ဒီဘက်ခေတ် ကျန်းမာရေးလိုက်စားသူကြားမှာ ယောဂကစားနည်းက အရမ်းကို ရေပန်းစားလာပါတယ်။ ယောဂကစားခြင်းကို အမျိုးသမီးတွေသာ အမျိုးသားတွေပါ အလေးမြတ်ထား လိုက်စားလာကြပြီ ဖြစ်ပါတယ်။ ယောဂကစားခြင်းမှာ စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး အကျိုးကျေး ဇူးတွေ များစွာရှိနေပါတယ်။ ဒီတစ်ခါမှာတော့ ယောဂကစားခြင်း ကနေ ကွီးတို့ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) အကြောအချဉ် ပျော့ပျောင်းစေတယ်


Photo : Men’s Yoga Journal

အသက်ကြီးလာရင် လူတွေဟာ အကြောအချဉ်တွေ တင်းမာတောင့်တင်းပြီး လှုပ်ရှားဖို့ခက်လာတတ်ပါတယ်။ ယောဂကတော့ လူရဲ့ အကြောအချဉ်နဲ့အဆစ်အမြစ်တွေ ပျော့ပျောင်းစေပြီး လှုပ်ရှားလို့ပိုကောင်းစေပါတယ်။

(၂) ဖိအားလျော့ပါးစေတယ်


Photo : Verywell Fit

စိတ်ဖိစီးမှူဟာ ကျွန်တော်တို့ခေတ်ရဲ့ ရောဂါတစ်ရပ်ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက်အလုပ်ဖိအားတွေ ၊လူမှူဖိအားတွေ နဲ့လုံးချာလည်လိုက်နေတဲ့ ခေတ်ကြီးမှာ စိတ်လှူပ်ရှား တင်းကြပ်မှူတွေကို သက်သာစေနိုင်တဲ့နည်းက ယောဂလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ယောဂဟာ စိတ်နဲ့ကိုယ်ခန္ဓာ လှူပ်ရှားမှူကို ပူးပေါင်းပြီး လေ့ကျင့်တဲ့ လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ ဒီထဲမှာ အသက်ရှုမှူ ထိန်းချုပ်ခြင်းနဲ့အနားယူဖြေလျော့နည်းတွေပါ ပါဝင်လို့စိတ်ကျန်းမာရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ကျေးဇူးတွေ ရှိပါတယ်။

(၃) ကိုယ်အလေးချိန် ကျစေတယ်


Photo : HiConsumption

ယောဂဟာ ကိုယ်အလေးချိန်ကျဆင်းစေဖို့အားပေးပါတယ်။ ယောဂကစားတာကြောင့် ကော်တစ်ဆိုး Level နိမ့်ပါးစေပြီး ဝမ်းဗိုက်မှာအဆီစုဝေးမှု လျော့ပါးစေပါတယ်။

(၄) လိင်မှူရေးရာ တိုးတက်စေတယ်


Photo : Nike

ယောဂပုံမှန်ကစားတဲ့ အမျိုးသားတွေဟာ လစ်ဘီဒိုဓါတ် ပိုမိုတိုးပွားပြီး လိင်စွမ်းဆောင်ရည်ပါ မြင့်မားလာပါတယ်။ ယောဂကစားတာကြောင့် သက်လုံးနဲ့စွမ်းဆောင်ရည် ပိုကောင်းစေတယ်ဆိုတာကို ၂၀၁၀ ခုနှစ်က လိင်မှူဆေးပညာဂျာနယ်ကနေ လုပ်ထားတဲ့ သုတေသနက အတည်ပြုထားပါတယ်။

(၅) ညဘက်ပိုပြီး အိပ်လို့ကောင်းစေတယ်


Photo : Natural Force

အမျိုးသား အိပ်စက်မှူအဖွဲ့အစည်းရဲ့ လေ့လာမှူအရ Insomnia ရှိသူတွေ ယောဂကစားမယ်ဆိုရင် ညဘက်ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို မြန်မြန်ဆန်ဆန် အိပ်ပျော်စေနိုင်တယ်လို့လည်း ဆိုပါတယ်။ အိပ်ရေးဝလာတာကြောင့် နှလုံးနဲ့သွေးတိုးလိုမျိုး ရောဂါဆိုးတွေ အဖြစ်နည်းလာစေနိုင်ပါတယ်။

Featured Photo : HiConsumption