ညက ကစားသွားတဲ့ ရီးယဲလ် မက်ဒရစ် အသင်း နဲ့ မန်ချက်စတာ စီးတီး အသင်းတိုပွဲကတော့ တကယ်ကို အိပ်ရေးပျက်ရကျိုး နပ်စေခဲ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်စေခဲ့ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တချိုကသာ ပွဲရလဒ်ကို အနည်းငယ်လေး အနှောင့်အယှက် ဖြစ်စေတာကလွဲရင်တော့ ပွဲက အလွန်ကို ကြည့်ကောင်းခဲ့ပါတယ်။

Vinicius Jr.

Photo Credit : Goal

တစ်ဖက်ကို တစ်ဂိုးစီ သရေနဲ့ အဆုံးသတ်ခဲ့တဲ့ ဒီပွဲမှာ ပြောစရာ အချက်တွေကတော့ အများကြီးပါပဲ။ ပွဲရဲ့ ပထမပိုင်း ပွဲချိန်အများစုမှာတော့ ဧည့်သည် စီးတီး အသင်းက ဘောလုံးရတာနဲ့ လျင်လျင်မြန်မြန် တိုက်စစ်ဆင်ပြီး ရီးယဲလ်ကို ဖိအားပေးခဲ့တယ်။ ရီးယဲလ် ကတော့ အခွင့်အရေးတွေ စောင့်ပြီး စီးတီးကို ပြန်တိုက်ဖို ချောင်းနေခဲ့တယ်။ 1 chance 1 goal ကိုတော့ အိမ်ရှင်အသင်းက စွမ်းဆောင်နိုင်ခဲ့ပြီး ကာမာဗင်ဂါရဲ့ ဖန်တီးမှုကတစ်ဆင့် ဗင်နီစီယပ်စ်ရဲ့ ကောင်းမွန်လှတဲ့ ကန်ချက်နဲ့ ဂိုး စတင် ရရှိခဲ့ပါတယ်။

de bruyne

Photo Credit : Sporting News

ပထမပိုင်း ပွဲချိန်အတွင်းမှာ စီးတီး က ဘောလုံးပိုင်ဆိုင်မှု ထိုးဖောက်နိုင်မှုတွေ အားလုံး အသာရခဲ့ပေမယ့် ရီးယဲလ်က အခွင့်အရေး တစ်ကြိမ်နဲ့တင် ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ရီးယဲလ်က ပိုကောင်းတဲ့ အသင်း ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် တဒိုင်းဒိုင်း ကန်သွင်းနေတဲ့ ဒဘရိုင်းနားရဲ့ rocket ကန်ချက်ကိုတော့ ကော်တိုအာ ကာကွယ်နိုင်ခြင်း မရှိခဲ့ပဲ ချေပဂိုးအဖြစ် ခွင့်ပြုပေးခဲ့ရတယ်။ ဒီပွဲမှာ ထူးခြားတာက ဧည့်သည် စီးတီးဖြစ်ပြီး ပွဲထွက် ကစားသမား (၁၁)ဦးလုံးကို ပွဲချိန်ပြည့် သုံးစွဲခဲ့ပြီး ရီးယဲလ် ကတော့ ကွင်းလယ်ပိုင်း ကစားသမား အပြောင်းအလဲ လုပ်ဆောင်မှုက ပွဲပြီးခါနီးမှ ပြောင်းလဲခဲ့တာမို့ ထိရောက်မှု သိပ်မရှိခဲ့သလို ဖြစ်ခဲ့ရပါတယ်။

VAR

Photo Credit : ESPN’s Twitter

ဒီပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက နှစ်ဖက်အသင်း ပရိသတ်တွေအတွက် ကျေနပ်စရာ အနေအထားမှာ မရှိခဲ့သလို စီးတီး ရဲ့ ချေပဂိုးကို build up လုပ်ချိန်မှာ ဘာနာဒို ဆေးလ်ဗားက ဘောလုံးကို ဂိုးစည်းကျော်ပြီး ရယူခဲ့တယ်ဆိုကာ ရီးယဲလ် နည်းပြကြီး အန်ဆလော့တီ စောဒကတတ်ခဲ့လို့ အဝါကတ်ပါ ပြသခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း သရေရလဒ်က နှစ်သင်းလုံးအတွက် မျှတတဲ့ ရလဒ်ဖြစ်ပြီး ဘယ်အသင်း ဖိုင်နယ်တတ်ခွင့်ရမလဲ ဆိုတာကိုတော့ အယ်တီဟတ်မှာ အဖြေရှာရတော့မှာပဲ ဖြစ်ပါတယ်။

Featured Photo : Youtube