ တိုက်ကွမ်ဒို (သို့) ဂျူဒိုပဲ ဆော့ကစားမလား၊ ကွီးတို့ အားသန်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒီလိုမျိုး အားကစားများ လိုက်စားတဲ့အခါ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး ယောကျာ်း ပီပီသသနှင့် ဘယ်အန္တရာယ်ပဲလာလာ ကိုယ်တတ်ထားတဲ့ ကိုယ်ခံပညာ ရပ်နှင့် ခုခံပစ်လိုက်လို့ရပါတယ်။

ဘယ်လို ကိုယ်ခံပညာရပ်များကို တတ်မြောက်ထားခြင်းက အကောင်းဆုံးဖြစ်မလဲ။

လက်ဝှေ့ ထိုးခြင်း

boxing

လက်ဝှေ့အားကစားကတော့ ဘောလုံး အားကစားပြီးရင် ဒုတိယ လူကြိုက်အများဆုံး အားကစားတစ်ခုပဲဖြစ်ပါတယ်။ လက်ဝှေ့ ထိုးသင်တဲ့အခါ ခြေကန်ခြင်းနှင့် လက်ဝှေ့ထိုးချက်တို့ကို စည်းချက်ကျကျ လုပ်ဆောင်တတ်ဖို့ သင်ယူရမှာပဲဖြစ်ပါတယ်။ ကျွမ်းကျင်သွားတဲ့အခါမှာတော့ ကိုယ့်ကို ဘယ်သူပဲ အန္တရာယ် လာပေးပေး မကြောက်တော့ပါဘူး။ ကွီးတို့အနေနဲ့ ဒီကိုယ်ခံပညာကိုတော့ မဖြစ်မနေ တတ်မြောက်ထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။

ကရာတေး ဆော့ကစားခြင်း

karate

ကရာတေးသည်လည်း နာမည်ကြီး ကိုယ်ခံပညာတစ်ခုပဲ ဖြစ်ပါတယ်။ အနောက်တိုင်း ကိုယ်ခံပညာတွေနဲ့ ယှဥ်ရင်တော့ လူကြိုက် သိပ်မများပေမယ့် အခြေအနေ တစ်စုံတစ်ရာ ကြုံလာခဲ့သော် အသုံးပြုနိုင်တဲ့ ပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်။

ဂျူဒိုဆော့ခြင်း

ယောကျာ်း ကိုယ်ခံပညာ

ဂျူဒိုကတော့ ဂျပန်နိုင်ငံကနေ အစပြုခဲ့တဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ ကမ္ဘာမှာလည်း ယနေ့ထိတိုင် လူကြိုက်များ၊ နာမည်ကြီးတဲ့ ကိုယ်ခံပညာ အားကစားတစ်ခုဖြစ်ပါတယ်။ ကွီးတို့လည်း တတ်မြောက်ထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

တိုက်ကွမ်ဒို

ယောကျာ်း ကိုယ်ခံပညာ

Photo: Reuters

တိုက်ကွမ်ဒို ဆိုတာကတာ့ ကိုရီးယား ကိုယ်ခံပညာ အားကစားတစ်ခုပဲ ဖြစ်ပါတယ်။ Choi Hong Hi ဆိုသူနှင့် စစ်တပ်မှ အရာရှိ နှစ်ယောက်ခန့်၊ ကိုယ်ခံပညာရှင်အချို့တို့နှင့် ပူးပေါင်းကာ တီထွင်ခဲ့တဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက တဖြည်းဖြည်းနဲ့ အသုံးများလာပြီး စတင်နာမည်ကြီးလာတဲ့ ပညာရပ်တစ်ခုပါ။

မွှေ့ထိုင်း

ယောကျာ်း ကိုယ်ခံပညာ

နောက်ထပ် ထိရောက်မှုရှိတဲ့ ကိုယ်ခံပညာကတော့ မွှေ့ထိုင်းပဲဖြစ်ပါတယ်။ သူ့ကို နောက်တစ်မျိုး ခေါ်တာကတော့ Thai Kickboxing ပဲဖြစ်ပါတယ်။ မွှေ့ထိုင်းကစားတဲ့အခါ ဒူးနှင့်တံတောင်တို့ကို အဓိကထားကာ အသုံးပြုပြီး ခုခံရမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ကိုယ်ခံပညာရပ်တွေထဲက ဘယ်ပညာရပ်ကို တတ်မြောက်ထားပါသလဲ။

Source: Wayofmartialarts

Featured Image: Freepik