ဒီနေ့ညမှာဆိုရင်တော့ဖြင့် ဘောဝါသနာအိုး ကွီးတို့ စောင့်ကြည့်သွားရမဲ့ ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်း တစ်ပွဲ ရှိနေပါတယ်။ ဒီပွဲကတော့ လီဗာပူးလ်ရဲ့ အန်ဖီးလ် ကွင်းမှာ ယှဉ်ပြိုင်ကြမဲ့ မနှစ်က ချန်ပီယံလိဂ် ဖိုင်နယ် မကျေပွဲ တနည်းအားဖြင့် လီဗာပူးလ် အသင်းနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ပဲ ဖြစ်ပါတယ်။

darwin nunez

Photo Credit : This is Anfield

လီဗာပူးလ် အသင်းက ဒီရာသီမှာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ ကျဆင်းနေရတယ် ဆိုပေမဲ့ ဒီနောက်ပိုင်း ကစားထားရတဲ့ အဲဗာတန် နယူးကာဆယ် ပွဲတွေမှာတော့ (၂)ပွဲလုံးကို အနိုင်ယူထားပါတယ်။ အဲ့ဒီနိုင်ပွဲတွေကြောင့်ပဲ လီဗာပူးလ် အသင်းသားတွေရဲ့ စိတ်ဓါတ်ပိုင်း ပြန်လည် ကောင်းမွန်လာနိုင်သလို ယုံကြည်မှုလည်း ရှိလာနိုင်ပါတယ်။ အခုပွဲစဉ်ကလည်း အန်ဖီးလ်မှာ ကစားရမဲ့ပွဲ ဖြစ်နေတာကြောင့်ပါ ရလဒ်ကောင်းတစ်ခု ယူဆောင်ထားဖို့ လိုအပ်နေပြီး ရေကုန်ရေခမ်း ကစားသွားဖို့လည်း ရှိနေပါတယ်။

real madrid

Photo Credit : Marca

ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ ရီးယဲလ် ကတော့ မာယော့ကို ရှုံးထားပြီး နောက်ပိုင်းကတည်းက ရလဒ်တွေ ဆက်တိုက် ကောင်းမွန်ထားပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်ထားခဲ့သလို လာလီဂါ (၂)ပွဲဆက်တိုက် clean sheets နိုင်ပွဲတွေ ရရှိခဲ့ပါတယ်။ ရီးယဲလ်ဟာ ဒီရာသီအတွင်းမှာ အားနည်းနေတာတွေ ရှိပေမဲ့လည်း လက်ရှိမှာက evolution process ကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး လီဗာပူးလ် လောက် အားနည်းနေတာမျိုး သိပ်ရှိမနေပဲ လာလီဂါဘက်မှာပဲ ဘာစီလိုနာအသင်းနဲ့ ရမှတ် ကွာနေရခြင်းသာ ရှိပါတယ်။

salah

Photo Credit : Irish Examier

ဒီအသင်း(၂)သင်းက ၂၀၁၈ခုနှစ်နဲ့ ၂၀၂၂ခုနှစ်တို့ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်တွေမှာ တွေ့ဆုံထားကြတာဖြစ်ပြီး အဲ့ဒီဖိုင်နယ်တွေမှာလည်း ရီးယဲလ်ကပဲ အနိုင်ယူ ဗိုလ်စွဲထားခဲ့ပါတယ်။ ဒီပွဲတွေက ကြားကွင်းတွေမှာ ကျင်းပခဲ့တာဖြစ်ပေမဲ့လည်း လီဗာပူးလ် တို့ အန်ဖီးလ်မှာ ရီးယဲလ်ကို နောက်ဆုံး အနိုင်ရခဲ့တာကလည်း ၂၀၀၉ခုနှစ်တုန်းက ဖြစ်နေလို့ ဒါက စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ လီဗာပူးလ်အနေနဲ့ ဒီရာသီအတွင်း မတည်ငြိမ်မှုတွေ ရှိထားခဲ့ပေမဲ့ အန်ဖီးလ်မှာ ကစားရတဲ့ ပွဲတိုင်းကိုတော့ ရလဒ်ကောင်းမွန်အောင် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် အိမ်ရှင် လီဗာပူးလ်က အန်ဖီးလ်မှာ ချန်ပီယံလိဂ် ဖိုင်နယ် ရှုံးကြွေးတွေကို ပြန်ဆပ်သွားနိုင်မလား ဒါမှမဟုတ် ဧည့်သည် ရီးယဲလ် ကပဲ ရလဒ်ကောင်းတွေ ထပ်မံ ပိုင်ဆိုင်သွားမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Featured Photo : The Sun