ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ သူရဲ့မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီနဲ့ ဆုဖလား အောင်မြင်မှုတွေ တစ်ဦးချင်း အောင်မြင်မှုတွေကိုသာ ပြိုင်ဆိုင်ကြတာတင် မဟုတ်ပဲ စံချိန်မှတ်တမ်းတွေပါ အပြိုင်ရယူနေတတ်တဲ့ GOAT တွေလည်း ဖြစ်ပါတယ်။ အခုလည်း ရော်နယ်လ်ဒိုဟာ ဆော်ဒီ အမှတ်ပေးလိဂ်မှာ စံချိန်သစ်တစ်ခုကို ထပ်မံ ပိုင်ဆိုင်သွားခဲ့ရပြန်ပါတယ်။

Cristiano

Photo Credit : Twitter

ဆော်ဒီကလပ် Al-Nassr အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ GOAT ကြီး ရော်နယ်လ်ဒို ဟာ ဥရောပ ဘောလုံးဇာတ်ခုံပေါ်ကနေ အာရှမြေဆီ ရောက်ရှိသွားခဲ့ရပေမဲ့ သူရဲ့ အောင်မြင်မှုတွေ ကျော်ကြားမှုတွေက လုံးဝကို မှေးမှိန်သွားခြင်း မရှိပဲ ဆက်လက် တောက်ပနေဆဲသာ ဖြစ်ပါတယ်။ ဆော်ဒီလိဂ်ဆီ ရောက်ရှိတုန်းက ပွဲအစ (၂)ပွဲမှာ ဂိုးပေါက် ပျောက်ဆုံးခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အခုဆိုရင် (၄)ပွဲဆက်တိုက်အထိ သွင်းဂိုး ပါဝင်ပတ်သက်မှု (၁၀)ဂိုးအထိပင် ရှိလာခဲ့ရပြီပဲ ဖြစ်ပါတယ်။

cronaldo

Photo Credit : Twitter

Al-Fateh နဲ့ ပွဲစဉ်ကနေ စတင်ပြီး Al-Nassr အသင်းအတွက် ဂိုး စတင် သွင်းယူလာနိုင်ခဲ့သူ ရော်နယ်လ်ဒို ဟာ နောက်တစ်ပွဲမှာ တစ်ပွဲတည်း (၄)ဂိုး နောက်တစ်ပွဲမှာ ဂိုးမသွင်းပေမဲ့ ဂိုးဖန်တီးမှု (၂)ကြိမ် လုပ်ဆောင်ခဲ့သလို အခု Damac အသင်းနဲ့ ပွဲစဉ်မှာလည်းပဲ ဒုတိယမြောက် ဟက်ထရစ်ကို ထပ်မံ သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ ဟက်ထရစ် သွင်းယူနိုင်ခဲ့သူ ရော်နယ်လ်ဒိုဟာ ဆော်ဒီ အမှတ်ပေးလိဂ်မှာ (၄၅)မိနစ်တာအတွင်း ပထမဆုံးသော ဟက်ထရစ် သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပြီး စံချိန်ကောင်းတစ်ခုကိုပါ ထပ်မံ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

ronaldo

Photo Credit : Twitter

အခုဆိုရင်တော့ ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ ဆော်ဒီလိဂ် ပွဲစဉ် (၅)ပွဲအတွင်း သွင်းဂိုး (၈)ဂိုးသွင်း ဂိုးဖန်တီးမှု (၂)ကြိမ် ဂိုးပါဝင်ပတ်သတ်မှု (၁၀)ဂိုးနဲ့ Man Of The Match (MOTM) (၃)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့ရပြီး မကြာခင်မှာပဲ ဒီရာသီ ဆော်ဒီလိဂ်ပြိုင်ပွဲအတွင်း ဂိုးအများဆုံး သွင်းယူထားတဲ့ သူ့အသင်းဖော် တာလီစကာကိုပါ ကျော်ဖြတ်သွားနိုင်ဖွယ်လည်း ရှိနေပါတယ်။

Featured Photo : Twitteer