အရေးကြီး ပွဲတစ်ခုခု တက်စရာ ရှိတာကြောင့် ခန္ဓာကိုယ်ကို ကြည့်ကောင်းအောင် ထရိန်းချင်ပါသလား။ ဥပမာ ဆိုကြပါစို့၊ ရည်းစားဟောင်းက သူ့မင်္ဂလာပွဲကို ဖိတ်လို့ ကွီးတို့က ရှိုးစမိုး အပြည့်နဲ့ ပွဲတက်ရမယ်၊ ဒါပေမဲ့ ဗိုက်ကြီးက ဝဝဖောင်းဖောင်းကြီး ဖြစ်နေလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ရက် ၃၀ ပလန်ကို အသုံးချကြည့်လိုက်ပါ။

ကွီးတို့ရဲ့ ခန္ဓာကိုယ်က ရက် ၃၀ ကြာတဲ့နောက်မှာ အပြောင်းလဲကြီး ပြောင်းလဲသွားတာကို မြင်တွေ့ရပါလိမ့်မယ်။​

ဘယ်လို ပလန်မျိုးနဲ့ ဝိတ်ချရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ပါ။

Week 1 ကနေ Week 2 အထိ ဆော့ကစားရမယ့် ပလန်

man workout

ပထမရက်သတ္တပတ်ရဲ့ ပထမဦးဆုံး ရက်မှာတော့ ခန္ဓာကိုယ် အပေါ်ပိုင်းအတွက် လေ့ကျင့်ခန်းများကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဒုတိယရက်မှာတော့ Cardio လေ့ကျင့်ခန်းချည်းပဲ ၁ နာရီ ပြုလုပ်ရပါမယ်။

တတိယ ရက်မှာတော့ ခန္ဓာကိုယ် အောက်ပိုင်း လေ့ကျင့်ခန်းများကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။​

စတုတ္ထရက်မှာတော့ Cardio လေ့ကျင့်ခန်းချည်းပဲ ၁ နာရီ ပြုလုပ်ရပါမယ်။

ငါးရက်မြောက်နေ့မှာတော့ ဝမ်းဗိုက်ကြွက်သားများအတွက် ဆော့ကစားပေးရပါမယ်။

ခြောက်ရက်မြောက် နေ့မှာတော့ Cardio လေ့ကျင့်ခန်းချည်းပဲ ၁ နာရီ ပြုလုပ်ရပါမယ်။

နောက်ဆုံး ခုနစ်ရက်မြောက် နေ့မှာတော့ တစ်ရက် ပြည့်ပြည့် ဝဝ အနားယူလိုက်ပါ။

ဒီပလန်ကတော့ ပထမပတ်ကနေ ငါးပတ်မြောက် အပတ်အထိ တစ်ထပ်တည်း ဆော့ကစားသွားရမယ့် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။

ရက် ၃၀​ အတွင်း ရှယ်ပလန်နဲ့ ဝိတ်အမြန်ကျအောင် ပြုလုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် တစ်စိုက်မတ်မတ်နဲ့ မဆုတ်မနစ် လေ့ကျင့်ခန်း ပြုလုပ်ဖို့တော့ လိုအပ်ပါတယ်။ ပြီးတဲ့အခါမှာလည်း အစားအသောက် စားသောက်တဲ့ စနစ်ကိုလည်း ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။

မနက်ပိုင်းအတွက် မနက်စာ စားမယ်ဆိုရင်

man eating

ကြက်ဥ ၂ လုံး

ကြက်ဆင်သား ၂ ပြား

ပေါင်မုန့် မီးကင် ၁ ချပ် ကို စားသုံးရမှာပဲ ဖြစ်ပါတယ်။

နေ့လည် စာအတွက် စားသုံးမယ်ဆိုရင်

ရက် ၃၀

၆ အောင်စ အလေးချိန်ရှိတဲ့ ကြက်ရင်အုံသား တစ်တုံး

ဆလပ်ရွက် ပန်းကန်လုံး ၂ လုံးစာ

ဟင်းနုနွယ်ရွက် ပန်းကန်လုံး ၁ လုံးစာ

သကြား အနည်းငယ် အစရှိသည်တို့ကို ရောနှောကာ စိတ်ကြိုက် စားသုံဂနိုင်ပါတယ်။

ညနေစာကိုတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပေါ့ပေါ့ပါးပါး သွားရေစာမုန့်မျိုးကို စားသုံးနိုင်ပါတယ်။

ညစာအတွက် စားသုံးမယ်ဆိုရင်တော့

ရက် ၃၀

ပရိုတင်း ကြွယ်ဝတဲ့ အစားအစာ ၆ အောင်စခန့်

ထမင်း ပန်းကန်လုံး တစ်လုံးစာ

ပန်းပွင့်စိမ်း ပန်းကန်လုံး တစ်လုံးစာ

ပဲ အနည်းငယ် အစရှိသည်တို့ကို စားသုံးနိုင်ပါတယ်။​

ဘယ်လိုလဲ။ ဒီပလန်နဲ့ ဝိတ်ချဖို့ ရယ်ဒီပဲလား။

Source: Strivecompetitions

Featured Image: Freepik