ပိုကြီး ၊ ပိုကျယ်တဲ့ ရင်အုပ် ကြွက်သားတွေ ရဖို့ လေ့ကျင့်ခန်းနည်းတွေ ရှာနေပါသလား ? Dumbbells တစ်စုံနဲ့ ကွီးတို့ရဲ့ ရင်အုပ်မာဆယ်တွေကို ရှယ်ကိတ်ရှယ်မိုက်ဖို့  ထိရောက်မှုရှိရှိ ကစားလို့ ရနိုင်ပါတယ်။ အခုပြောပြမယ့် လေ့ကျင့်ခန်းအများစုကတော့ ဘာမှ ခက်ခက်ခဲခဲ မပါပဲ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ကဲဒါဆို လေ့ကျင့်ခန်းနည်းတွေကို ဆက်ကြည့်လိုက်ရအောင်ပါ။

(၁) Dumbbell Incline Bench Press

Source : PureGym

Dumbbell Incline Bench Press လေ့ကျင့်ခန်းက ရင်အုပ် Muscles တွေကို အဓိက ပစ်မှတ်ထားပါတယ်။ ဒါတင်မကသေးပါဘူး Pectorals ၊ Triceps နဲ့ Deltoids ကြွက်သားတွေကိုပါ ထိရောက်မှု ရှိစေပါတယ်။ Incline Bench နဲ့ ကစားရတာ ဖြစ်တဲ့အတွက် Upper Chest နဲ့ Deltoids ကြွက်သားတွေကို ပိုပြီး ကျစ်လစ်သန်မာလာစေဖို့ ကူညီပေးနိုင်ပါတယ်။ ၁၀ ကြိမ် , ၄ ကျော့ ကစားပါ။

(၂) Dumbbell Chest Fly

Source : PureGym

Dumbbell Chest Fly လေ့ကျင့်ခန်းကတော့ Pectorals ကြွက်သားတွေကို ပစ်မှတ်ထားပြီး ခန္ဓာကိုယ်ရဲ့ တည်ငြိမ်မှုကို တိုးစေကာ Triceps နဲ့ Biceps မာဆယ်တွေကိုပါ ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ ၁၀ ကြိမ် , ၄ ကျော့ ကစားပါ။

(၃) Dumbbell Pullover

Source : OPEX Fitness

Dumbbell Pullover ကတော့ ရင်အုပ် ကြွက်သားတွေရဲ့ ကျစ်လစ်သန်မာမှုကို တိုးစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး Lats ၊ Teres Major ၊ Triceps နဲ့ Posterior Deltoids ကြွက်သား အစိတ်အပိုင်းတွေကိုပါ တစ်ပြိုင်နက်တည်းမှာ ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ ၁၀ ကြိမ် , ၄ ကျော့ ကစားပါ။

(၄) Dumbbell Crush Press

Source : OPEX Fitness

Dumbbell Crush Press လေ့ကျင့်ခန်းကတော့ ရင်အုပ် နဲ့ Triceps ကြွက်သားတွေကို တည်ဆောက်ဖို့ ကစားသင့်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Pectoral Muscles တွေကို Dumbbell ရဲ့အလေးချိန်နဲ့ ဖိ,ညှစ်ပြီး ကစားရတာ ဖြစ်တဲ့အတွက် ရင်အုပ်မာဆယ်တွေအပေါ် ရှယ်ထိရောက်မှု ရှိစေပါတယ်။ ၁၀ ကြိမ် , ၄ ကျော့ ကစားပါ။

ရင်အုပ် မာဆယ်တွေ ကျစ်လစ်သန်မာပြီး ပိုကြီးပိုကိတ်လာဖို့ Dumbbells လေ့ကျင့်ခန်းတွေအပြင် Bodyweight ကိုပဲ သုံးရတဲ့ Push Up လို့ခေါ်တဲ့ ဒိုက်ထိုး လေ့ကျင့်ခန်းတွေကိုလည်း ကစားပေးနိုင်ပါတယ်။

Featured Photo : Men’s Health