မဟာပြိုင်ဘက် မန်ယူနိုက်တက်အသင်းကို (၇)ဂိုးအပြတ်ထိ ဂိုးအပြတ်အသတ် သွင်းယူပြီး အကြီးမားဆုံးသော နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ရတဲ့ လီဗာပူးလ် အသင်းဟာ မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အမှတ်ပေးဇယား အောက်ခြေက ဘုန်းမောက်အသင်းကို အံ့အားသင့်စဖွယ် တစ်ဂိုးနဲ့ ကပ်အရေးနိမ့်သွားခဲ့ ရပါတယ်။

liverpool loss

Photo Credit : Liverpool’s Twitter

မိုဟာမက်ဆာလာ+ဒါဝင်နူးနက်ဇ်+ကိုဒီဂက်ပိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အခါးသီးဆုံး ပြိုင်ဘက်ကို ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ်မှာပါ (၅)ပွဲဆက်တိုက် ရှုံးပွဲမရှိထားခဲ့တဲ့ လီဗာပူးလ် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ခြေကို ရောက်ရှိနေတဲ့ ဘုန်းမောက်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံရချိန်မှာ ဘုန်းမောက် ဂိုးသွင်းစက် ဘီလင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရှုံးပေးသွားခဲ့ရပါတယ်။

mo salah

Photo Credit : Bleacher Report’s Twitter

ဒီပွဲစဉ်မှာ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ပင်နယ်တီ ဧရိယာထဲမှာ ဘုန်းမောက် ကစားသမားတစ်ဦး လက်ထိသွားခဲ့တာကြောင့် ပင်နယ်တီ သတ်မှတ်ခံခဲ့ရာ ဒီပင်နယ်တီကို လီဗာပူးလ်ရဲ့ အဓိက ကစားသမား မိုဆာလာ အဆုံးသတ်ခဲ့ရင်း ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့တဲ့အတွက် ဂိုးရနိုင်မယ့် အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ရသလို ပွဲအပြီးမှာလည်း အမှတ်ပြည့် ဆုံးရှုံးခဲ့ရပါတယ်။ ဒီအဝေးကွင်း ရှုံးပွဲကြောင့် လီဗာပူးလ် အသင်းရဲ့ ဒီရာသီ အဝေးကွင်းရလဒ်တွေက စိတ်ပျက်စရာ အနေအထားမှာ ရှိနေရပြီး ၂၀၂၃ခုနှစ်ထဲမှာလည်း ပရီးမီးယားလိဂ် အဝေးကွင်း တစ်ပွဲတည်းကိုသာ အနိုင်ရထားခဲ့ပါတယ်။

klopp

Photo Credit : Twitter

ဒီလို အဝေးကွင်း ရလဒ်တွေ ဆိုးရွှားနေတဲ့ လီဗာပူးလ် အသင်းဟာ ဒီကြားရက်ထဲမှာလည်း ရီးယဲလ်မက်ဒရစ်အသင်းကို ဆန်တီယာဂိုဘာနေဗျူးကွင်းမှာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် သွားရောက် ဆင်နွဲရဖို့ ရှိနေသေးပြီး ပထမအကျော့ အန်ဖီးလ်မှာ (2-5) နဲ့ ရှုံးနိမ့်ထားတဲ့ ရလဒ်ကိုပါ ကျော်ဖြတ်သွားနိုင်အောင် လုပ်ဆောင်ဖို့လည်း ရှိနေတဲ့အချိန်မှာ အခုလို ဘုန်းမောက်ကို အဝေးကွင်း ပွဲစဉ်အတွင်း ရှုံးနိမ့်လိုက်ရတာက အသင်းရဲ့ mentality ပိုင်း confidence ပိုင်းတွေကို သက်ရောက်သွားစေနိုင်ပါတယ်။