မနေ့ညက ကစားသွားခဲ့တဲ့ ဆော်ဒီ အမှတ်ပေးလိဂ်ပွဲစဉ်အတွင်း ပေါ်တူဂီ စူပါစတား GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို ရဲ့ Al-Nassr အသင်းနဲ့ Al-Ittihad အသင်းတို့ ရင်ဆိုင်ကစားခဲ့ရချိန်မှာ အိမ်ရှင် Al-Ittihadအသင်းက အနိုင်ယူခဲ့ပြီး ရော်နယ်လ်ဒိုအတွက် ပထမဆုံးသော လိဂ်ရှုံးပွဲကို ကြုံတွေ့သွားစေခဲ့ပါတယ်။
Ronaldo storms off after first Al Nassr league defeat

Photo Credit : ESPN

ရော်နယ်လ်ဒိုဟာ မန်ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ပြီး ဆော်ဒီကလပ် Al-Nassr အသင်းနဲ့ လက်တွဲခဲ့ချိန် Al-Nassr နဲ့ Al-Ettifaq အသင်းတို့ ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ အဲ့ဒီပွဲစဉ် ပြီးတာနဲ့ Saudi Super Cup ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် Al-Ittihad အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး (3-1)နဲ့ အရှုံးပေးခဲ့ရင်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Cristiano

Photo Credit : Sports Illustrated

ရော်နယ်လ်ဒိုရဲ့ Al-Nasrr အသင်းဟာ အဲ့ဒီ ရှုံးပွဲနောက်ပိုင်း အမှတ်ပေးပွဲစဉ်တွေအတွင်းမှာ ဆက်တိုက် ရလဒ်တွေ ကောင်းမွန်ခဲ့ပြီး ရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း Al-Nasrr အတွက် သွင်းဂိုးတွေ စတင် သွင်းယူလာနိုင်ခဲ့သလို တစ်ပွဲတည်း (၄)ဂိုး တစ်ပွဲတည်း (၃)ဂိုးတွေအထိ ဆက်တိုက် သွင်းယူပေးလာနိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒို အနေနဲ့ Al-Nassr အတွက် စုစုပေါင်း (၈)ဂိုး သွင်းယူနိုင်ပြီး (၂)ဂိုးဖန်တီးပေးထားနိုင်တဲ့အထိ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို ဖေဖော်ဝါရီလရဲ့ ဆော်ဒီလိဂ် အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ronaldo

Photo Credit : Goal’s Twitter

ဒီလို အကောင်းဆုံး form တစ်ခု ရရှိနေတဲ့ ရော်နယ်လ်ဒိုနဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတဲ့ Al-Nassr ကို Al-Ittihad အသင်းကပဲ ထပ်မံ ရပ်တန့်ပစ်လာ ပြန်ပါတယ်။ ဆော်ဒီလိဂ် ပွဲစဉ်(၂၀)အဖြစ် Al-Ittihad နဲ့ Al-Nassr တို့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်လ်ဒိုရဲ့ Al-Nassr အသင်းကို ထပ်မံ အနိုင်ယူခဲ့တဲ့အပြင် ဇယားထိပ်ဆုံးကနေ ဖယ်ရှားခဲ့ပြီး ရမှတ် တစ်မှတ်အသာနဲ့ ဇယားထိပ်ကိုပါ တတ်လှမ်းသွားခဲ့ပါတယ်။ ဒါဟာ ရော်နယ်လ်ဒို အတွက်ရော Al-Nassr အသင်းအတွက်ပါ အထိနာစေခဲ့ရပြီး လက်ကျန် အမှတ်ပေးပွဲတွေအတွင်း ရလဒ်ကောင်းတွေ ဆက်တိုက် ရယူသွားဖို့ပါ လိုအပ်လာခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ရော်နယ်လ်ဒိုက ဒေါသပုန် ထခဲ့ရပြီး ဒါဟာလည်း သူ့အတွက်တော့ ပထမဆုံး လိဂ်ရှုံးပွဲ ဖြစ်သွားစေခဲ့ရပါတယ်။

Featured Photo : Bleacher Report’s Twitte