ရှော်တီလေးတွေရဲ့ အကြည့်ကို ညှို့ငင်ဖမ်းစားဖို့ဆိုရင်တော့ ရင်အုပ် တောင့်တောင့်၊ ရုပ်ဖြောင့်ဖြောင့် ကွီး တစ်ယောက်ဖြစ်အောင် ကြိုးစားရမှာပါပဲ။ ရင်အုပ် တောင့်တောင့်နဲ့ ဗလကျစ်လျစ်တဲ့ ကွီးတစ်ယောက်ဖြစ်အောင် ကြိုးစားရတာလည်း မခက်ပါဘူး။

အခုဖော်ပြမယ့် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ရင်အုပ် ကြွက်သားများကျစ်လျစ်ပြီး ဗလတောင့်တဲ့ ကွီးတစ်ယောက်ဖြစ်နိုင်ပါပြီ။

လေ့ကျင့်ခန်း (၁)

exercise chest workout

ပထမဦးဆုံး လေ့ကျင့်ခန်းကို အလယ္ဦးဆုံး လေ့ကျင့်ခန်းနဲ့ စလိုက်ရအောင်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့အားလုံး အချိန်မရွေး၊ နေရာမရွေးမှာ အလွယ်လေး ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ၁၀ ကြိမ်၊ ၂ ကျော့မှ ၃ ကျော့ခန့်အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

exercise chest workout

Source: Tenor

လေ့ကျင့်ခန်း (၁) ပြုလုပ်တုန်းကတော့ ဘာပစ္စည်း ကိရိယာမှ မလိုအပ်ပေမယ့် ဒီလေ့ကျင့်ခန်းအတွက်တော့ အလေးတန်းတစ်ခု လိုအပ်ပါမယ်။

ပုံပါအတိုင်း ခုံပေါ်မှာ လှဲလျောင်းနေပြီး အလေးတန်းကို ကိုင်ထားလိုက်ပါ။ (လက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားဖို့ လိုအပ်ပါတယ်)

ထို့နောက် တံတောင်ကို ကွေးလိုက်၊ ဆန့်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

exercise chest workout

Source: Bodybuilding Wizard

ဒီလေ့ကျင့်ခန်းကတော့ စောစောက လေ့ကျင့်ခန်း (၂) နဲ့ အတူတူပါပဲ။ အလေးတန်းကို ကိုင်တဲ့ အနေအထားပဲ ကွဲသွားမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းမှာတော့ လက်နှစ်ဖက်ကို အကျယ်ကြီး ချဲမထားဘဲ တစ်ခုနှင့် တစ်ခု ထိနေအောင် ထားထားပြီး အလေးတန်းကို ကိုင်ကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ရင်အုပ် ကွီး

Source: Menshealth

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် ခုံကို ရေပြင်ညီမျဥ်းအတိုင်း မထားဘဲ စောင်းထားရမှာဖြစ်ပါတယ်။ ခုံပေါ်မှာ စောင်းကာ လှဲလျောင်းနေပြီးနောက် အလေးတုံးကို အပေါ်မြှောက်လိုက်၊ ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ရင်အုပ် ကွီး

Source: Gfycat

အရင်ဦးဆုံး ပုံပါအတိုင်း ခြေထောက်နှစ်ဖက်ကို အရှေ့အနောက် ခွဲထားပါ။ ထို့နောက် ကေဘယ်ကြိုးကို ကိုင်ဆွဲကာ ရင်အုပ် ကြွက်သားရဲ့ ညှစ်အားကို အသုံးပြုကာ ကွီး တို့လက်ကို ရင်ဘတ်အရှေ့သို့ ဆွဲယူရမှာဖြစ်ပါတယ်။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

ရင်အုပ် ကွီး

Source: Gfycat

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် အားကစားကိရိယာ ထွေထွေထူးထူး မလိုအပ်ပါဘူး။ ခုံတစ်ခုံရှိရုံနဲ့တင် လုံလောက်ပါတယ်။ လက်နှစ်ဖက်ကို ခုံပေါ်မှာ နောက်ပစ်ထားပြီးနောက် တံတောင်ကို ကွေးကာ ခန္ဓာကိုယ်ကို အပေါ်ကြွလိုက်၊ အောက်သို့ နှိမ့်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

Source: Forbes

Featured Image: Freepik