ရင်အုပ်ကြွက်သားတွေ တောင့်တင်းသန်မာ ပြီး တောင့်တောင့်ဖြောင့်ဖြောင့် ဘော်ဒီမျိုးက ယောကျာ်းလေး တစ်ယောက်အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိစေရုံမက ဆန့်ကျင့်ဘက် အမျိုးသမီးတွေအပေါ်မှာလည်း ဆွဲဆောင်မှု ရှိစေပါတယ်။ ဒီလိုဘော်ဒီမျိုးရဖို့ဆို ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းတွေကိုတော့ သေချာအချိန်ပေးပြီး တစိုက်မတ်မတ် လုပ်သွားဖို့လိုမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ရှော်တီလေးတွေ မှေးစက်ချင်စရာ တောင့်တင်းသန်မာတဲ့ ရင်ခွင်တစ်စုံပိုင်ရှင်ဖြစ်ဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတချို့ကို မျှဝေပေးပါမယ်။
(၁) Barbell Bench Press

Photo : Men’s Journal
Pushup လို့ခေါ်တဲ့ ဒိုက်ထိုးလေ့ကျင့်ခန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ပြီဆိုတာနဲ့ ဒီ Upper-Body လေ့ကျင့်ခန်းအတွက် အဆင့်သင့်ဖြစ်ပါပြီ။ Barbell Bench Press လေ့ကျင့်ခန်းက ရင်အုပ်ကြွက်သားတွေကို တောင့်တင်းသန်မာ စေရုံမက Lats ၊ Glutes ၊ Core နဲ့ Triceps Muscles တွေကိုပါ ထိတဲ့အပြင် ခြေထောက်တွေကိုလည်း ဖိအားသက်ရောက်စေပါတယ်။ Upper-Body တစ်ခုလုံးကို အထိရောက်ဆုံး ကစားချင်တယ်ဆိုရင် Barbell Bench Press လေ့ကျင့်ခန်းက အကောင်းဆုံးပါပဲ။
(၂) Medicine Ball Chest Throw

Photo : Men’s Journal
ဝိတ်ပါတဲ့ Medicine Ball တွေက စွယ်စုံရ လေ့ကျင့်ခန်းသုံး ကိရိယာတစ်ခုပါ။ Medicine Ball တစ်လုံးရှိရုံနဲ့ မတူညီတဲ့ လေ့ကျင့်ခန်းနည်းများစွာကို ဆော့ကစားလို့ရပြီး ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုနဲ့ ခွန်အားကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ Medicine Ball Chest Throw လေ့ကျင့်ခန်းက ရင်ဘတ်နဲ့ လက်မောင်းကြွက်သားတွေကို အဓိကအသုံးပြုပြီး ကစားရတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက Upper-Body တစ်ခုလုံးကို တောင့်တင်းသန်မာ လာစေရုံမက ဝမ်းဗိုက်ကြွက်သားတွေကိုပါ ထိရောက်မှုရှိပါတယ်။
(၃) Cable Crossover
Photo : Men’s Journal
ရင်အုပ်ကြွက်သားတွေ တောင့်တင်းသန်မာ ဖို့အဓိက ပစ်မှတ်ထားကစားချင်သူတွေ အနေနဲ့ကတော့ Cable Crossover လေ့ကျင့်ခန်းကို မဖြစ်မနေလုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းက ရင်ဘတ် ၊ လက်မောင်းနဲ့ ပခုံးကြွက်သားတွေကို ထိရောက်မှု ရှိစေပါတယ်။ Cable Crossover လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝိတ်ကို တဖြည်းဖြည်းချင်းတိုးပြီး ကစားသွားတာက ကြွက်သားတွေ ကြီးထွားသန်မာလာစေဖို့ ပိုမိုအထောက်အကူ ပြုပါတယ်။
(၄) Dumbbell Floor Press

Photo : Men’s Journal
Dumbbell Floor Press လေ့ကျင့်ခန်းကတော့ Chest ၊ Core ၊ Triceps နဲ့ Shoulder Muscles တွေကို တောင့်တင်းသန်မာ ဖို့နဲ့ တည်ငြိမ်အောင် ပစ်မှတ်ထားဆော့ကစားရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Dumbbell ကိုအပေါ်သို့ တွန်းတင်ရာမှာ ရင်အုပ်ကြွက်သား ၊ လက်မောင်းနဲ့ ပခုံးအနောက်ဘက် ကြွက်သားတွေအပေါ် ထိတာကို သိသိသာသာ ခံစားရပါလိမ့်မယ်။ ကစားရတာ လွယ်ကူစေဖို့ စဆော့ချိန်မှာ ပေါ့ပါးတဲ့ Dumbbell အလေးတုံးတွေနဲ့ စတင်ပါ။
အခုပြောပြပေးခဲ့တဲ့ လေ့ကျင့်ခန်းတွေကို ကွီးတို့ ပုံမှန်လုပ်သွားမယ်ဆိုရင်တော့ ရှော်တီလေးတွေ မှေးစက်ချင်စရာ တောင့်တင်းသန်မာတဲ့ ရင်ခွင်တစ်စုံပိုင်ရှင် ဖြစ်လာမှာ အနှေးနဲ့အမြန်ပါပဲ။
Featured Photo : VistaCreate

