ဝမ်းဗိုက်က အဆီပိုတွေကို လျှော့ချချင်လို့ ဖြစ်ဖြစ် ၊ 6-Pack Abs ကြွက်သားတွေ ရချင်လို့ပဲ ဖြစ်ဖြစ် ဘယ်လိုလေ့ကျင်းခန်း ကိရိယာတွေနဲ့ ကစားရမလဲဆိုတာ သေချာမသိရင် ဒီဆောင်းပါးလေးကို အဆုံးအထိ ဖတ်ကြည့်လိုက်ပါ။ အခုပြောပြမယ့် ဝမ်းဗိုက်ကြွက်သား တောင့်တင်းသန်မာဖို့ အသုံးပြုနိုင်မယ့် လေ့ကျင့်ခန်း ကိရိယာ တွေရှိတယ်ဆိုရင်ပဲ ကွီးတို့အိမ်မှာ လွယ်လွယ်ကူကူ ကစားနိုင်မှာ ဖြစ်ပါတယ်။ ကဲဒါဆို ဝမ်းဗိုက်ကြွက်သားအတွက် လေ့ကျင့်ခန်း ပြုလုပ်ဖို့ ဘယ်လို ကိရိယာတွေ လိုအပ်မလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
(၁) Dumbbells

Photo : StyleCraze
ခန္ဓာကိုယ်ကြွက်သား တည်ဆောက်ဖို့အတွက် Dumbbells တွေက အရမ်းကို အသုံးဝင်တဲ့ လေ့ကျင့်ခန်းသုံး ကိရိယာ တစ်ခုပါ။ Dumbbells အလေးတုံးနဲ့ ဆော့ကစားနိုင်တဲ့ Ab Exercises တွေ အများကြီး ရှိပါတယ်။ အရင်ဆုံး ကိရိယာလွတ် Body Weight ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းတွေ ကစားပြီး လုံလောက်တဲ့ ကြံ့ခိုင်မှုရရှိအောင် လုပ်ပါ။ ပြီးမှ Dumbbells အလေးတုံးတွေနဲ့ ကစားတဲ့ အဆင့်ကို တက်ဖို့ အကြံပြုချင်ပါတယ်။
(၂) Ab Power Wheel

Photo : StyleCraze
Ab Power Wheel ကတော့ ဝမ်းဗိုက်တပြင်လုံးက ကြွက်သားတွေအတွက် ထိထိရောက်ရောက် ကစားနိုင်မယ့် ကိရိယာ တစ်ခုဖြစ်ပါတယ်။ ဈေးလည်းအရမ်းမကြီးပဲ အချိန်နေရာမရွေး ဆော့ကစားနိုင်ပြီး မည်သည့် ကြံ့ခိုင်မှုအဆင့်အတွက်မဆို သင့်လျော်တဲ့ လေ့ကျင့်ခန်းသုံး ကိရိယာဖြစ်ပါတယ်။ Ab Power Wheel ကို အသုံးပြုပြီး ဝမ်းဗိုက်ကြွက်သားနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေကို ကြံ့ခိုင်သန်မာလာအောင် ကစားလို့ရပါတယ်။
(၃) Resistance Bands

Photo : StyleCraze
Resistance Bands ကတော့ Crunches ၊ Sit-ups အပါအဝင် ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်း တော်တော်များများ အတွက် ကစားနိုင်မယ့် ကိရိယာ တစ်ခု ဖြစ်ပါတယ်။ ဒီကိရိယာက Ab ကြွက်သားတွေကို အားကောင်းစေပြီး ဝမ်းဗိုက်တဝိုက်က အဆီပိုတွေကိုလောင်ကျွမ်းစေဖို့လည်း ကူညီပေးပါတယ်။ Resistance Bands ကို အသုံးပြုပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းဖို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ဆော့ကစားနိုင်ပါတယ်။
(၄) Exercise/ Stability Ball

Photo : StyleCraze
လေ့ကျင့်ခန်းသုံး ဘောလုံးကတော့ စက်တွေနီးပါး ဝမ်းဗိုက်ကြွက်သား အတွက် ထိထိရောက်ရောက် ကစားနိုင်မယ့် ကိရိယာ တစ်ခု ဖြစ်ပါတယ်။ ဝမ်းဗိုက်အလယ်ဗဟိုမှာရှိတဲ့ ကြွက်သားတွေကို အဓိကကြံ့ခိုင်သန်မာလာစေမှာဖြစ်ပြီး ကိုယ်နေဟန်ထား တိုးတက်ကောင်းမွန်လာစေဖို့လည်း အထောက်အကူ ပြုပါတယ်။ Stability Ball ကိုအသုံးပြုပြီး Full Body လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်သလို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေ့စဉ်လေ့ကျင့်ခန်း လုပ်ဖြစ်စေဖို့ အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းသုံး ကိရိယာတစ်ခု ဖြစ်ပါတယ်။
(၅) Foam Roller

Photo : StyleCraze
Foam Roller ကတော့ ဝမ်းဗိုက်ကြွက်သားအတွက် စွယ်စုံရတဲ့ လေ့ကျင့်ခန်း ကိရိယာ တစ်ခုဖြစ်ပါတယ်။ မူလက ကြွက်သားတင်းမာမှုတွေကို ပြေလျော့သက်သာစေဖို့ Foam Roller တွေကို အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Strength-Training ကိရိယာအဖြစ် ပြောင်းလဲအသုံးပြုလာကြပါတယ်။ လက်မောင်း ၊ ပေါင်နဲ့ ဝမ်းဗိုက်တို့လို ခန္ဓာကိုယ်ရဲ့ အဓိကကြွက်သားတွေကို သန်မာစေဖို့ ကူညီပေးတဲ့ Total-Body Workout Tool တစ်ခုပဲ ဖြစ်ပါတယ်။
Featured Photo : Muscle & Fitness
