ကွီးတို့ရဲ့ ရှော်တီ လေးက ကွီးတို့ ခန္ဓာကိုယ်က စည်ပိုင်းကြီးလို ဝ ဝ ဖိုင့်ဖိုင့် ဖြစ်နေလည်း ချစ်မှာပါ ဆိုတဲ့ ယုံတမ်း ပုံပြင်ကို တကယ်ကြီး အဟုတ်မှတ်ပြီး ယုံနေတာလား။ ဒါဆိုရင်တော့ ကွီးတို့လောက် မိုက်မဲတဲ့သူ ကမ္ဘာပေါ်မှာ ရှိမှာတောင် မဟုတ်တော့ပါဘူး။

ရှော်တီ လေးရဲ့ မုသားစကားကို ယုံနေမယ့်အစား ကွီးတို့ရဲ့ ဝ ဝ ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို ဝိတ်ချဖို့ ကြိုးစားလိုက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ကျန်းမာရေးအတွက်လည်းကောင်းမှာဖြစ်သလို ကွီးတို့ရဲ့ ရူပါကလည်း အပီလန်းသွားမှာ အမှန်ပါပဲ။

ကွီးတို့ကို ဝိတ်ကျဖို့ ကူညီပေးမယ့် လေ့ကျင့်ခန်းတွေကလည်း မခက်ပါဘူး။

လေ့ကျင့်ခန်း (၁)

exercise

ပထမဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းအကတော့ Burpees လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အကြိမ် ၁၀၀ ကို နည်းမှန် လမ်းမှန်နဲ့ ပြုလုပ်ရမှာဖြစ်ပါတယ်။ မြန်နိုင်သလောက် မြန်မြန်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

exercise

ဒီလေ့ကျင့်ခန်းလေး ပြုလုပ်ဖို့အတွက် ခုံ (သို့) သေတ္တာအကြီးတစ်လုံး လိုအပ်ပါလိမ့်မယ်။ ထိုသေတ္တာပေါ်သို့ ခုန်တက်လိုက် ပြန်ဆင်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးလိုက်ပါ။ စုစုပေါင်း စက္ကန့် ၄၀ ၊ ၄ ကျော့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ ခန္ဓာကိုယ်ထဲက ကယ်လိုရီများထဲက ကယ်လိုရီ ၃၆၀ ခန့်ကို လျော့ချပေးမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ရှော်တီ ဝ

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းရှိ အဆီပိုနှင့် ပေါင်အတွင်းရှိ အဆီပိုများကို ဖယ်ရှားပေးမှာပဲ ဖြစ်ပါတယ်။ ကွီးတို့က အခုမှ စလုပ်မယ့် Beginner သမားဆိုရင်တော့ အကြိမ် ၅၀ ပြုလုပ်ပါ။ အနည်းငယ် ကျွမ်းကျင်လာပါက အကြိမ် ၁၀၀ ပြုလုပ်ပါ။ အကျွမ်းကျင်ဆုံး ဖြစ်လာပါက အနည်းဆုံး အကြိမ် ၂၅၀ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၅ ကျော့ ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ရှော်တီ ဝ

ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာတော့ အလေးတုံးရဲ့ အကူအညီ ရယူရပါလိမ့်မယ်။ ပုံပါအတိုင်း ပြုလုပ်ပါ။ ၁၄ ကြိမ် ၅ ကျော့စီ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

ရှော်တီ ဝ

ပုံပါ အနေအထားအတိုင်း အသင့်ပြင်ထားပါ။ လက်နှစ်ဖက်က အလေးတုံး ကိုင်ထားပါ။ ထို့နောက် ညာဒူးကို ဆန့်တန်းပြီး မတ်တပ်ရပ်လိုက်ပါ။ ထို့နောက် ဒူးပြန်ကွေးပါ။ ၁၅ ကြိမ်ပြည့်သွားပါက ခြေထောက်ကို ဘက်ပြောင်းကာ ထိုလေ့ကျင့်ခန်းအတိုင်း ဆက်လုပ်ပါ။

လေ့ကျင့်ခန်း (၆)

ရှော်တီ ဝ

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ပုံပါအတိုင်း ခြေထောက်နှစ်ချောင်းက ကပ်ကြေးပုံသဏ္ဍာန် တစ်လှည့်စီ လွှဲရပါမယ်။ ၁၂ ကြိမ်၊ ၃ ခါ ပြုလုပ်ရပါမယ်။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို နေ့စဥ်မှန်မှန် ပြုလုပ်ပေးမယ်ဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ်က ကြည့်ကောင်းပြီး ရူပါကလည်း လန်းနေမှာ အသေအချာပါပဲ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီ လေးကလည်း ကွီးတို့ “ ဝ လည်း ချစ်တယ်” ဆိုတဲ့ စကားကို လိမ်ညာကာ ပြောနေစရာ မလိုတော့ပါဘူး။

Source: Menshealth

Featured Image: Mensjournal